အဆုတ်ကင်ဆာဖြစ်ပွားခြင်းမရှိအောင် ဘယ်လိုကြိုတင်ကာကွယ်ရမလဲ

  • 12 Sep, 2019
  • ကင်ဆာရောဂါများ

ဆေးလိပ်သောက်ခြင်းက အဆုတ်ကင်ဆာရောဂါကို အဓိကဖြစ်ပွားစေတဲ့ ပင်မအကြောင်းအရင်း ဖြစ်တာကြောင့် အဆုတ်ကင်ဆာ ရောဂါဖြစ်ပွားခြင်း မဖြစ်အောင် ကာကွယ်ဖို့ အတွက် အရေးကြီးဆုံး အချက်ကတော့ ဆေးလိပ်ဖြတ်ဖို့ပဲ ဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်ဖို့ ဆိုတာကလည်း လွယ်တဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဆေးလိပ်ထဲမှာ ပါဝင်တဲ့ နီကိုတင်းဟာဆိုရင် လူကိုစွဲလမ်းစေပါတယ်။

ဆေးလိပ်သောက်ခြင်းက အဆုတ်ကင်ဆာရောဂါကို အဓိကဖြစ်ပွားစေတဲ့ ပင်မအကြောင်းအရင်း ဖြစ်တာကြောင့် အဆုတ်ကင်ဆာ ရောဂါဖြစ်ပွားခြင်း မဖြစ်အောင် ကာကွယ်ဖို့ အတွက် အရေးကြီးဆုံး အချက်ကတော့ ဆေးလိပ်ဖြတ်ဖို့ပဲ ဖြစ်ပါတယ်။ ဆေးလိပ်ဖြတ်ဖို့ ဆိုတာကလည်း လွယ်တဲ့ကိစ္စတစ်ခုတော့ မဟုတ်ပါဘူး။ ဆေးလိပ်ထဲမှာ ပါဝင်တဲ့ နီကိုတင်းဟာဆိုရင် လူကိုစွဲလမ်းစေပါတယ်။

ဒါပေမယ့်လည်း ကမ္ဘာတစ်ဝှမ်းလုံးမှ လူသန်းပေါင်းများစွာ ဆေးလိပ်ကိုအလွန်အကျွံစွဲလမ်းနေရာကနေ ဆေးလိပ်ဖြတ်နိုင်ခဲ့တဲ့ သာဓကတွေလည်း ရှိနေခဲ့တာကြောင့် ကြိုးစားပြီး ဆေးလိပ်ဖြတ်ကြည့်ဖို့ အကြံပြုချင်ပါတယ်။ တကယ်လို့ ဆေးလိပ်ဖြတ်ဖို့ အခက်အခဲရှိနေတယ် ဆိုရင်လည်း ဆရာဝန်နဲ့ တိုင်ပင်ပြီး ကြိုးစားကြည့်ဖို့ အကြံပေးချင်ပါတယ်။ ဆေးလိပ် မသောက်တတ်ဘူး ဆိုရင်လည်း ဆေးလိပ်သောက်သုံးသူတွေနဲ့ အတတ်နိုင်ဆုံး ဝေးရာမှာ နေမယ်ဆိုရင် အဆုတ်ကင်ဆာရောဂါ ဖြစ်ပွားမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

နောက်ထပ်တစ်ချက်ကတော့ ကျောက်မီးသွေးတွင်းတွေ၊ မိုင်းတွင်းတွေ၊ ကြိတ်စက်တွေ၊ ယူရေနီယမ်သတ္တုတွင်းတွေ၊ ဓါတုဗေဒထုတ်လုပ်ရေး လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေသူတွေ အနေနဲ့ အဓိက သတိထားရမယ့်အချက် ဖြစ်ပါတယ်။ လုပ်ငန်းခွင်ကို ရောက်ပြီဆိုတာနဲ့ သတ်မှတ်ဝတ်စုံကို ဝတ်စုံပြည့် ဝတ်ထားမယ်၊ မျက်နှာဖုံး တပ်ထားမယ် ဆိုရင်တော့ စားဝတ်နေရေးအတွက် ဖော်ပြပါ လုပ်ငန်းခွင်တွေမှာ လုပ်ကိုင်နေရပေမယ့် အဆုတ်ကင်ဆာ ဖြစ်ပွားမှု ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

အိမ်ရှင်မတွေ အနေနဲ့လည်း ထမင်း၊ ဟင်းချက်ပြုတ်ရာမှာ ထင်းမီးသွေး အသုံးပြုမှုတွေ၊ မီးသွေး အသုံးပြုမှုတွေကို အတတ်နိုင်ဆုံး ရှောင်ရှားမယ်ဆိုရင် အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်နိုင်မှာ အသေအချာပါပဲ။ ဒါ့အပြင် တစ်နေ့ကို တစ်နာရီခန့် ပုံမှန်လေ့ကျင့်ခန်း လုပ်ပေးခြင်းဖြင့် အဆုတ်ကင်ဆာ ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်မှာပဲ ဖြစ်ပါတယ်။

အရည်ရွှမ်းတဲ့ အသီးအနှံတွေဖြစ်တဲ့ ပန်းသီး၊ လိမ္မော်သီး၊ ခရမ်းချဉ်သီး၊ အစိမ်းရောင် အသီးအနှံတွေဖြစ်တဲ့ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်းတို့ကို နေ့စဉ် ပုံမှန်စားသုံးခြင်းဖြင့်လည်း အဆုတ်ကင်ဆာ ရောဂါဖြစ်ပွားမှုနှုန်းကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ တစ်နေ့ကို လက်ဖက်စိမ်း ဖျော်ရည် တစ်ခွက် ပုံမှန်သောက်သုံးပေးမယ် ဆိုရင် ဆေးလိပ်သောက်ခြင်းကြောင့် ပျက်ဆီးသွားတဲ့ အဆုတ်တွင်းဆဲလ်တွေကို ပြန်လည်ကုစားပေးနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် အဆုတ်ကင်ဆာ ဖြစ်ပွားမှုကို ကာကွယ်ဖို့အတွက် အရက်ဘီယာ သောက်သုံးခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။ နောက်တစ်ချက်ကတော့ တချို့သောဖြည့်စွက်အားဆေးတွေ သောက်သုံးခြင်းကို ရှောင်ကြဉ်ဖို့ပဲ ဖြစ်ပါတယ်။ တချို့သော ဖြည့်စွက်အားဆေးမှာ ပါဝင်တဲ့ ကယ်ရိုတင်းဓါတ်ဟာ အဆုတ်ကင်ဆာ ရောဂါကိုဖြစ်စေသောကြောင့် ဆရာဝန်လမ်းညွှန်ချက်မပါပဲ မသောက်သုံးသင့်ပါဘူး။ ဒီလောက်ဆိုရင်တော့ အဆုတ်ကင်ဆာ မဖြစ်အောင် ကြိုတင် ကာကွယ်ရမယ့် အချက်လေးတွေလည်း သိသွားလောက်ပြီလို့ မျှော်လင့်ပါတယ်။

REF: VeryWellHealth

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.