ခရမ်းချဉ်သီး စားသုံးခြင်းကြောင့် ရရှိနိုင်တဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

  • 12 Sep, 2019
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

ကျွန်တော်တို့တွေ နေ့စဉ်စားသုံးနေတဲ့ ဟင်းလျာအများစုကို ခရမ်းချဉ်သီး အသုံးပြုပြီး ချက်ပြုတ်စားသောက်လေ့ ရှိကြပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးနေတဲ့ ဟင်းလျာတွေမှာ ပါဝင်တဲ့ ခရမ်းချဉ်သီးရဲ့ အကျိုးကျေးဇူး (၅) ချက်ကို Careme ပရိသတ်ကြီး လေ့လာနိုင်ဖို့ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ကျွန်တော်တို့တွေ နေ့စဉ်စားသုံးနေတဲ့ ဟင်းလျာအများစုကို ခရမ်းချဉ်သီး အသုံးပြုပြီး ချက်ပြုတ်စားသောက်လေ့ ရှိကြပါတယ်။ ဒါကြောင့် နေ့စဉ်စားသုံးနေတဲ့ ဟင်းလျာတွေမှာ ပါဝင်တဲ့ ခရမ်းချဉ်သီးရဲ့ အကျိုးကျေးဇူး (၅) ချက်ကို Careme ပရိသတ်ကြီး လေ့လာနိုင်ဖို့ အတွက် ဖော်ပြပေးလိုက်ပါတယ်။

ခရမ်းချဉ်သီးမှာ ဗီတာမင်အေဓါတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ကျွန်တော်တို့တွေရဲ့ စက္ခုအာရုံကို တိုးတက်ကောင်းမွန်စေမှာ အသေအချာပါပဲ။ ဒါ့အပြင် မျက်ရည်ပူကျခြင်း၊ အမြင်အာရုံဝေဝါးခြင်းစတဲ့ ရောဂါတွေကိုလည်း ဟန့်တားပေးနိုင်မှာ ဖြစ်ပါတယ်။

  • သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ Antioxidant  လိုင်ကိုပင်းဓါတ်ဟာဆိုရင် အဆုတ်ကင်ဆာ၊ အစာအိမ်ကင်ဆာ၊ ဆီးကျိတ်ကင်ဆာစတဲ့ ရောဂါ ဖြစ်ပွားမှုတွေကို ဟန့်တားနိုင်မှာ ဖြစ်သလို နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကိုလည်း ဟန့်တားပေးနိုင်မှာ ဖြစ်ပါတယ်။
  • ခရမ်းချဉ်သီးကို နေ့စဉ်စားသုံးခြင်းကြောင့် သွေးကြောထဲမှ ကိုလက်စထရောနဲ့ အဆီရာခိုင်နှုန်း ပါဝင်မှုကိုလည်း လျှော့ချပေးနိုင်ဉီးမှာ ဖြစ်ပါတယ်။
  • ခရမ်းချဉ်သီးကို နေ့စဉ်စားသုံးခြင်းကြောင့် အစာချေစနစ်ကို ပိုမိုကောင်းမွန်စေမှာ ဖြစ်သလို ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်းစတဲ့ ရောဂါတွေ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
  • ဒါ့အပြင် ခရမ်းချဉ်သီးကို ပုံမှန်စားသုံးခြင်းကြောင့် အသည်းရောင် အသားဝါရောဂါ ဖြစ်ပွားမှုကို ဟန့်တားပေးနိုင်မှာ ဖြစ်သလို ခန္ဓာကိုယ်အတွင်းမှ အဆိပ်ဓါတ်တွေကိုလည်း ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။
 REF: IndiaTimes

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.