သွေးတွင်း ဗီတာမင် D ဓာတ်လွန်ကဲခြင်းရဲ့ ဆိုးကျိုးများ
- 13 Sep, 2019
- ကျန်းမာသောနေထိုင်မှုပုံစံ
ကျွန်တော်တို့ ခန္ဓာကိုယ် ကျန်းမာသန်စွမ်းနေစေဖို့အတွက် ဗီတာမင် D က အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်လျက်ရှိပါတယ်။ ဗီတာမင် D အနေနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ဇီဝဗေဒဖြစ်စဉ်ကို ထိန်းညှိပေးတဲ့အပြင် ခန္ဓာကိုယ်အတွင်းမှာ တည်ရှိနေတဲ့ဆဲလ်တွေ ကျန်းမာနေစေဖို့အတွက် ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။
ကျွန်တော်တို့
ခန္ဓာကိုယ် ကျန်းမာသန်စွမ်းနေစေဖို့အတွက် ဗီတာမင် D က အရေးပါတဲ့ အခန်းကဏ္ဍမှာ ပါဝင်လျက်ရှိပါတယ်။
ဗီတာမင် D အနေနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ ဇီဝဗေဒဖြစ်စဉ်ကို ထိန်းညှိပေးတဲ့အပြင်
ခန္ဓာကိုယ်အတွင်းမှာ တည်ရှိနေတဲ့ဆဲလ်တွေ ကျန်းမာနေစေဖို့အတွက် ကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။
ဗီတာမင်
D အနေနဲ့ ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ အရိုးအကြောတွေ၊ ကြွက်သားတွေ ကျန်းမာသန်စွမ်းနေစေဖို့
ဆောင်ရွက်ပေးတဲ့အပြင် နှလုံးကျန်းမာရေး ကောင်းမွန်စေဖို့အတွက်လည်း ကူညီဆောင်ရွက်ပေးနေပါတယ်။
ဗီတာမင် D ကိုအိုမီဂါ ၃ ဖက်တီးအက်စစ် ပါဝင်တဲ့ ငါးတွေအပြင် ကြက်ဥ၊ မှို၊ နွားနို့၊
ပဲနို့၊ လိမ္မော်သီးတို့ကနေ တစ်ဆင့်လည်း ရရှိနိုင်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ ခန္ဓာကိုယ်အနေနဲ့
နေရောင်ခြည်နဲ့ ထိတွေ့တဲ့အခါမှာ ဗီတာမင် D ကို ထုတ်လွှတ်ပေးလေ့ရှိပါတယ်။
ဗီတာမင်
D အနေနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် ကောင်းကျိုးပေါင်းများစွာကို ဖြစ်ပေါ်စေပေမယ့်
ဗီတာမင် D လွန်ကဲခဲ့မယ် ဆိုရင်လည်း ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် ဆိုးကျိုးတွေကို
ဖြစ်ပွားစေနိုင်ပါတယ်။ ဒီတော့ ဗီတာမင် D လွန်ကဲခြင်းကြောင့် ဖြစ်ပွားစေနိုင်တဲ့ ဆိုးကျိုးတွေကို
လေ့လာကြည့်လိုက်ကြရအောင်။
- သွေးပေါင်ချိန်မြင့်တက်ခြင်း
ကျွန်တော်တို့
ခန္ဓာကိုယ်အတွင်းမှာ လုံလောက်တဲ့ ဗီတာမင် D ပမာဏ ရှိနေခဲ့မယ်ဆိုရင် အရိုးပွရောဂါ၊ ကင်ဆာရောဂါ
ဖြစ်ပွားခြင်းတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပေမယ့် သွေးတွင်း ဗီတာမင် D ပမာဏ လွန်ကဲခဲ့မယ်
ဆိုရင်လည်း သွေးပေါင်ချိန်မြင့်တက်မှုကို ဖြစ်ပွားစေနိုင်ပါတယ်။
- သွေးတွင်းကယ်ဆီယမ်ဓာတ်လွန်ကဲခြင်း
ဗီတာမင်
D အနေနဲ့ ကျွန်တော်တို့ စားသောက်တဲ့ အစားအစာတွေထဲက ကယ်ဆီယမ်ဓာတ်ကို ခန္ဓာကိုယ်အတွင်း
စုပ်ယူမှုအတွက် အထောက်အပံ့ပေးလျက်ရှိပါတယ်။ ဒါကြောင့် ဗီတာမင် D လွန်ကဲခဲ့မယ်ဆိုရင်
ကယ်ဆီယမ်ဓာတ် စုပ်ယူမှု မြင့်မားပြီး သွေးတွင်းကယ်ဆီယမ်ဓာတ် လွန်ကဲခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
သွေးတွင်းကယ်ဆီယမ်ဓာတ် လွန်ကဲမှုကြောင့် အော့အန်ခြင်း၊ မူးဝေခြင်း၊ မောပန်းခြင်း၊ မကြာခဏရေဆာခြင်း၊
မကြာခဏဆီးသွားခြင်း၊ အစာစားချင်စိတ်မရှိခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- အစာအိမ်နာခြင်း၊
ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း
ဗီတာမင်
D လွန်ကဲခြင်းကြောင့် သွေးတွင်းကယ်ဆီယမ်ဓာတ် မြင့်မာခြင်းအပြင် အစာအိမ်နာခြင်း၊ ဝမ်းချုပ်ခြင်း၊
ဝမ်းပျက်ခြင်းစတဲ့ ရောဂါဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။
- အရိုးပွခြင်း
ဗီတာမင်
D အနေနဲ့ ကျွန်တော်တို့ ခန္ဓာကိုယ်ရဲ့ အရိုးအဆစ်တွေ ကျန်းမာကြံ့ခိုင်နေစေဖို့ ဆောင်ရွက်ပေးပေမယ့်
သွေးတွင်း ဗီတာမင် D လွန်ကဲခဲ့မယ်ဆိုရင် သွေးတွင်း ဗီတာမင် K2 ဓာတ်ကိုလျော့နည်းသွားစေမှာ
ဖြစ်ပါတယ်။ သွေးတွင်း ဗီတာမင် K2 လျော့နည်းသွားခြင်းကြောင့် အရိုးတွင်း ကယ်ဆီယမ်ဓာတ်ကို
လျော့နည်းသွားစေမှာဖြစ်ပြီး အရိုးပွခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
- ကျောက်ကပ်ရောဂါ
ဖြစ်ပွားစေခြင်း
လေ့လာတွေ့ရှိချက်တွေအရ
သွေးတွင်း ဗီတာမင် D ဓာတ်လွန်ကဲခဲ့မယ်ဆိုရင် ကျောက်ကပ်နဲ့သက်ဆိုင်တဲ့ ရောဂါဝေဒနာတွေလည်း
ဖြစ်ပွားစေနိုင်တယ်လို့ သိရပါတယ်။
REF: HealthLine
