ဗီတာမင် C ရဲ့ ကောင်းကျိုးများ
- 13 Sep, 2019
- သဘာဝအစားအစာနှင့်ကျန်းမာရေး
ကျွန်တော်တို့ နေ့စဉ်စားသုံးနေတဲ့ အသီးအနှံတွေ၊ အသီးအရွက်တွေမှာ ဗီတာမင် C ဓာတ်ကြွယ်ဝစွာ ပါဝင်လျက်ရှိတဲ့အပြင် ဗီတာမင် C အနေနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု အဖြစ် ပါဝင်လျက်ရှိပါတယ်။
ကျွန်တော်တို့
နေ့စဉ်စားသုံးနေတဲ့ အသီးအနှံတွေ၊ အသီးအရွက်တွေမှာ ဗီတာမင် C ဓာတ်ကြွယ်ဝစွာ ပါဝင်လျက်ရှိတဲ့အပြင်
ဗီတာမင် C အနေနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အစိတ်အပိုင်းတစ်ခု အဖြစ်
ပါဝင်လျက်ရှိပါတယ်။
ဗီတာမင်
C ပါဝင်တဲ့ အစားအစာတွေကို စားသုံးပေးခြင်းကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းမှ
ပျက်ဆီးနေတဲ့ ဆဲလ်တွေကို ပြန်လည် တည်ဆောက်ပေးသွားမှာ ဖြစ်တဲ့အပြင် ဖျားနာခြင်း၊ ကင်ဆာရောဂါ
ဖြစ်ပွားခြင်းတို့ကိုလည်း ကာကွယ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အရိုးအဆစ်များ သန်မာစေခြင်း၊
အသားအရေ ချောမွေ့လှပစေခြင်း၊ အစာချေစနစ် ကောင်းမွန်စွာ လည်ပတ်စေခြင်းစတဲ့ အကျိုးကျေးဇူးတွေကိုလည်း
ရရှိနိုင်မှာ ဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ
ဗီတာမင် C ပါဝင်တဲ့ အစားအစာတွေကို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းကြောင့် နှလုံးရောဂါဖြစ်ပွားမှုကို
ကာကွယ်ပေးနိုင်မှာ ဖြစ်သလို အဆုတ်အအေးမိရောဂါ၊ ဦးနှောက်ကျူမာရောဂါ၊ အဆုတ်ကင်ဆာရောဂါ
ဖြစ်ပွားမှုတို့ကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် သွေးလည်ပတ်မှုကိုလည်း
ကောင်းမွန်စေမှာ ဖြစ်တယ်လို့ သိရပါတယ်။
တကယ်လို့
ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းမှာ ဗီတာမင် C လုံလောက်ခဲ့ခြင်း မရှိဘူးဆိုရင် အရိုးအဆစ်များ
နာကျင်ကိုက်ခဲခြင်း၊ သွေးထွက်လွယ်ခြင်း၊ အမောမခံနိုင်ခြင်း၊ အနာကျက်ဖို့ခက်ခဲခြင်း၊
စိတ်ဓါတ်ကျခြင်း၊ သွားကျိုးလွယ်ခြင်းစတဲ့ ရောဂါဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
ဗီတာမင်
C ဓာတ်ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေကတော့ :
- မာလကာသီး
- ခရမ်းချဉ်သီး
- လိမ္မော်သီး
- ငရုတ်သီးစိမ်း
- စထရော်ဘယ်ရီသီး
- သင်္ဘောသီး
- ဂေါ်ဖီစိမ်း
- နာနတ်သီး
- အာလူး
- ကီဝီသီး
- သရက်သီး
- သံပုရာသီး
- ပန်းဂေါ်ဖီတို့ပဲ
ဖြစ်ပါတယ်။
ဒါပေမယ့်
ဗီတာမင် C ပါဝင်တဲ့ အစားအစာတွေ၊ ဖြည့်စွက်ဆေးတွေကို အလွန်အကျွံ စားသုံးခဲ့မယ် ဆိုရင်တော့
ဝမ်းပျက်ခြင်း၊ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ ရောဂါများ ဖြစ်ပွားခြင်းတို့ကို ဖြစ်စေနိုင်သလို
ကျောက်ကပ်မှာ ကျောက်တည်ခြင်းတို့ကိုလည်း ဖြစ်စေနိုင်ပါတယ်။
အနှစ်ချုပ်အနေနဲ့
ပြောရမယ်ဆိုရင် ဗီတာမင် C ကြွယ်ဝတဲ့ အစားအစာတွေကို စားသုံးပေးခြင်းကြောင့် ကျွန်တော်တို့
ခန္ဓာကိုယ် ကျန်းမာရေးကို အထူး အထောက်အကူဖြစ်စေမှာ ဖြစ်ပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့
ဆိုရိုးစကား ရှိတဲ့အတိုင်း ဗီတာမင် C ဓာတ် လွန်ကဲသွားခဲ့မယ် ဆိုရင်လည်း ကောင်းကျိုးထက်
ဆိုးကျိုးကို ဖြစ်စေနိုင်တာကြောင့် ချင့်ချိန်ပြီး စားသုံးဖို့ အကြံပေးလိုက်ပါရစေ။
REF: MedicalNewsToday