ကလေးငယ်တွေကို လုံးဝမကျွေးသင့်တဲ့ အစားအစာများ
- 12 Sep, 2019
- ကလေးကျန်းမာရေး
အသက် (၂) နှစ်အောက် ကလေးငယ်တွေကို အစာကျွေးရခြင်းက လွယ်ကူတဲ့ကိစ္စ တစ်ခုတော့ မဟုတ်ပါဘူး။ မိဘတွေ အနေနဲ့လည်း မိမိတို့ မွေးထားတဲ့ ကလေးငယ် ဖွံ့ဖြိုးစေဖို့၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေဖို့ အတွက် ဘယ်လို အစားအစာမျိုးပဲဖြစ်ဖြစ် ကျွေးမွေးဖို့ အဆင်သင့်ဖြစ်နေတတ်ကြပါတယ်။
အသက် (၂) နှစ်အောက် ကလေးငယ်တွေကို အစာကျွေးရခြင်းက လွယ်ကူတဲ့ကိစ္စ တစ်ခုတော့ မဟုတ်ပါဘူး။ မိဘတွေ အနေနဲ့လည်း မိမိတို့ မွေးထားတဲ့ ကလေးငယ် ဖွံ့ဖြိုးစေဖို့၊ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်စေဖို့ အတွက် ဘယ်လို အစားအစာမျိုးပဲဖြစ်ဖြစ် ကျွေးမွေးဖို့ အဆင်သင့်ဖြစ်နေတတ်ကြပါတယ်။ ဒါပေမယ့်လည်း အရွယ်မတိုင်မီ မကျွေးသင့်တဲ့ အစားအစာတွေကို ကျွေးမိမယ်ဆိုရင် ကလေးငယ်အတွက် ကောင်းကျိုးထက် ဆိုးကျိုးကိုသာ ပိုမိုဖြစ်ပွားစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အသက် (၂) နှစ်အောက် ကလေးငယ်တွေကို လုံးဝမကျွေးသင့်တဲ့ အစားအစာတွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
- ပျားရည်
ပျားရည် ဒါမှမဟုတ်
ပျားရည်နဲ့ပြုလုပ်ထားတဲ့ အစားအစာတွေမှာ ပါဝင်တဲ့ ဘက်တီးရီးယားပိုးကြောင့် ကလေးငယ်တွေမှာ
Botulism လို့အမည်ရတဲ့ အစာအဆိပ်သင့်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
- နွားနို့/
ပဲနို့
အသက် (၂)
နှစ်အောက် ကလေးငယ်တွေ အနေနဲ့ နွားနို့/ ပဲနို့မှာ ပါဝင်တဲ့ ပရိုတိန်းဓါတ်ကို အစာချေနိုင်စွမ်း
မရှိသေးပါဘူး။ ဒါ့အပြင် နွားနို့/ ပဲနို့မှာ ပါဝင်တဲ့ သတ္တုဓါတ်တွေက ကလေးငယ်ရဲ့ ကျောက်ကပ်ကို
ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် အသက် (၂) နှစ်အောက် ကလေးငယ်တွေကို မိခင်နို့ကိုသာ အဓိထား
တိုက်ကျွေးသင့်ပါတယ်။
- သစ်သီးဖျော်ရည်များ
သစ်သီးဖျော်ရည်တွေမှာ
ကလေးငယ်တွေ အတွက် လိုအပ်တဲ့ ပရိုတိန်း၊ ကယ်လ်ဆီယမ်၊ ဇင့်ဓါတ်၊ ဗီတာမင် D၊ အမျှင်ဓါတ်တို့
ပါဝင်ခြင်းမရှိတဲ့အပြင် သကြားဓါတ်သာ ပါဝင်တာကြောင့် ကလေးငယ်တွေမှာ သွားပိုးစားဝေဒနာ
ခံစားရနိုင်ပါတယ်။
- အစေ့ပါသော
အသီးအနှံများ
စပျစ်သီးတွေ၊
လိမ္မော်သီးတွေ၊ ဖရဲသီးတွေ၊ ပန်းသီးတွေမှာ အစေ့များစွာ ပါဝင်တဲ့အပြင် ကလေးငယ်တွေရဲ့
အသက်ရှူလမ်းကြောင်းကို ပိတ်ဆို့စေနိုင်တာကြောင့် ကလေးငယ်တွေကို ကျွေးမယ်ဆိုရင် ဂရုတစိုက်
ဖယ်ရှာပြီးမှသာ ကျွေးမွေးသင့်ပါတယ်။
- မြေပဲထောပတ်နှင့်
စေးကပ်သောအစားအစာများ
မြေပဲထောပတ်လို
အစားအစာတွေဟာ စေးကပ်နေတာကြောင့် ကလေးငယ်တွေအတွက် မျိုချရ ခက်ခဲစေတဲ့အပြင် အသက်ရှူလမ်းကြောင်းကိုပါ
ပိတ်ဆို့စေနိုင်တာကြောင့် ကလေးငယ်တွေကို စေးကပ်တဲ့ အစားအစာတွေ ကျွေးမွေးခြင်းကိုလည်း
ရှောင်ကြဉ်သင့်ပါတယ်။
- ဘယ်ရီသီးနှင့်
အချဉ်ဓါတ်ပါဝင်သော အသီးအနှံများ
စတော်ဘယ်ရီသီး၊
ရပ်စ်ဘယ်ရီသီး၊ ဘလက်ဘယ်ရီသီး၊ ဘလူးဘယ်ရီသီးတို့ကိ ကလေးငယ်တွေရဲ့ အစာအိမ်အနေနဲ့ ချေဖျက်နိုင်ခြင်း
မရှိသေးပါဘူး။ ဒါ့အပြင် အချဉ်ဓါတ် ပါဝင်တဲ့ အသီးတွေဖြစ်တဲ့ လိမ္မော်သီး၊ ဂရိတ်ဖရုသီး၊
နာနတ်သီးတွေကလည်း ကလေးငယ်တွေမှာ အစာအိမ်နဲ့သက်ဆိုင်တဲ့ ရောဂါဝေဒနာတွေကို ဖြစ်ပွားစေနိုင်ပါတယ်။
- ချောကလက်
ချောကလက်မှာ
ကဖိန်းဓါတ်ပါဝင်တာကြောင့် ကလေးငယ်တွေ ညဘက်အခါမှာ အိပ်မပျော်ခြင်းကို ဖြစ်စေနိုင်ပါတယ်။
ဒါ့အပြင် ချောကလက်မှာ ပါဝင်တဲ့ သကြားဓါတ်ကြောင့် သွားပိုးစားခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။
- သန့်စင်ထားခြင်းမရှိသော
နို့နှင့်နို့ထွက်ပစ္စည်းများ
သန့်စင်ထားခြင်းမရှိတဲ့
နို့နှင့်နို့ထွက်ပစ္စည်းတွေကို ကလေးငယ်တွေကို ကျွေးမွေးမယ်ဆိုရင် အစာအဆိပ်သင့်ခြင်းကို
ဖြစ်ပွားစေနိုင်တာကြောင့် တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။
REF: WideOpenEats