ကင်ဆာရောဂါကုထုံး ခံယူနေစဉ်မှာ စားသုံးသင့်တဲ့ အသီးအနှံများ

  • 13 Sep, 2019
  • ကင်ဆာရောဂါများ

ကင်ဆာရောဂါ ကုထုံးတွေဖြစ်တဲ့ ကီမိုသရပီ (Chemotherapy) ၊ ဓါတ်ကင်ခြင်းစတဲ့ ရောဂါကုထုံးတွေ ခံယူနေတဲ့ အချိန်မှာ ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းမှာ ဘေးထွက်ဆိုးကျိုးပေါင်းများစွာကို ခံစားရလေ့ရှိပါတယ်။ ကီမိုသရပီနဲ့ ဓါတ်ကင်ခြင်းရောဂါကုထုံးတွေ ခံယူနေတဲ့အချိန်မှာ အမောမခံနိုင်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ သွေးအားနည်းခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ အာရုံစူးစိုက်နိုင်မှုမရှိခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရလေ့ရှိပါတယ်။ ဒါကြောင့် ကင်ဆာရောဂါကုထုံး ခံယူနေစဉ်ကာလမှာ ခံစားရလေ့ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေ သက်သာပျောက်ကင်းစေဖို့ အတွက် စားသုံးသင့်တဲ့ အသီးအနှံတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

ကင်ဆာရောဂါ ကုထုံးတွေဖြစ်တဲ့ ကီမိုသရပီ (Chemotherapy) ၊ ဓါတ်ကင်ခြင်းစတဲ့ ရောဂါကုထုံးတွေ ခံယူနေတဲ့ အချိန်မှာ ကျွန်တော်တို့ ခန္ဓာကိုယ်အတွင်းမှာ ဘေးထွက်ဆိုးကျိုးပေါင်းများစွာကို ခံစားရလေ့ရှိပါတယ်။ ကီမိုသရပီနဲ့ ဓါတ်ကင်ခြင်းရောဂါကုထုံးတွေ ခံယူနေတဲ့အချိန်မှာ အမောမခံနိုင်ခြင်း၊ မူးဝေခြင်း၊ အော့အန်ခြင်း၊ သွေးအားနည်းခြင်း၊ အစာစားချင်စိတ်မရှိခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ အာရုံစူးစိုက်နိုင်မှုမရှိခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရလေ့ရှိပါတယ်။ ဒါကြောင့် ကင်ဆာရောဂါကုထုံး ခံယူနေစဉ်ကာလမှာ ခံစားရလေ့ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေ သက်သာပျောက်ကင်းစေဖို့ အတွက် စားသုံးသင့်တဲ့ အသီးအနှံတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးမှာ အမျှင်ဓါတ်၊ ဗီတာမင် C၊ မဂ္ဂနီဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဘလူးဘယ်ရီသီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် ကီမိုသရပီရောဂါကုထုံးကြောင့် ခံစားရလေ့ရှိတဲ့ အာရုံစူးစိုက်နိုင်မှုမရှိခြင်း၊ မှတ်ဉာဏ်ဆုံးရှုံးခြင်းစတဲ့ ဝေဒနာတွေကို သက်သာပျောက်ကင်းစေနိုင်မှာ ဖြစ်ပါတယ်။

  • လိမ္မော်သီး

လိမ္မော်သီးမှာ ဗီတာမင် C ကြွယ်ဝစွာ ပါဝင်တဲ့အပြင် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အခြားအာဟာရတွေဖြစ်တဲ့ သီယာမိုင်း (Thiamine) ၊ ဖိုလိတ်အက်စစ်နဲ့ ပိုတက်ဆီယမ်တို့လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ဗီတာမင် C အနေနဲ့ ခန္ဓာကိုယ်အတွင်း ကင်ဆာဆဲလ်တွေ ပြန့်ပွားလာမှုကို ထိန်းချုပ်ပေးနိုင်တာကြောင့် လိမ္မော်သီးကို နေ့စဉ်ပုံမှန် စားသုံးပေးသင့်ပါတယ်။

