ရေကျောက်ရောဂါအကြောင်း သိကောင်းစရာများ

  • 12 Sep, 2019
  • ကလေးကျန်းမာရေး

ရေကျောက်ရောဂါ အဓိကဖြစ်ပွားရတဲ့ အကြောင်းအရင်းကတော့ Varicella Zoster ဗိုင်းရပ်စ်ကြောင့်ပဲ ဖြစ်ပါတယ်။ ရေကျောက်ရောဂါ ဖြစ်ပွားတဲ့အခါမှာ မျက်နှာနဲ့ ခန္ဓာကိုယ်အရေပြားပေါ်မှာ အနီစက်များ၊ အဖုအပိမ့်များ ထွက်ပေါ်လာလေ့ ရှိပါတယ်။

ရေကျောက်ရောဂါ အဓိကဖြစ်ပွားရတဲ့ အကြောင်းအရင်းကတော့ Varicella Zoster ဗိုင်းရပ်စ်ကြောင့်ပဲ ဖြစ်ပါတယ်။ ရေကျောက်ရောဂါ ဖြစ်ပွားတဲ့အခါမှာ မျက်နှာနဲ့ ခန္ဓာကိုယ်အရေပြားပေါ်မှာ အနီစက်များ၊ အဖုအပိမ့်များ ထွက်ပေါ်လာလေ့ ရှိပါတယ်။

ရေကျောက်ရောဂါကို များသောအားဖြင့် အသက် ၁၂ နှစ်အောက် ကလေးများတွင် မြင်တွေ့ရလေ့ ရှိပါတယ်။ အသက် ၁၂ အောက် ကလေးများအပြင် ကိုယ်ဝန်ဆောင်မိခင်များ၊ သက်ကြီးရွယ်အိုများ၊ ဆေးလိပ်သောက်သူများ၊ ခုခံအားကျဆင်းနေသူများမှာလည်း ရေကျောက်ရောဂါ ဖြစ်ပွားမှုကို မြင်တွေ့ရလေ့ ရှိပါတယ်။

ဒါ့အပြင် ရေကျောက်ရောဂါတစ်ခါမှ ဖြစ်ပွားဖူးခြင်းမရှိသူများ၊ ရေကျောက်ရောဂါ ကာကွယ်ဆေးထိုးထားခြင်း မရှိသူများ၊ နေ့ကလေးထိန်းကျောင်းများ/ မူကြိုများတွင် အလုပ်လုပ်သူများ အနေနဲ့လည်း ရေကျောက်ရောဂါ ဖြစ်ပွားနိုင်ပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ အနေနဲ့လည်း ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ရေကျောက်ရောဂါကို ခံစားခဲ့ရမယ်ဆိုရင် မွေးဖွားလာတဲ့ကလေးမှာ ဦးခေါင်းအရွယ်အစား သေးငယ်ခြင်း၊ ခန္ဓာကိုယ် ဖွံ့ဖြိုးမှု နှေးကွေးခြင်း၊ အမြင်အာရုံဝေဝါးခြင်း၊ မသန်မစွမ်းဖြစ်ခြင်းစတဲ့ ရောဂါ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

ရေကျောက်ရောဂါ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရပြီး ၇ ရက်ကနေ ၂၁ ရက်အတွင်း ရောဂါလက္ခဏာများကို ပြသလေ့ရှိပါတယ်။ ရေကျောက်ရောဂါ ကူးဆက်ခံရတဲ့အခါမှာ :

  • အဖျားဝင်ခြင်း
  • ခေါင်းကိုက်ခြင်း
  • ချောင်းဆိုးခြင်း
  • အစာစားချင်စိတ် မရှိခြင်း
  • ခန္ဓာကိုယ်အနှံ့ အနီစက်များ ထွက်ပေါ်လာခြင်း
  • နှာရည်ယိုခြင်းစတဲ့ ရောဂါလက္ခဏာတွေကို မြင်တွေ့ရနိုင်ပါတယ်။

ရေကျောက်ရောဂါကို နှာချေခြင်း၊ ချောင်းဆိုးခြင်းကနေတစ်ဆင့်လည်း ကူးဆက်ခံရနိုင်ပါတယ်။ ဒါကြောင့် ရေကျောက်ရောဂါ ကူးစက်ခံထားရသူ အနေနဲ့ အတတ်နိုင်ဆုံး အိမ်ထဲမှာသာ နေထိုင်သင့်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ရေကျောက်ရောဂါ ခံစားနေရပြီး မျက်လုံး တစ်ဖက် ဒါမှမဟုတ် နှစ်ဖက်လုံးမှာ အနီစက်တွေ ထွက်ပေါ်လာခဲ့ရင် ဒါမှမဟုတ် အနီစက်တွေ နီရဲလာပြီး နာကျင်လာခဲ့ရင် ဒါမှမဟုတ် အသက်ရှူမဝခြင်း၊ မူးဝေခြင်း၊ ရင်တုန်ခြင်း၊ အဖျားကြီးခြင်းစတဲ့ ဝေဒနာတွေကို ခံစားနေခဲ့ရမယ် ဆိုရင်တော့ နီးစပ်ရာဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။

 REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.