အဆုတ်ကင်ဆာ ဖြစ်ပွားရခြင်းရဲ့ အကြောင်းအရင်းများ
- 12 Sep, 2019
- ကင်ဆာရောဂါများ
အဆုတ်ကင်ဆာရောဂါ ဆိုတာကတော့ ကင်ဆာရောဂါတွေထဲမှာ အဖြစ်အများဆုံး ကင်ဆာရောဂါ တစ်ခုပဲ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ အဆုတ်ကင်ဆာကြောင့် သေဆုံးသူ လူဉီးရေဟာ အူမကြီးကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာကြောင့် စုစုပေါင်း သေဆုံးသူ လူဉီးရေထက် ပိုမိုများပြားတယ်လို့ သိရပါတယ်။ အမေရိကန် ကင်ဆာအဖွဲ့အစည်းရဲ့ လေ့လာတွေ့ရှိချက်များအရ လက်ရှိအချိန်ထိ အမေရိကန်နိုင်ငံမှာ အဆုတ်ကင်ဆာ ဖြစ်ပွားသူ လူဉီးရေ (၂၂၀၀၀၀) ခန့် ရှိနေပြီး သေဆုံးသူ လူဉီးရေ စုစုပေါင်း (၁၄၂၀၀၀) ခန့် ရှိနေပြီလို့ သိရပါတယ်။
အဆုတ်ကင်ဆာရောဂါ ဆိုတာကတော့
ကင်ဆာရောဂါတွေထဲမှာ အဖြစ်အများဆုံး ကင်ဆာရောဂါ တစ်ခုပဲ ဖြစ်ပါတယ်။
လေ့လာတွေ့ရှိချက်များအရ အဆုတ်ကင်ဆာကြောင့် သေဆုံးသူ လူဉီးရေဟာ အူမကြီးကင်ဆာ၊
ဆီးကျိတ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာကြောင့် စုစုပေါင်း သေဆုံးသူ လူဉီးရေထက်
ပိုမိုများပြားတယ်လို့ သိရပါတယ်။ အမေရိကန် ကင်ဆာအဖွဲ့အစည်းရဲ့
လေ့လာတွေ့ရှိချက်များအရ လက်ရှိအချိန်ထိ အမေရိကန်နိုင်ငံမှာ အဆုတ်ကင်ဆာ ဖြစ်ပွားသူ
လူဉီးရေ (၂၂၀၀၀၀) ခန့် ရှိနေပြီး သေဆုံးသူ လူဉီးရေ စုစုပေါင်း (၁၄၂၀၀၀) ခန့်
ရှိနေပြီလို့ သိရပါတယ်။
(၁၉၃၀)
ပြည့်နှစ် မတိုင်ခင် အချိန်မှာ အဆုတ်ကင်ဆာ ရောဂါဖြစ်ပွားသူ လူဉီးရေ အလွန်အမင်းကို
နည်းပါးခဲ့တယ်လို့ သိရပါတယ်။ (၁၉၃၀) ပြည့်နှစ်နောက်ပိုင်းမှာတော့ ဆေးရွက်ကြီး
သုံးစွဲမှုတွေ စတင်များပြားလာခဲ့ပြီး အဆုတ်ကင်ဆာ ရောဂါသည်တွေလည်း
စတင်ပေါ်ပေါက်လို့ လာခဲ့ပါတယ်။
အဆုတ်ကင်ဆာဖြစ်ပွားရခြင်းရဲ့
အဓိက အကြောင်းအရင်းကတော့ စီးကရက်သောက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ စီးကရက်သောက်တဲ့
သက်တမ်းရင့်လာလေလေ အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ ရာခိုင်နှုန်းများလာနိုင်လေပါပဲ။
ဆေးတံနဲ့ဆေးပေါ့လိပ် သောက်သုံးသူတွေမှာလည်း အဆုတ်ကင်ဆာ ရောဂါဖြစ်ပွားနိုင်ခြေ
ရှိပေမယ့် စီးကရက်သောက်သူတွေလောက်တော့ ဖြစ်ပွားနိုင်ခြေ မရှိပါဘူး။
ဆေးလိပ်တစ်လိပ်မှာ ကင်ဆာကို
ဖြစ်ပွားစေနိုင်တဲ့ ဓါတုပစ္စည်းပေါင်း (၄၀၀၀) ကျော်ပါဝင်ပြီး ဆေးလိပ်မှာ
