ပျားတုပ်ခံရခြင်းကို အလျင်အမြန် သက်သာပျောက်ကင်းစေနိုင်မယ့် နည်းလမ်းများ
- 13 Sep, 2019
- ကျန်းမာသောနေထိုင်မှုပုံစံ
ပျားတုပ်ခံရတဲ့အခါမှာ တဆစ်ဆစ်နာကျင်ကိုက်ခဲမှုကို ခံစားရလေ့ရှိတဲ့အပြင် ဖူးရောင်ခြင်း၊ ယားနာခြင်း၊ အသက်ရှူမဝခြင်း၊ မူးဝေခြင်း၊ ဝမ်းပျက်ခြင်း၊ အော့အန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရလေ့ ရှိကြပါတယ်။ ဒီတော့ ပျားတုပ်ခံရခြင်း ဝေဒနာကို အလျင်အမြန်သက်သာပျောက်ကင်းစေနိုင်မယ့် နည်းလမ်းတွေကို တစ်ချက်လောက် လေ့လာကြည့်လိုက်ရအောင်။
ပျားတုပ်ခံရတဲ့အခါမှာ
တဆစ်ဆစ်နာကျင်ကိုက်ခဲမှုကို ခံစားရလေ့ရှိတဲ့အပြင် ဖူးရောင်ခြင်း၊ ယားနာခြင်း၊ အသက်ရှူမဝခြင်း၊
မူးဝေခြင်း၊ ဝမ်းပျက်ခြင်း၊ အော့အန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရလေ့ ရှိကြပါတယ်။ ဒီတော့
ပျားတုပ်ခံရခြင်း ဝေဒနာကို အလျင်အမြန်သက်သာပျောက်ကင်းစေနိုင်မယ့် နည်းလမ်းတွေကို တစ်ချက်လောက်
လေ့လာကြည့်လိုက်ရအောင်။
- ပျားရည်
ပျားတုတ်ခံရခြင်းကြောင့်
နာကျင်ခြင်း၊ ယားယံခြင်းစတဲ့ ဝေဒနာတွေ ခံစားနေရတဲ့ နေရာကို ပျားရည်အုံပေးခြင်းဖြင့်
ခံစားနေရတဲ့ ဝေဒနာတွေ အလျင်အမြန် သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
- မုန့်ဖုတ်ဆိုဒါ
(Baking Soda)
မုန့်ဖုတ်ဆိုဒါကို
ရေနဲ့ရောပြီး ပျားတုတ်ခံရတဲ့ နေရာကို လိမ်းပေးမယ်ဆိုရင် နာကျင်မှုတွေ၊ ယားယံမှုတွေ၊
ဖူးရောင်မှုတွေကို သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
- ပန်းသီးရှာလကာရည်
(Apple Cider Vinegar)
ပန်းသီးရှာလကာရည်
အနေနဲ့ ပျားဆိပ်တက်ခြင်းကို ပြေလျော့စေမှာ ဖြစ်တာကြောင့် ပျားတုပ်ခံထားရတဲ့ ဒဏ်ရာကို
ပန်းသီးရှာလကာရည်နဲ့ စိမ်ပေးခြင်းဖြင့် သက်သာစေမှာ ဖြစ်ပါတယ်။
- သွားတိုက်ဆေး
သွားတိုက်ဆေးမှာ
ပါဝင်တဲ့ အစွမ်းအာနိသင်တွေ အနေနဲ့လည်း ပျားဆိပ်တက်ခြင်းကို သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
- ရှားစောင်းလက်ပတ်
ရှားစောင်းလက်ပတ်ကို
လိမ်းကျံပေးခြင်းကြောင့် အသားအရေကို ချောမွေ့စေတဲ့အပြင် နာကျင်မှုတွေကိုလည်း သက်သာပျောက်ကင်းစေတာကြောင့်
ပျားတုပ်ခံထားရတဲ့ ဒဏ်ရာကို ရှားစောင်းလက်ပတ် လိမ်းကျံပေးခြင်းဖြင့် သက်သာပျောက်ကင်းစေမှာ
ဖြစ်ပါတယ်။
အထက်မှာ ဖော်ပြထားတဲ့
နည်းလမ်းတွေအပြင် ပျားတုပ်ခံရတဲ့ ဒဏ်ရာကို ဆပ်ပြာနဲ့ သေချာဆေးကြောပြီး ရေခဲကပ်ပေးခြင်းဖြင့်လည်း
ပျားဆိပ်တက်ခြင်းကို ပြေလျော့စေမှာဖြစ်ပြီး နာကျင်ကိုက်ခဲမှုတွေကို သက်သာပျောက်ကင်းစေမှာ
ဖြစ်ပါတယ်။
တကယ်လို့
သင့်အနေနဲ့ ပျားနဲ့ပတ်သတ်ပြီး အလာ့ဂျစ်ရှိခဲ့မယ် ဒါမှမဟုတ် ပျားအစုအဖွဲ့လိုက်တုပ်ခြင်းကို
ခံစားခဲ့ရမယ် ဒါမှမဟုတ် ကနဦးမှာ ဖော်ပြခဲ့တဲ့ ဝေဒနာတွေကို တစ်ခုထက် ပိုပြီးခံစားနေရမယ်
ဆိုရင်တော့ အသက်အန္တရာယ်ကို ထိခိုက်နိုင်တာကြောင့် အမြန်ဆုံး နီးဆပ်ရာ ဆရာဝန်နဲ့ သွားရောက်ပြသသင့်ပါတယ်။
REF: HealthLine