အသည်းအဆီဖုံးရောဂါ ဖြစ်ပွားနေကြောင်း သိရှိနိုင်တဲ့ ရောဂါလက္ခဏာများ
- 09 Sep, 2019
- အဖြစ်များသောရောဂါများ
အသည်းအဆီဖုံးရောဂါ ဆိုတာကတော့ အသည်းနဲ့သက်ဆိုင်တဲ့ ရောဂါတွေထဲမှာ အဖြစ်အများဆုံး ရောဂါတစ်ခု ဖြစ်တယ်လို့ သိရပါတယ်။ အသည်းနဲ့သက်ဆိုင်တဲ့ ရောဂါအများစု ဖြစ်ပွားရခြင်းရဲ့ အဓိက အကြောင်းအရင်းက အရက်ကြောင့် ဖြစ်ပေမယ့် အသည်းအဆီဖုံးရောဂါကတော့ အရက်မသောက်သူတွေမှာလည်း အဖြစ်များကြောင်း လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။
အသည်းအဆီဖုံးရောဂါ
ဆိုတာကတော့ အသည်းနဲ့သက်ဆိုင်တဲ့ ရောဂါတွေထဲမှာ အဖြစ်အများဆုံး ရောဂါတစ်ခု ဖြစ်တယ်လို့
သိရပါတယ်။ အသည်းနဲ့သက်ဆိုင်တဲ့ ရောဂါအများစု ဖြစ်ပွားရခြင်းရဲ့ အဓိက အကြောင်းအရင်းက
အရက်ကြောင့် ဖြစ်ပေမယ့် အသည်းအဆီဖုံးရောဂါကတော့ အရက်မသောက်သူတွေမှာလည်း အဖြစ်များကြောင်း
လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။
လေ့လာတွေ့ရှိချက်တွေအရ
အမေရိကန်နိုင်ငံ လူဦးရေ စုစုပေါင်းရဲ့ (၃၀) ရာခိုင်နှုန်းခန့် အသည်းအဆီဖုံးရောဂါကို
ခံစားနေရတယ်လို့ သိရပါတယ်။ ဒါ့အပြင် အသည်းအဆီဖုံးရောဂါ ဖြစ်ပွားနေတဲ့ ရောဂါသက်တမ်း
ကြာမြင့်လာခဲ့ပြီဆိုရင် အသည်းခြောက်ရောဂါအဖြစ် ပြောင်းလဲသွားနိုင်တယ်လို့ သိရပါတယ်။
ဒါကြောင့် ရောဂါသက်တမ်း မရင့်ခင်မှာ သက်ဆိုင်ရာ ဆရာဝန်နဲ့ စမ်းသပ်ကုသနိုင်ဖို့ အတွက်
အသည်းအဆီဖုံးရောဂါ ခံစားနေရပြီဆိုရင် ဖြစ်လာလေ့ရှိတဲ့ ရောဂါလက္ခဏာတွေကို ဖော်ပြပေးလိုက်ပါတယ်။
- ပုံမှန်ထက်
အစာပိုစားလာခြင်း
တကယ်လို့ သင့်အနေနဲ့
ပုံမှန်ထက် အစာပိုစားလာမယ်၊ အမြဲတမ်းလိုလို ဗိုက်ဆာနေမယ်၊ အချိုဓါတ်လွန်ကဲတဲ့ အစားအစာတွေကို
အရင်ကထက် ပိုပြီး ကြိုက်နှစ်သက်လာမယ် ဆိုရင်တော့ အသည်းအဆီဖုံး ရောဂါဖြစ်ပွားနေတဲ့အခါ
တွေ့ရလေ့ရှိတဲ့ ရောဂါလက္ခဏာတွေနဲ့ ကိုက်ညီနေတာကြောင့် သက်ဆိုင်ရာ ဆရာဝန်နဲ့ သွားရောက်တွေ့ဆုံ
ဆွေးနွေးသင့်ပါတယ်။
- အဝလွန်ခြင်း
အဝလွန်နေသူ
အများစုဟာ ပုံမှန်လူတွေထက် အသည်းအဆီဖုံးရောဂါ ပိုမို ဖြစ်နိုင်ခြေများတယ်လို့ သိရပါတယ်။
- ကိုလက်စထရောလယ်ဗယ်
မြင့်တက်လာခြင်း
သွေးတွင်း အဆီလယ်ဗယ်မြင့်တက်လာခဲ့မယ်ဆိုရင်
အသည်းတွင်း အဆီဖုံးရောဂါ ဖြစ်နိုင်ခြေရှိပါတယ်။ တကယ်လို့ အဆီများတဲ့အစားအစာတွေကို စားရတာနှစ်သက်သူတစ်ယောက်ဆိုရင်
သွေးတွင်း ကိုလက်စထရော/ အဆီလယ်ဗယ် မြင့်တက်လာမှာ ဖြစ်ပြီး အသည်းမှာလည်း ကိုလက်စထရောလယ်ဗယ် မြင့်တက်သွားမှာ ဖြစ်ပါတယ်။
- ဆီးချိုရောဂါ
ဖြစ်ပွားခြင်း
လေ့လာတွေ့ရှိချက်တွေအရ
ဆီးချိုရောဂါခံစားနေရသူ ဝေဒနာရှင် ၆၅ ရာခိုင်နှုန်းမှာ အသည်းအဆီဖုံး ရောဂါ ဖြစ်ပွားနေလေ့
ရှိတယ်လို့ သိရပါတယ်။
- သွေးပေါင်ချိန်မြင့်တက်ခြင်း
သွေးပေါင်ချိန်
အမြဲတမ်း မြင့်တက်နေမယ် ဆိုရင်လည်း အသည်းအဆီဖုံး ရောဂါ ဖြစ်ပွားနိုင်ပါတယ်။
- မျိုးရိုးလိုက်ခြင်း
တကယ်လို့ သင့်ရဲ့မျိုးရိုးထဲမှာ
အသည်းအဆီဖုံးရောဂါ ဖြစ်ပွားဖူးသူ ရှိခဲ့မယ် ဆိုရင်လည်း အသည်းအဆီဖုံး ရောဂါ ဖြစ်ပွားနိုင်ခြေရှိတယ်လို့
သိရပါတယ်။
- အမြဲတမ်း ပင်ပန်းနွမ်းနယ်နေခြင်း
အသည်းအဆီဖုံး
ရောဂါ ခံစားနေရပြီဆိုရင် သိသားထင်ရှားတဲ့ ရောဂါလက္ခဏာတွေကို မြင်တွေ့နိုင်ခြင်း မရှိပါဘူး။
ဒါပေမယ့် အမြဲတမ်း ပင်ပန်းနွမ်းနယ်နေမယ်၊ အားအင်ချည့်နဲ့နေမယ် ဆိုရင်တော့ အသည်းအဆီဖုံး
ရောဂါခံစားနေရရင် ဖြစ်ပွားလေ့ရှိတဲ့ ရောဂါလက္ခဏာတွေနဲ့ ကိုက်ညီနေမှာပဲ ဖြစ်ပါတယ်။
REF: Fatty Liver Disease
