အသည်းခြောက်ရောဂါ ဖြစ်ပွားတဲ့အခါ ကြုံတွေ့ရနိုင်တဲ့ ရောဂါလက္ခဏာများ

  • 12 Sep, 2019
  • အဖြစ်များသောရောဂါများ

အသည်းခြောက်ရောဂါ ဝေဒနာကို စတင်ခံစားနေရစဉ် ကာလမှာတော့ ရောဂါနဲ့ သက်ဆိုင်တဲ့ လက္ခဏာတွေကို ပြသလေ့ မရှိပါဘူး။ ဒါပေမယ့် ရောဂါအတန်ငယ်ရင့်လာပြီ ဆိုလာရင်တော့ ဖော်ပြပါ လက္ခဏာတွေကို ပြသလေ့ရှိပါတယ်။

အသည်းခြောက်ရောဂါ ဝေဒနာကို စတင်ခံစားနေရစဉ် ကာလမှာတော့ ရောဂါနဲ့ သက်ဆိုင်တဲ့  လက္ခဏာတွေကို ပြသလေ့ မရှိပါဘူး။ ဒါပေမယ့် ရောဂါအတန်ငယ်ရင့်လာပြီ ဆိုလာရင်တော့ ဖော်ပြပါ လက္ခဏာတွေကို ပြသလေ့ရှိပါတယ်။

  • အမောမခံနိုင်ခြင်း

အသည်းခြောက်ရောဂါ ခံစားနေရတာ အချိန် အတော် ကြာမြင့်လာခဲ့ပြီဆိုရင် အနည်းငယ် လမ်းလျှောက်လိုက်တာနဲ့ မောပန်းနွမ်းနယ်မှုတွေကို စတင် ခံစားလာရမှာ ဖြစ်ပါတယ်။

  • သွေးထွက်လွယ်ခြင်း/ အတွင်းကြေဖြစ်လွယ်ခြင်း

အနည်းငယ် ထိခိုက်မိတာနဲ့ သွေးတွေ အလွန်အကျွံ ထွက်နေခဲ့မယ် ဒါမှမဟုတ် အတွင်းကြေ ဖြစ်သွားခဲ့မယ် ဆိုရင်တော့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းကို သွားရောက်ပြီး အသည်းခြောက်ရောဂါ ခံစားနေရခြင်း ရှိမရှိကို စမ်းသပ် စစ်ဆေးသင့်ပါတယ်။

  • အစာစားချင်စိတ်မရှိခြင်း

အစာစားချင်စိတ် မရှိတာကတော့ လူတိုင်းနီးပါ မကြာခဏ ဆိုသလို ဖြစ်တတ်လေ့ရှိပါတယ်။ ဒါပေမယ့် အမြဲတမ်းလိုလို အစာစားချင်စိတ် မရှိဘူးဆိုရင်တော့ ကိုယ့်ကိုယ်ကို ဂရုတစိုက် စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။

  • မူးဝေအော့အန်ခြင်း၊ မအီမသာဖြစ်ခြင်း

အမြဲတမ်းလိုလို မူးဝေအော့အန် နေမယ်ဆိုရင် မအီမအာ ဖြစ်နေမယ်ဆိုရင်တော့ အသည်းခြောက်ရောဂါ ဖြစ်ပွားနေခြင်း ရှိမရှိ စမ်းသပ် စစ်ဆေးကြည့်သင့်ပါတယ်။

  • အဆမတန် ခန္ဓာကိုယ်အလေးချိန် ကျဆင်းခြင်း

တကယ်လို့ လပိုင်းအတွင်းမှာ လေ့ကျင့်ခန်းမလုပ်၊ အဆီကျဆေး မသောက်ပဲ ခန္ဓာကိုယ်အလေးချိန် အဆမတန် ကျဆင်းသွားခဲ့မယ် ဆိုရင်လည်း ကိုယ့်ကိုယ်ကို သတိထားပြီး စောင့်ကြည့်သင့်ပါတယ်။

အထက်မှာ ဖော်ပြသွားခဲ့တဲ့ လက္ခဏာတွေ အပြင် ကြွက်သားများ ထုံကျဉ်ကိုက်ခဲခြင်း၊ မှတ်ဉာဏ်စွမ်းအားများ ကျဆင်းခြင်း၊ နှာခေါင်းသွေးလျှံခြင်း၊ အသားများဝါလာခြင်း၊ ဆံပင်ကျွတ်ခြင်း၊ အရေပြားယားယံခြင်း၊ မကြာခဏ ဖျားနာခြင်း၊ ညာဘက်ပခုံးနာကျင်ခြင်း၊ အသက်ရှူမဝခြင်း၊‌ သွေးအန်ခြင်း၊ ဆီးအမည်းများသွားခြင်း၊ နှလုံးခုန်မြန်ခြင်း၊ ခန္ဓာကိုယ်မှာ အဖုအပိမ့်များ ဒါမှမဟုတ် အနီစက်များထွက်ခြင်း၊ အမျိုးသမီးများ ရာသီချိန်မမှန်ခြင်း၊ အမျိုးသားများ ရင်သား ကြီးထွားလာခြင်းစတဲ့ ရောဂါလက္ခဏာတွေကို ခံစားနေရပြီ ဆိုရင်လည်း နီးဆပ်ရာ ဆေးရုံ၊ ဆေးခန်းကို သွားရောက်ပြီး သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး တွေ့ဆုံ ဆွေးနွေး ကုသသင့်ပါတယ်။

REF: MedicalNewsTodayMayoClinic

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.