သန္ဓေတားဆေးကို သောက်သုံးခြင်းကြောင့် ခံစားရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးများ
- 10 Sep, 2019
- မျိုးဆက်ပွားကျန်းမာရေး
သန္ဓေတားဆေးကို အသက် ၁၅ နှစ်မှ ၄၄ နှစ်ကြား အမျိုးသမီးဦးရေရဲ့ ၁၆ ရာခိုင်နှုန်းခန့် အသုံးပြုလေ့ ရှိကြပါတယ်။ သန္ဓေတားဆေးကို သောက်သုံးခြင်းကြောင့် ကိုယ်ဝန်ရရှိမှုကို ကာကွယ်ပေးနိုင်တဲ့အပြင် သားဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ရင်သားအလုံးအကျိတ်ရောဂါများ၊ လစဉ်ရာသီသွေးဆင်းလွန်ခြင်းနဲ့ ဆက်နွယ်သော သွေးအားနည်းရောဂါများကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သန္ဓေသားဆေးကို သောက်သုံးခြင်းကြောင့် ကောင်းကျိုးတွေ ဖြစ်ပွားစေနိုင်သလို ဘေးထွက်ဆိုးကျိုးတွေလည်း ခံစားရနိုင်ပါသေးတယ်။ ဒီတော့ သန္ဓေသားဆေးကို သောက်သုံးခြင်းကြောင့် ခံစားရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို လေ့လာကြည့်လိုက်ရအောင်။
သန္ဓေတားဆေးကို အသက် ၁၅
နှစ်မှ ၄၄ နှစ်ကြား အမျိုးသမီးဦးရေရဲ့ ၁၆ ရာခိုင်နှုန်းခန့် အသုံးပြုလေ့
ရှိကြပါတယ်။ သန္ဓေတားဆေးကို သောက်သုံးခြင်းကြောင့် ကိုယ်ဝန်ရရှိမှုကို
ကာကွယ်ပေးနိုင်တဲ့အပြင် သားဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ရင်သားအလုံးအကျိတ်ရောဂါများ၊
လစဉ်ရာသီသွေးဆင်းလွန်ခြင်းနဲ့ ဆက်နွယ်သော သွေးအားနည်းရောဂါများကိုလည်း
ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ သန္ဓေသားဆေးကို သောက်သုံးခြင်းကြောင့် ကောင်းကျိုးတွေ
ဖြစ်ပွားစေနိုင်သလို ဘေးထွက်ဆိုးကျိုးတွေလည်း ခံစားရနိုင်ပါသေးတယ်။ ဒီတော့
သန္ဓေသားဆေးကို သောက်သုံးခြင်းကြောင့် ခံစားရနိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို
လေ့လာကြည့်လိုက်ရအောင်။
- ဓမ္မတာကြားကာလအတွင်း
သွေးဆင်းခြင်း
သန္ဓေတားဆေးကို
စတင်သုံးစွဲတဲ့ ပထမသုံးလ အတွင်းမှာ ဓမ္မတာကာလ မဟုတ်ပဲ သွေးဆင်းခြင်းဝေဒနာကို
ခံစားရနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ သန္ဓေတားဆေး သုံးစွဲခြင်းကြောင့် ၅
ရက်ဆက်တိုက် သွေးဆင်းခြင်း ဒါမှမဟုတ် ၃ ရက်ထက်ပိုပြီး သွေးအလွန်အကျွံဆင်းနေခဲ့မယ်
ဆိုရင်တော့ နီးစပ်ရာဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါတယ်။
- မူးဝေခြင်း
သန္ဓေတားဆေးကို
စတင်သုံးစွဲတဲ့ တချို့သော အမျိုးသမီးတွေအနေနဲ့ မူးဝေခြင်း၊ အော့အန်ခြင်း၊
မအီမသာဖြစ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ တကယ်လို့ ဖော်ပြပါ ဝေဒနာတွေကို
အချိန်အကြာကြီး ခံစားနေရမယ် ဆိုရင်တော့ နီးစပ်ရာ ဆရာဝန်နဲ့ အမြန်ဆုံး
ပြသသင့်ပါတယ်။
- ရင်သားများ
တင်းမာခြင်း
သန္ဓေတားဆေးကို
စတင်သုံးစွဲစဉ်ကာလမှာ သုံးစွဲသူအမျိုးသမီးတွေ အနေနဲ့ ရင်သားကြီးခြင်း၊
ရင်သားတင်းမာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- ခေါင်းကိုက်ခြင်း
သန္ဓေတားဆေးမှာ ပါဝင်တဲ့
ဟော်မုန်းကြောင့် သုံးစွဲသူ အမျိုးသမီးတွေ အနေနဲ့ ခေါင်းကိုက်ခြင်း ဝေဒနာကို
ခံစားရနိုင်ပါတယ်။
- ကိုယ်အလေးချိန်တက်ခြင်း
လေ့လာတွေ့ရှိချက်တွေအရ
သန္ဓေတားဆေးကို သုံးစွဲခြင်းကြောင့် ၆ လကနေ ၁ နှစ်အတွင်း ခန္ဓာကိုယ် အလေးချိန် ၄.၄
ပေါင်ခန့် မြင့်တက်လာနိုင်တယ်လို့ သိရပါတယ်။
- စိတ်ခံစားချက်ပြောင်းလဲခြင်း
သန္ဓေတားဆေးကို
သုံးစွဲခြင်းကြောင့် သုံးစွဲသူ အမျိုးသမီးတွေ အနေနဲ့ စိတ်ဓါတ်ကျခြင်း၊
စိတ်မအီမသာဖြစ်ခြင်းစတဲ့ ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။
REF: MedicalNewsToday