ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မယ့် အစားအစာများ

  • 12 Sep, 2019
  • ကင်ဆာရောဂါများ

ကင်ဆာရောဂါ ဖြစ်ပွားသူ လူဦးရေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်တက်လို့လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါကြောင့် တစ်နှစ်ကို လူဦးရေ သန်းချီပြီး သေဆုံးလျက်ရှိပါတယ်။ ဒါကြောင့် ကင်ဆာရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မယ့် အစားအစာတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

ကင်ဆာရောဂါ ဖြစ်ပွားသူ လူဦးရေဟာ တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်တက်လို့လာခဲ့ပြီ ဖြစ်ပါတယ်။ ဒါ့အပြင် ကင်ဆာရောဂါကြောင့် တစ်နှစ်ကို လူဦးရေ သန်းချီပြီး သေဆုံးလျက်ရှိပါတယ်။ ဒါကြောင့် ကင်ဆာရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မယ့် အစားအစာတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • ကြက်သွန်ဖြူ

ကြက်သွန်ဖြူမှာ ပါဝင်တဲ့ အလီစင် (Allicin) ဓါတ်က ခန္ဓာကိုယ်အတွင်း ကင်ဆာဆဲလ်များ ဖြစ်ပွားမှုကို ကာကွယ်ပေးနိင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ကြက်သွန်ဖြူကို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းကြောင့် အစာအိမ်ကင်ဆာ၊ အူမကြီးကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အစာပြွန်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာ ဖြစ်ပွားမှုတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • ဂေါ်ဖီစိမ်း

ဂေါ်ဖီစိမ်းမှာ Sulforaphane ဓါတ်ပါဝင်တာကြောင့် အဆုတ်ကင်ဆာ၊ အူမကြီးကင်ဆာစတဲ့ ကင်ဆာရောဂါ ဖြစ်ပွားမှုတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အမျိးသမီးတွေမှာ ဖြစ်ပွားလေ့ရှိတဲ့ ရင်သားကင်ဆာ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်သလို အစာအိမ်ကင်ဆာ၊ ပန်ကရိယကင်ဆာစတဲ့ ကင်ဆာရောဂါဖြစ်ပွားမှုတွေကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • ရှောက်သီး/ သံပုရာသီး

အချဉ်ဓါတ်ပါဝင်တဲ့ အသီးအနှံတွေဖြစ်တဲ့ သံပုရာသီး၊ သံပုယိုသီး၊ ရှောက်သီးတို့ကို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းဖြင့် အစာပြွန်ကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • ဘလူးဘယ်ရီသီး

ဘလူးဘယ်ရီသီးမှာ ကင်ဆာဆဲလ် ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့ အန်တီအောက်ဆီးဒန့်တွေ ပါဝင်တာကြောင့် အစာပြွန်ကင်ဆာ၊ ပန်ကရိယကင်ဆာ၊ အူမကြီးကင်ဆာစတဲ့ ကင်ဆာရောဂါ ဖြစ်ပွားမှုတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။  

  • အာတီချုပ်သီး

ဂေါ်ဖီထုပ်ပုံစံ အရွယ်အစားနဲ့ အသွင်သဏ္ဍန်ရှိတဲ့ အာတီချုပ်သီးမှာ အရေပြားကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တဲ့ Silymarin ဓါတ်ပါဝင်တာကြောင့် နေ့စဉ်ပုံမှန် စားသုံးပေးသင့်ပါတယ်။

  • ဆဲလ်မွန်ငါး

လေ့လာတွေ့ရှိချက်တွေအရ ဆဲလ်မွန်ငါးကို တစ်ပတ်တစ်ကြိမ်ခန့် ပုံမှန်စားသုံးပေးခြင်းဖြင့် သွေးကင်ဆာရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ဆဲလ်မွန်ငါးမှာ ပါဝင်တဲ့ အိုမီဂါ ၃ ဖက်တီးအက်စစ်ကြောင့် သားအိမ်ကင်ဆာဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • ကီဝီသီး

ကီဝီသီးမှာ ဗီတာမင် C၊ ဗီတာမင် E၊ လူတိန်း (Lutein)တို့ ပါဝင်တာကြောင့် ကင်ဆာရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • ရေနွေးကြမ်း

အမျိုးသမီးတွေ အနေနဲ့ ရေနွေးကြမ်းကို တစ်နေ့ နှစ်ခွက်ခန့် သောက်သုံးပေးမယ်ဆိုရင် သားအိမ်ခေါင်းကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 

  • ပန်းသီး

ပန်းသီးမှာ အမျှင်ဓါတ်ကြွယ်ဝစွာ ပါဝင်တာကြောင့် နေ့စဉ်ပုံမှန် စားသုံးပေးမယ်ဆိုရင် အူမကြီးကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • မုန်လာဥနီ

မုန်လာဥနီကို နေ့စဉ်ပုံမှန် စားသုံးပေးခြင်းကြောင့် အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • ကော်ဖီ

လေ့လာတွေ့ရှိချက်တွေအရ တစ်နေ့ကို ကော်ဖီလေးခွက်ခန့် သောက်သုံးပေးခြင်းကြောင့် အူမကြီးကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

REF: TheHealthy

 

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.