  • ငှက်ပျောသီး

ငှက်ပျောသီးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရတွေဖြစ်တဲ့ ဗီတာမင် B6၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် C တို့ပါဝင်ပါတယ်။ နောက်ပြီးတော့ ငှက်ပျောသီးမှာ ကင်ဆာရောဂါကုထုံး ခံယူတဲ့အခါမှာ ဖြစ်ပွားလေ့ရှိတဲ့ ဝမ်းပျက်ခြင်းဝေဒနာကို ကာကွယ်ပေးနိုင်တဲ့ ပက်တင်း (Pectin) အမျှင်ဓါတ်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် ငှက်ပျောသီးမှာ ပိုတက်ဆီယမ်လည်း ကြွယ်ဝစွာ ပါဝင်တာကြောင့် အော့အန်ခြင်းဝေဒနာကိုလည်း သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

  • ဂရိတ်ဖရုသီး

ဂရိတ်ဖရုသီးမှာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အန်တီအောက်ဆီဒန့်တွေ၊ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဂရိတ်ဖရုသီးမှာ ဗီတာမင် C၊ ဗီတာမင် A၊ ပိုတက်ဆီယမ်တို့ ပါဝင်တဲ့အပြင် ကီမိုသရပီ၊ ဓါတ်ကင်ခြင်းကုထုံးတွေကြောင့် ခံစားရလေ့ရှိတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ကာကွယ်ပေးနိုင်တဲ့ လိုင်ကိုပင်း (Lycopene) လည်းပါဝင်တာကြောင့် နေ့စဉ်ပုံမှန် စားသုံးပေးသင့်ပါတယ်။

  • ပန်းသီး

ပန်းသီးမှာ အမျှင်ဓါတ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် C တို့ပါဝင်တဲ့အပြင် ကင်ဆာရောဂါကုထုံးတွေကြောင့် ခံစားရလေ့ရှိတဲ့ ဘေးထွက်ဆိုးကျိုးပေါင်းများစွာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ပန်းသီးမှာ ပါဝင်တဲ့ အမျှင်ဓါတ်အနေနဲ့ အစာချေစနစ်ကို ကောင်းမွန်စွာ အလုပ်လုပ်စေဖို့အတွက် ကူညီပေးသွားမှာ ဖြစ်ပါတယ်။

  • သလဲသီး

သလဲသီးမှာ ဗီတာမင် C၊ ဗီတာမင် K၊ အမျှင်ဓါတ်၊ ဖိုလိတ်အက်စစ်၊ ပိုတက်ဆီယမ်တို့ ကြွယ်ဝစွာ ပါဝင်ပါတယ်။ သလဲသီးကို ကင်ဆာဝေဒနာသည်တွေ အနေနဲ့ နေ့စဉ်ပုံမှန် စားသုံးပေးမယ်ဆိုရင် ကီမိုသရပီရောဂါကုထုံးကြောင့် ဖြစ်ပွားလေ့ရှိတဲ့ မှတ်ဉာဏ်ဆုံးရှုံးမှု ဝေဒနာကို သက်သာပျောက်ကင်းစေမှာ ဖြစ်တဲ့အပြင် အရိုးအဆစ်တွေ နာကျင်မှုကိုလည်း ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။

  • သစ်တော်သီး

သစ်တော်သီးမှာ အမျှင်ဓာတ်၊ ကြေးနီဓာတ်၊ ဗီတာမင် C နဲ့ ဗီတာမင် K တို့ပါဝင်ပါတယ်။ သစ်တော်သီးမှာ ပါဝင်တဲ့ ကြေးနီဓာတ် အနေနဲ့ ခန္ဓာကိုယ်အတွင်း ကင်ဆာဆဲလ်များ ပြန့်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်တဲ့အပြင် ကင်ဆာရောဂါကုထုံးတွေကြောင့် ဖြစ်ပွားလေ့ရှိတဲ့ ရောဂါပိုး ကူးစက်မှုတွေကိုလည်း ဟန့်တားပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သစ်တော်သီးကို ပုံမှန်စားသုံးပေးခြင်းဖြင့် အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားမှုကိုလည်း ကာကွ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • စထရော်ဘယ်ရီသီး

စထရော်ဘယ်ရီသီးတွေမှာ ဗီတာမင် C၊ ဖိုလိတ်အက်စစ်၊ မဂ္ဂနီဆီယမ်၊ ပိုတက်ဆီယမ်နဲ့ အန်တီအောက်ဆီဒန့်ပေါင်းများစွာ ပါဝင်ပါတယ်။ ဒါ့အပြင် စထရော်ဘယ်ရီသီးကို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် ရင်သားကင်ဆာဆဲလ်တွေ၊ ခံတွင်းကင်ဆာဆဲလ်တွေ ပြန့်ပွားမှုကိုလည်း ထိန်းချုပ်နိုင်မှာ ဖြစ်ပါတယ်။

REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.