အဓိကပါဝင်တဲ့ ဓါတုပစ္စည်းများဖြစ်ကြတဲ့ Nitrosamines နဲ့ Polycyclic Aromatic Hydrocarbo တို့ဟာဆိုရင် ကင်ဆာရောဂါ ဖြစ်ပွားဖို့ အဓိက
အထောက်အပံ့ပေးနေတဲ့ ဓါတုပစ္စည်းများပဲ ဖြစ်ပါတယ်။
ဒါ့အပြင်
ဆေးလိပ်မသောက်တတ်ပေမယ့် ဆေးလိပ်နံ့ကိုနေ့စဉ်ရှူရှိုက်နေရတဲ့ ပုဂ္ဂိုလ်တွဟာ
ဆိုရင်လည်း အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ ရှိပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဆေးလိပ်
မသောက်တတ်ပေမယ့် ဆေးလိပ်သောက်သုံးသူ တစ်ဉီးဘေးမှာ နေ့စဉ်ရှိနေသူ လူတစ်ယောက်ဟာ
သာမန်လူတစ်ဉီးထက် အဆုတ်ကင်ဆာရောဂါ (၂၄) ရာခိုင်နှုန်းခန့် ပိုမိုဖြစ်ပွားနိုင်တယ်လို့
သိရပါတယ်။ အခုဆိုရင် အမေရိကန်နိုင်ငံမှာ ဆေးလိပ်မသောက်တတ်ပေမယ့် ဆေးလိပ်ငွေ့ကို
နေ့စဉ် ရှူရှိုက်နေရမှုကြောင့် တစ်နှစ်လျှင် အဆုတ်ကင်ဆာ ရောဂါ ဖြစ်ပွားပြီး
သေဆုံးသူ လူဉီးရေ (၇၀၀၀) ခန့် ရှိတယ်လို့ သိရပါတယ်။
မိုင်းတွင်းတွေ၊
ကြိတ်စက်တွေ၊ ဓါတုဗေပစ္စည်းထုတ်လုပ်ရေးတွေမှာ လုပ်ကိုင်သူတွေ အနေနဲ့လည်း
အာဆင်းနစ်၊ ခရိုမီယမ်၊ နီကယ်၊ ကျောက်ဂွမ်းစတဲ့ ဓါတုဗေဒပစ္စည်းတွေကို နေ့စဉ်
ရှူရှိုက် နေရတာကြောင့် အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ ရှိတယ်လို့ သိရပါတယ်။
ဖော်ပြပါလုပ်ငန်းတွေမှာ လုပ်ကိုင်နေတဲ့ အပြင် ဆေးလိပ်ကို နေ့စဉ်ပုံမှန် သောက်သုံးမယ်
ဆိုရင်တော့ အဆုတ်ကင်ဆာ ဖြစ်ပွားဖို့ သေချာသလောက် ဖြစ်နေခဲ့ပါပြီ။
နောက်ထပ် တစ်ချက်ကတော့
ယူရေနီယမ် သတ္တုတွင်းတွေမှာ များသားအားဖြင့် မြင်တွေ့ရလေ့ရှိတဲ့ ရေဒီယိုသတ္တိကြွ
ရေဒွန်ဓါတ်ငွေ့ကြောင့်လည်း အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။
ရေဒွန်ဓါတ်ငွေ့ကြောင့် အဆုတ်ကင်ဆာ ဖြစ်ပွားပြီး သေဆုံးသူ လူဉီးရေ တစ်နှစ်ကို
(၂၁၀၀၀) ခန့် ရှိတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဒီဇယ် အိပ်ဇောဓါတ်ငွေ့တွေ၊
လေထုညစ်ညမ်းမှုတွေ၊ ထင်းမီးသွေးသွေးငွေ့တွေ၊ ကျောက်မီးသွေးငွေ့တွေကြောင့်လည်း
အဆုတ်ကင်ဆာ ဖြစ်ပွားနိင်ပါတယ်။
ဒီလိုဆိုရင်တော့ အဆုတ်ကင်ဆာ
ဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းတွေကို သိရှိသွားပြီ ဖြစ်တာကြောင့်
ရှောင်ရှားသင့်တာတွေကို တတ်နိုင်သလောက် ရှောင်ရှားဖို့အတွက် အကြံပေးလိုက်ပါရစေ။
Ref: MayoClinic, CancerCenter
