မနက်စောစော လမ်းလျှောက်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ
- 16 Sep, 2019
- ကျန်းမာသောနေထိုင်မှုပုံစံ
ကျန်းမာရေးအတွက် အလွယ်တကူ လုပ်ဆောင်နိုင်တဲ့ ကိုယ်လက်လှုပ်ရှား အားကစားတွေထဲမှာ လမ်းလျှောက်ခြင်းကလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဒါ့အပြင် မနက်စောစော လမ်းလျှောက်ခြင်းက အခြားအချိန်တွေမှာ လမ်းလျှောက်ခြင်းထက် အကျိုးကျေးဇူးပေါင်းများစွာကို ရရှိနိုင်ပါတယ်။ ဒီတော့ မနက်စောစော လမ်းလျှောက်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်လိုက်ကြရအောင်။
ကျန်းမာရေးအတွက်
အလွယ်တကူ လုပ်ဆောင်နိုင်တဲ့ ကိုယ်လက်လှုပ်ရှား အားကစားတွေထဲမှာ လမ်းလျှောက်ခြင်းကလည်း
တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ဒါ့အပြင် မနက်စောစော လမ်းလျှောက်ခြင်းက အခြားအချိန်တွေမှာ
လမ်းလျှောက်ခြင်းထက် အကျိုးကျေးဇူးပေါင်းများစွာကို ရရှိနိုင်ပါတယ်။ ဒီတော့ မနက်စောစော
လမ်းလျှောက်ခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်လိုက်ကြရအောင်။
- ခန္ဓာကိုယ်စွမ်းအင်များကို
မြှင့်တင်ပေးခြင်း
မနက်စောစော
လမ်းလျှောက်ခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင်ပေးသွားမှာဖြစ်ပြီး
တစ်နေ့တာ လုပ်ငန်းစဉ်တွေကို ပင်ပန်းနွမ်းနယ်ခြင်း မရှိပဲ လုပ်ဆောင်သွားနိုင်မှာ ဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ မနက်ခင်းမှာ မိနစ် ၂၀ ခန့် လမ်းလျှောက်ပေးခြင်းကြောင့် တစ်နေ့တာလုံး
တက်ကြွလန်းဆန်းနေမှာ ဖြစ်တယ်လို့ သိရပါတယ်။
- ခန္ဓာကိုယ်အလေးချိန်ကို
လျှော့ချပေးခြင်း
မနက်စောစော
လမ်းလျှောက်ခြင်းကြောင့် ခန္ဓာကိုယ်အလေးချိန်ကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် တစ်နေ့ကို မိနစ် ၃၀ ခန့် လမ်းလျှောက်ပေးခြင်းဖြင့် ကယ်လိုရီ ၁၅၀ ခန့် လောင်ကျွမ်းစေမှာဖြစ်ပြီး
ခန္ဓာကိုယ်အလေးချိန် လျှော့ကျစေမယ့် အစားအစာတွေကိုသာ တွဲဖက်စားသုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်အလေးချိန်တွေ
သိသိသာသာ လျှော့ကျလာမှာ အသေအချာပါပဲ။
- ကျန်းမာရေးကိုကောင်းမွန်စေခြင်း
လမ်းလျှောက်ခြင်းကြောင့်
ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးသွားမှာဖြစ်ပြီး အလွယ်တကူ ဖျားနားခြင်းဝေဒနာ ခံစားရမှုကို
ကာကွယ်ပေးနိုင်မှာဖြစ်တဲ့အပြင် ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးပေါင်းများစွာကို ခံစားရရှိနိုင်မှာ
ဖြစ်ပါတယ်။
- ကြွက်သားတက်စေခြင်း
ဒါ့အပြင်
မနက်စောစော လမ်းလျှောက်ခြင်းကြောင့် ခြေထောက်ကြွက်သားများကိုလည်းတက်စေမှာ ဖြစ်ပါတယ်။
- စိတ်စွမ်းအားကိုမြှင့်တင်ပေးခြင်း
မနက်စောစော
လမ်းလျှောက်ခြင်းကြောင့် စိတ်စွမ်းအားကို မြှင့်တင်ပေးနိုင်မှာဖြစ်ပြီး တစ်နေ့တာ လုပ်ဆောင်ရမယ့်
လုပ်ငန်းဆောင်တာတွေကို အာရုံစူးစိုက်ပြီး လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မနက်စောစော
လမ်းလျှောက်ပေးခြင်းကြောင့် သက်ကြီးရွယ်အိုတွေ အနေနဲ့ မှတ်ဉာဏ်စွမ်းအင် ပိုမိုကောင်းမွန်လာမှာ
ဖြစ်ပါတယ်။
- အိပ်ပျော်စေခြင်း
မနက်စောစော
လမ်းလျှောက်ခြင်းကြောင့် ညအခါတွေမှာလည်း နှစ်ခြိုက်စွာ အိပ်ပျော်စေမှာ ဖြစ်ပါတယ်။ အသက်
၅၅ နှစ်မှ ၆၅ အရွယ် သက်ကြီးရွယ်အိုတွေမှာ ခံစားရလေ့ရှိတဲ့ အိပ်မပျော်ခြင်းဝေဒနာကို
မနက်စောစောမှာ လမ်းလျှောက်ပေးခြင်းဖြင့် သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
ဒါ့အပြင်
မနက်စောစော လမ်းလျှောက်ပေးခြင်းကြောင့် :
- ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိခြင်း
- စိတ်ဖိအားကိုလျှော့ချပေးခြင်း
- စိုးရိမ်စိတ်လွန်ကဲမှုကိုလျှော့ချပေးခြင်း
- မောပန်းနွမ်းနယ်မှုတွေကိုလျှော့ချပေးခြင်းစတဲ့
အကျိုးကျေးဇူးတွေကိုလည်း ရရှိနိုင်ပါသေးတယ်။
REF: HealthLine