ရေနွေးကြမ်း တစ်နေ့တစ်ခွက် ပုံမှန်သောက်သုံးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

  • 12 Sep, 2019
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

တကယ်လို့ သင့်အနေနဲ့ ရေနွေးကြမ်း သောက်ရတာကို နှစ်သက်ပြီး တစ်နေ့ကို ရေနွေးကြမ်း အနည်းဆုံး တစ်ခွက် သောက်သုံးမိနေတယ် ဆိုရင်တော့ ခန္ဓာကိုယ်အတွင်းမှာ ရှိနေတဲ့ အစိတ်အပိုင်းတွေကို ကောင်းကျိုးဖြစ်စေဖို့ အတွက် အထောက်အကူဖြစ်စေမှာ သေချာပါတယ်။ ဒီတော့ တစ်နေ့ကို ရေနွေးကြမ်းတစ်ခွက် ပုံမှန် သောက်သုံးခြင်းကြောင့် ရရှိနိုင်တဲ့ အံ့အားသင့်ဖွယ် အကျိုးကျေးဇူးတွေကို လေ့လာကြည့်လိုက်ရအောင်။

တကယ်လို့ သင့်အနေနဲ့ ရေနွေးကြမ်း သောက်ရတာကို နှစ်သက်ပြီး တစ်နေ့ကို ရေနွေးကြမ်း အနည်းဆုံး တစ်ခွက် သောက်သုံးမိနေတယ် ဆိုရင်တော့ ခန္ဓာကိုယ်အတွင်းမှာ ရှိနေတဲ့ အစိတ်အပိုင်းတွေကို ကောင်းကျိုးဖြစ်စေဖို့ အတွက် အထောက်အကူဖြစ်စေမှာ သေချာပါတယ်။ ဒီတော့ တစ်နေ့ကို ရေနွေးကြမ်းတစ်ခွက် ပုံမှန် သောက်သုံးခြင်းကြောင့် ရရှိနိုင်တဲ့ အံ့အားသင့်ဖွယ် အကျိုးကျေးဇူးတွေကို လေ့လာကြည့်လိုက်ရအောင်။ 

  • ကင်ဆာရောဂါ ဖြစ်နိုင်စွမ်းကို လျှော့ချပေးနိုင်ပါတယ်

ရေနွေးကြမ်းမှာ ပါဝင်တဲ့ Antioxidant နဲ့ ဒြပ်ပေါင်းတွေမှာ ကင်ဆာရောဂါ ဖြစ်နိုင်စွမ်းကို လျှော့ချပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်နေပါတယ်။ အထူးသဖြင့် အရေပြားကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ အဆုတ်ကင်ဆာ၊ ရင်သားကင်ဆာ အစရှိတဲ့ ကင်ဆာရောဂါ ဖြစ်ပွားမှုကို တစ်နေ့ကို ရေနွေးကြမ်းတစ်ခွက် ပုံမှန် သောက်သုံးပေးခြင်းဖြင့် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • အသားအရေကို ချောမွေ့လှပစေပါတယ်

တစ်နေ့ကို ရေနွေးကြမ်း တစ်ခွက် ပုံမှန်သောက်သုံးပေးမယ်ဆိုရင် အရေပြားကင်ဆာ ရောဂါဖြစ်ပွားမှုကို ဟန့်တားပေးနိုင်တဲ့ အပြင် ခန္ဓာကိုယ် အသားအရေကို ချောမွေ့လှပစေပါတယ်။ ဒါ့အပြင် ရေနွေးကြမ်းနွေး တစ်ခွက်ကို သောက်သုံးခြင်းက ရေနွေးကြမ်းအေးကို သောက်သုံးခြင်းထက် ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အတွက် ပိုမိုအကျိုးဖြစ်ထွန်းစေတယ်လို့ သိရပါတယ်။

  • သွေးချိုရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်

နေ့စဉ်နေ့တိုင်း ရေနွေးကြမ်း ပုံမှန်သောက်သုံးပေးမယ် ဆိုရင် သွေးတွင်း အချိုဓါတ်လွန်ကဲခြင်းကို ထိန်းညှိပေးမှာ ဖြစ်တာကြောင့် သွေးချိုရောဂါ ဖြစ်ပွားမှုကိုလည်း ဟန့်တားပေးနိုင်မှာ ဖြစ်ပါတယ်။

  • သွားများကို ကြံ့ခိုင်သန်စွမ်းစေပါတယ်

တစ်နေ့ကို လက်ဘက်စိမ်း ရေနွေးကြမ်း တစ်ခွက် သောက်သုံးခြင်းကြောင့် သွားများကိုလည်း ကြံ့ခိုင် သန်စွမ်းစေမှာ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ လက်ဘက်စိမ်းမှာ ဘက်တီးရီးယားပိုးတွေကို ခုခံကာကွယ်နိုင်တဲ့ ဒြပ်ပေါင်းတွေ ပါဝင်တာကြောင့် သွားများကို ကြံ့ခိုင်သန်စွမ်းစေတာ ဖြစ်ပါတယ်။

  • အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားနိုင်နှုန်းကို လျှော့ချပေးနိုင်ပါတယ်

အယ်လ်ဇိုင်းမားရောဂါဆိုတာ တကယ်ကို ကြောက်ဖို့ကောင်းတဲ့ ရောဂါတစ်ခုပဲ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုကို ဟန့်တားချင်တယ်ဆိုရင် လက်ဘက်စိမ်း ရေနွေးကြမ်းကို တစ်နေ့တစ်ခွက် ပုံမှန်သောက်သုံးခြင်းဖြင့် ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ လက်ဘက်စိမ်းမှာ ပါဝင်တဲ့ အစွမ်းသတ္တိတွေဟာ စိတ်ဖိစီးမှုကို လျှော့ချပေးပြီး အယ်လ်ဇိုင်းမားရောဂါ ဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

  • နှစ်ခြိုက်စွာ အိပ်ပျော်စေပါတယ်

တကယ်လို့ ညဘက်တွေမှာ အိပ်ပျော်ဖို့ အတွက် ရုန်းကန်နေရတယ် ဆိုရင်တော့ အိပ်ယာမဝင်ခင် အချိန်မှာ ရေနွေးကြမ်း တစ်ခွက် သောက်သုံးခြင်းဖြင့် နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်မှာ ဖြစ်ပါတယ်။

  • အာရုံစူးစိုက်နိုင်စွမ်းကို မြှင့်တင်ပေးပါတယ်

သင့်အနေနဲ့ အလုပ်လုပ်တဲ့အခါမှာ၊ စာကျက်နေတဲ့ အခါမှာ အာရုံစူးစိုက်လို့ မရခဲ့ဘူးဆိုရင် ရေနွေးကြမ်း နွေးနွေးလေး တစ်ခွက် သောက်သုံးလိုက်ခြင်းဖြင့် အာရုံစူးစိုက်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်မှာ ဖြစ်ပါတယ်။

Ref: ReadersDigest

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.