မအိပ်ခင် လုံးဝမစားသင့်တဲ့ အစားအစာများ

  • 12 Sep, 2019
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

ကျွန်တော်တို့ လူသားအများစုဟာ ညအခါမှာ အိပ်ပျော်ဖို့ အတွက် ရုန်းကန်ရလေ့ရှိပါတယ်။ ညအခါမှာ ကောင်းကောင်း အိပ်စက် အနားယူခဲ့ရခြင်း မရှိတာကြောင့် မနက်အိပ်ယာမှ နိုးထလာတဲ့ အချိန်တွေမှာလည်း လန်းဆန်း တက်ကြွနေနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သက်ဆိုင်ရာ လုပ်ငန်းခွင်တွေ၊ ကျောင်းတွေကို ရောက်ရှိသွားတဲ့ အခါမှာလည်း အိပ်ယာမဝတဲ့ဒဏ်ကို ခံစားရကာ မိမိ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို စိတ်ပါလက်ပါ လုပ်ဆောင်နိုင်ခြင်း ရှိတော့မှာ မဟုတ်ပါဘူး။

ကျွန်တော်တို့ လူသားအများစုဟာ ညအခါမှာ အိပ်ပျော်ဖို့ အတွက် ရုန်းကန်ရလေ့ရှိပါတယ်။ ညအခါမှာ ကောင်းကောင်း အိပ်စက် အနားယူခဲ့ရခြင်း မရှိတာကြောင့် မနက်အိပ်ယာမှ နိုးထလာတဲ့ အချိန်တွေမှာလည်း လန်းဆန်း တက်ကြွနေနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် သက်ဆိုင်ရာ လုပ်ငန်းခွင်တွေ၊ ကျောင်းတွေကို ရောက်ရှိသွားတဲ့ အခါမှာလည်း အိပ်ယာမဝတဲ့ဒဏ်ကို ခံစားရကာ မိမိ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို စိတ်ပါလက်ပါ လုပ်ဆောင်နိုင်ခြင်း ရှိတော့မှာ မဟုတ်ပါဘူး။

ဒါကြောင့် ညအခါမှာ အိပ်ပျော်ဖို့ အတွက် ရုန်းကန်ရခြင်း မရှိအောင် ရှောင်ကြဉ်သင့်တဲ့ အစားအစာတွေကို အခုလို ရေးသား ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • ဆီများတဲ့အစားအစာ စားသုံးခြင်းကို ရှောင်ကြဉ်ပါ

ကျွန်တော်တို့ ခန္ဓာကိုယ် အတွင်းမှာ တည်ရှိနေတဲ့ အစာချေစနစ် အနေနဲ့ အဆီများတဲ့ အစားအစာတွေကို ချေဖျက်ရခြင်းက ပရိုတိန်းဓါတ်၊ ကစီဓါတ် ပါဝင်တဲ့ အစားအစာတွေကို ချေဖျက်ရခြင်းထက် အချိန် ပိုမိုအသုံးပြုရလေ့ ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ ညဘက်အိပ်ခါနီး အချိန်တွေမှာ ဆီများတဲ့ အစားအစာတွေ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

  • အချဉ်အစပ် စားသုံးခြင်းကို ရှောင်ကြဉ်ပါ

မအိပ်ခင် အချိန်မှာ အချဉ်အစပ် မစားသင့်တဲ့ အဓိက အကြောင်းအရင်း နှစ်ချက် ရှိပါတယ်။ ပထမအချက်ကတော့ အချဉ်အစပ်တွေ စားသုံးခြင်းကြောင့် အစာအိမ်ကို နာကျင်စေနိုင်လို့ ဖြစ်ပြီး နောက်ထပ် တစ်ချက်ကတော့ နှလုံးအောင့်စေနိုင်တာကြောင့်ပဲ ဖြစ်ပါတယ်။ အဲဒီလို ပြဿနာတွေနဲ့ ရင်ဆိုင်ရတဲ့ အခါမှာ အိပ်ပျော်ဖို့ အတွက် အခက်အခဲတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။

  • ကြက်ဆင်သား စားသုံးခြင်းကို ရှောင်ကြဉ်ပါ

လူအများစုက ကြက်ဆင်သား စားသုံးခြင်းကြောင့် နှစ်ခြိုက်စွာ အိပ်ပျော်နိုင်တယ်လို့ ထင်မှတ်ထားကြပါတယ်။ ဒါပေမယ့် ကြက်ဆင်သားမှာ ပရိုတိန်းဓါတ် များပြားစွာ ပါဝင်တာကြောင့် ကျွန်တော်တို့ ခန္ဓာကိုယ်ကို နိုးကြားတက်ကြွစေဖို့ အတွက် လှုံဆော်နေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့တွေ မအိပ်ခင် အချိန်မှာ ကြက်ဆင်သား စားသုံးခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပါတယ်။

  • အရက်သောက်ခြင်းကို ရှောင်ကြဉ်ပါ

မအိပ်ခင် အချိန်မှာ မစားသင့်တဲ့ အစားအစာတွေ ရှိသလို မသောက်သင့်တာတွေလည်း ရှိပါသေးတယ်။ မအိပ်ခင် အချိန်မှာ အရက် တစ်ခွက်၊ နှစ်ခွက်လောက် သောက်လိုက်မယ်ဆိုရင် ကောင်းမွန်တဲ့ အိပ်စက်အနားယူခြင်းကို ခံစားရရှိနိုင်မှာ မဟုတ်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ ခန္ဓာကိုယ်ကြီးက အိပ်စက်အနားယူနေပေမယ့် အသည်းကတော့ ကျွန်တော်တို့ ဇီဝဗေဒစနစ်အတွင်းမှာ ကျန်ရှိနေတဲ့ အရက်တွေကို ချေဖျက်ပေးနေရလို့ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အသည်းနဲ့နှလုံးက ဆက်နွယ်ခြင်း ရှိနေတာကြောင့် အသည်းကိုအလုပ်ပေးထားတဲ့ အချိန်မှာ နှလုံးခုန် မြန်လာလေ့ရှိပါတယ်။ ဒါကြောင့် အိပ်ပျော်နေရာကနေ လန့်နိုးတာမျိုးတွေနဲ့ ကြုံတွေ့ရနိုင်ပါတယ်။

  • ကော်ဖီသောက်ခြင်းကို ရှောင်ကြဉ်ပါ

ဒီအချက်ကတော့ ထွေထွေထူးထူး ရှင်းပြနေစရာ လိုအပ်မယ် မထင်တော့ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကော်ဖီမှာ ပါဝင်တဲ့ ကဖိန်းဓါတ်က ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို လန်းဆန်းတက်ကြွအောင် နှိုးဆော်ပေးနေမှာ ဖြစ်တာကြောင့် မအိပ်ခင် အချိန်မှာ ကော်ဖီသောက်ခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပါတယ်။

  • ချောကလက်စားခြင်းကို ရှောင်ကြဉ်ပါ

ကော်ဖီသောက်ခြင်းနည်းတူ ချောကလက်ကိုလည်း အိပ်ခါနီးအချိန်မှာ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ချောကလက် တစ်အောင်စမှာ ကဖိန်း (၂၃) မီလီဂရမ် ပါဝင်နေလို့ပဲ ဖြစ်ပါတယ်။ ဒါကြောင့် အိပ်ခါနီး အချိန်မှာ ကော်ဖီမသောက်သင့်သလို ချောကလက်စားခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

REF: ReadersDigest

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.