လေဖြတ်ခြင်းဝေဒနာနဲ့ ပတ်သတ်ပြီးသိထားသင့်တဲ့ အချက်များ
- 12 Sep, 2019
- အဖြစ်များသောရောဂါများ
လေဖြတ်ခြင်းဝေဒနာ ဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ဦးနှောက်ကို ပို့ဆောင်ပေးနေတဲ့ သွေးကြောပိတ်ခြင်း၊ သွေးကြောပေါက်ခြင်းတို့ ဖြစ်ပေါ်ပြီး ဦးနှောက်အတွင်း အောက်စီဂျင်ဓါတ် ပြတ်တောက်သွားကာ ခန္ဓာကိုယ်ကို စေခိုင်းနေတဲ့ ဦးနှောက်ဆဲလ်များ သေဆုံးသွားခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နှစ်ကို ကမ္ဘာ့လူဦးရေ ၁၅ သန်းခန့် လေဖြတ်ဝေဒနာကို ခံစားနေရပြီး ၆ သန်းခန့် လေဖြတ်ဝေဒနာကြောင့် သေဆုံးခဲ့ရပါတယ်။
လေဖြတ်ခြင်းဝေဒနာ
ဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ဦးနှောက်ကို ပို့ဆောင်ပေးနေတဲ့
သွေးကြောပိတ်ခြင်း၊ သွေးကြောပေါက်ခြင်းတို့ ဖြစ်ပေါ်ပြီး ဦးနှောက်အတွင်း အောက်စီဂျင်ဓါတ်
ပြတ်တောက်သွားကာ ခန္ဓာကိုယ်ကို စေခိုင်းနေတဲ့ ဦးနှောက်ဆဲလ်များ
သေဆုံးသွားခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နှစ်ကို ကမ္ဘာ့လူဦးရေ ၁၅
သန်းခန့် လေဖြတ်ဝေဒနာကို ခံစားနေရပြီး ၆ သန်းခန့် လေဖြတ်ဝေဒနာကြောင့်
သေဆုံးခဲ့ရပါတယ်။
အဓိကအားဖြင့် လေဖြတ်ရောဂါ
အမျိုးအစားနှစ်မျိုး ရှိပါတယ်။
- ဦးနှောက်တွင်း
သွေးကြောပိတ်ပြီး လေဖြတ်ခြင်း
- ဦးနှောက်တွင်း
သွေးကြောပေါက်ပြီး လေဖြတ်ခြင်း
ဒီတော့ လေဖြတ်ခြင်းကို
ဖြစ်ပေါ်စေနိုင်တဲ့ အကြောင်းအရင်းတွေကို ဆက်ပြီးလေ့လာကြည့်လိုက်ရအောင်။
- အဝလွန်ခြင်း
- ကိုယ်လက်လှုပ်ရှားမှုမရှိခြင်း
- အရက်အလွန်အကျွံသောက်သုံးခြင်း
- မူးယစ်ဆေးဝါးသုံးစွဲခြင်း
- ဆေးလိပ်သောက်ခြင်း၊
တဆင့်ခံဆေးလိပ်ငွေ့ရှူရှိုက်ခြင်း
- သွေးအတွင်းအဆီဓါတ်များခြင်း
- စိတ်ကျဝေဒနာခံစားနေရခြင်း
- နှလုံးရောဂါခံစားနေရခြင်း
- ဆီးချို
သွေးချိုရောဂါရှိခြင်း
- သွေးပေါင်ချိန်မြင့်တက်ခြင်း
- လည်ပင်းသွေးကြောထူခြင်း/
ကျဉ်းခြင်း
- အသက်ကြီးလာခြင်း
အသက် (၅၅) နှစ်အထက်
လူပုဂ္ဂိုလ်တွေအနေနဲ့ လေဖြတ်ရောဂါကို ငယ်ရွယ်သူတွေထက် ပိုမိုခံစားရလေ့ ရှိပါတယ်။
- အမျိုးသားဖြစ်ခြင်း
လေ့လာတွေ့ရှိချက်တွေအရ
လေဖြတ်ဝေဒနာကို အမျိုးသားတွေ အနေနဲ့ အမျိုးသမီးတွေထက် ပိုမိုခံစားရလေ့ရှိတယ်လို့
သိရပါတယ်။ ဒါပေမယ့် လေဖြတ်ဝေဒနာကြောင့် အသက်သေဆုံးမှုမှာတော့ အမျိုးသမီးတွေက
အမျိုးသားတွေထက် ပိုမိုများပြားလျက်ရှိပါတယ်။
- မျိုးရိုးလိုက်ခြင်း
တကယ်လို့
သင့်ရဲ့မိဘမျိုးရိုးထဲမှာ လေဖြတ်ဝေဒနာခံစားခဲ့ရသူ ရှိခဲ့မယ်ဆိုရင်လည်း သင့်အနေနဲ့
လေဖြတ်ဝေဒနာကို ခံစားရနိုင်ပါတယ်။
အခုဆိုရင်
လေဖြတ်ဝေဒနာဖြစ်ပွားရခြင်း အကြောင်းအရင်းတွေကို သိရှိသွားပြီဖြစ်တာကြောင့်
လေဖြတ်ဝေဒနာ စတင်ခံစားရစဉ်အချိန်မှာ ကြုံတွေ့ရလေ့ရှိတဲ့ ရောဂါလက္ခဏာတွေကို
လေ့လာကြည့်လိုက်ရအောင်။
- အမြင်ဝေဝါးခြင်း
- စကားပြောရာမှာ
အခက်အခဲများနဲ့ ရင်ဆိုင်ရခြင်း
- အခြားသူများပြောတာကို
နားမလည်ခြင်း
- မကြာခဏ အပြင်းအထန်
ခေါင်းကိုက်ခြင်း
- မျက်နှာ၊ လက်၊ ခြေထောက်တို့
ရုတ်တရုက်ထုံထိုင်းခြင်း၊ လှုပ်မရခြင်း
- လမ်းလျှောက်ရာမှာ
အခက်အခဲများနဲ့ ရင်ဆိုင်ရခြင်းစတဲ့ ရောဂါလက္ခဏာတွေကို ခံစားရလေ့ရှိပါတယ်။
တကယ်လို့ သင့်အနေနဲ့
ဖော်ပြပါ ရောဂါလက္ခဏာတွေကို ခံစားနေရပြီဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်နဲ့
ဆွေးနွေးတိုင်ပင်ပြီး အမြန်ဆုံး ကုသသင့်ပါတယ်။
REF: Wikipedia, MayoClinic, WebMd
