အချိန်ကြာမြင့်စွာ တီဗွီကြည့်ခြင်းကြောင့် ခံစားရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ
- 16 Sep, 2019
- ကျန်းမာသောနေထိုင်မှုပုံစံ
တီဗွီကြည့်ရတာကို ကျွန်တော်တို့ လူသားတွေအားလုံး ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် အချိန်ကြာမြင့်စွာ တီဗွီကြည့်ခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် တီဗွီအကြည့်များခြင်းကြောင့် ခံစားရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို Careme ပရိသတ်ကြီး သိရှိစေဖို့အတွက် အခုလိုဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
တီဗွီကြည့်ရတာကို
ကျွန်တော်တို့ လူသားတွေအားလုံး ကြိုက်နှစ်သက်ကြပါတယ်။ ဒါပေမယ့် အချိန်ကြာမြင့်စွာ တီဗွီကြည့်ခြင်းကြောင့်
ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် တီဗွီအကြည့်များခြင်းကြောင့်
ခံစားရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို Careme ပရိသတ်ကြီး သိရှိစေဖို့အတွက် အခုလိုဖော်ပြပေးလိုက်ရတာပဲ
ဖြစ်ပါတယ်။
- အဝလွန်ခြင်း
အချိန်ကြာမြင့်စွာ
တီဗွီကြည့်ခြင်းကြောင့် အဓိက ခံစားရစေနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးကတော့
အဝလွန်ခြင်းပဲ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ တစ်နေ့ကို ၂ နာရီခန့် နေ့စဉ်ပုံမှန်
တီဗွီကြည့်မယ်ဆိုရင် တီဗွီ ပုံမှန်မကြည့်သူတွေထက် ၂၃ ရာခိုင်နှုန်း ပိုမိုအဝလွန်စေမှာ
ဖြစ်ပါတယ်။
- ဆီးချိုအမျိုးအစား
၂ ဖြစ်ပွားစေခြင်း
တစ်နေ့ကို
၂ နာရီခန့် တီဗွီပုံမှန်ကြည့်ခြင်းကြောင့် ဆီးချိုအမျိုးအစား ၂ ကို ဖြစ်ပွားစေနိုင်သလို
နှလုံးရောဂါကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။
- အရွယ်မတိုင်ခင်
သေဆုံးခြင်း
ဒါ့အပြင်
လေ့လာတွေ့ရှိချက်တွေအရ တစ်နေ့ကို သုံးနာရီထက်မနည်း တီဗွီပုံမှန်ကြည့်ရှုခဲ့မယ်ဆိုရင်
အရွယ်မတိုင်ခင် သေဆုံးခြင်းကို ဖြစ်ပွားစေနိုင်တယ်လို့ သိရပါတယ်။
- သုက်ထုတ်လွှတ်မှု
နည်းပါးခြင်း
အမျိုးသားတွေ
အနေနဲ့လည်း တစ်ပတ်ကို နာရီ ၂၀ ခန့် တီဗွီပုံမှန်ကြည့်ရှုမယ်ဆိုရင် သုက်ထုတ်လွှတ်မှုကို
နည်းပါးစေမှာဖြစ်ပါတယ်။ ဒါကြောင့် အိမ်ထောင်ရှင် အမျိုးသားတွေ အနေနဲ့ ကလေးယူဖို့ စိတ်ကူးရှိမယ်ဆိုရင်
အချိန်ကြာမြင့်စွာ တီဗွီကြည့်ခြင်းကို တတ်နိုင်သလောက် လျှော့ချသင့်ပါတယ်။
- အိပ်ချိန်နည်းပါးစေခြင်း
ဇာတ်လမ်းကောင်းလေးတွေ
ကြည့်နေရမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ထမင်းမေ့ဟင်းမေ့ ကြည့်လေ့ရှိတဲ့အပြင် တစ်ခါတရံမှာ
အိပ်ချိန်တွေကိုပါ ထိခိုက်စေတဲ့အထိ တီဗွီကို အလွန်အကျွံကြည့်ရှုလေ့ ရှိကြပါတယ်။ ဒါကြောင့်
အိပ်ချိန်နည်းပါးသွားပြီး ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
- အူမကြီးကင်ဆာရောဂါဖြစ်ပွားစေခြင်း
ဒါ့အပြင်
အချိန်ကြာမြင့်စွာ တီဗွီကြည့်ခြင်းကြောင့် အသက် ၅၀ နှစ်အောက် လူပုဂ္ဂိုလ်တွေမှာ အူမကြီးကင်ဆာရောဂါကို
ဖြစ်ပွားစေနိုင်ပါတယ်။
REF: EverydayHealth
