သွားများကိုကြံ့ခိုင်သန်စွမ်းစေဖို့ လုပ်ဆောင်သင့်တဲ့နည်းလမ်းများ
- 09 Sep, 2019
- သွားနှင့်ခံတွင်း
ကျွန်တော်တို့လူသားတွေ အနေနဲ့ အခြားသောခန္ဓာကိုယ် အစိတ်အပိုင်းတွေ ကျန်းမာသန်စွမ်းနေစေဖို့ အတွက် ဆောင်ရန်ရှောင်ရန်တွေကို အလေးနက်ထား ဂရုပြုပြီး လိုက်နာကျင့်သုံးလေ့ရှိပေမယ့် သွားကျန်းမာရေးနဲ့ ပတ်သတ်လို့တော့ အလေးပေး ဂရုစိုက်လေ့မရှိကြပါဘူး။ ဒါကြောင့် Careme ပရိသတ်ကြီးရဲ့သွားလေးတွေ ကြံ့ခိုင်သန်စွမ်းစေဖို့ လုပ်ဆောင်သင့်တဲ့နည်းလမ်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
ကျွန်တော်တို့လူသားတွေ
အနေနဲ့ အခြားသောခန္ဓာကိုယ် အစိတ်အပိုင်းတွေ ကျန်းမာသန်စွမ်းနေစေဖို့ အတွက်
ဆောင်ရန်ရှောင်ရန်တွေကို အလေးနက်ထား ဂရုပြုပြီး လိုက်နာကျင့်သုံးလေ့ရှိပေမယ့်
သွားကျန်းမာရေးနဲ့ ပတ်သတ်လို့တော့ အလေးပေး ဂရုစိုက်လေ့မရှိကြပါဘူး။ ဒါကြောင့် Careme ပရိသတ်ကြီးရဲ့သွားလေးတွေ
ကြံ့ခိုင်သန်စွမ်းစေဖို့ လုပ်ဆောင်သင့်တဲ့နည်းလမ်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ
ဖြစ်ပါတယ်။
- အိပ်ယာမဝင်ခင်
သွားပုံမှန်တိုက်ပေးပါ
ကျွန်တော်တို့တွေ
မနက်အိပ်ယာနိုးထလာတဲ့ အချိန်မှာ သွားကိုပုံမှန်တိုက်ပေးလေ့ရှိပေမယ့် ညဘက်
မအိပ်ခင်အချိန်မှာ သွားတိုက်ဖို့ကိုတော့ မေ့လျော့နေလေ့ရှိကြပါတယ်။
ညဘက်မအိပ်ခင်အချိန်မှာ သွားတိုက်ပေးခြင်းကြောင့် တစ်နေကုန်စားထားသမျှ
အစာအကြွင်းအကျန်တွေ၊ ရောဂါပိုးမွှားတွေကို ရှင်းလင်းဖယ်ရှားပစ်နိုင်မှာ ဖြစ်ပါတယ်။
- သွားကိုစနစ်တကျတိုက်ပေးပါ
တစ်နေ့နှစ်ကြိမ်
ပုံမှန်သွားတိုက်ပေမယ့်လည်း ပြီးစလွယ် သွားတိုက်ခဲ့မယ် ဆိုရင်တော့
သွားကျန်းမာရေးအတွက် အထောက်အကူ ဖြစ်စေနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့်
သွားတိုက်တဲ့အခါမှာလည်း စနစ်တကျတိုက်ပေးဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် လျှာမှာလည်း
ရောဂါပိုးမွှားတွေ စွဲကပ်နေနိုင်တာကြောင့် လျှာကိုလည်း စနစ်တကျတိုက်ပေးဖို့ လိုအပ်ပါတယ်။
- ဖလိုရိုက်
(Fluoride) ပါဝင်တဲ့သွားတိုက်ဆေးကို အသုံးပြုပါ
ဖလိုရိုက်ပါဝင်တဲ့
သွားတိုက်ဆေးကို အသုံးပြုပြီး နေ့စဉ်ပုံမှန် သွားတိုက်ပေးခြင်းဖြင့်
သွားပိုးစားဝေဒနာကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
- ရေများများသောက်ပေးပါ
ရေများများသောက်ပေးခြင်းက
ကျွန်တော်တို့ ခန္ဓာကိုယ်ကျန်းမာရေးအတွက် ကြီးစွာသော အထောက်အကူဖြစ်စေမှာဖြစ်သလို
ခံတွင်းကျန်းမာရေးကိုလည်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
- အချိုဓာတ်များသော
အစားအစာများ စားသုံးခြင်းကို ရှောင်ကြဉ်ပါ
အချိုဓာတ်များတဲ့
အစားအစာတွေကို စားသုံးခြင်းကြောင့် သွားပိုးစားခြင်း၊ သွားအပေါ်ယံကြွေသားများ
ပျက်စီးခြင်းတို့ကို ဖြစ်စေနိုင်သောကြောင့် အချိုဓာတ်လွန်ကဲတဲ့ အစားအစာများ
စားသုံးခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပါတယ်။
- ဆေးလိပ်သောက်သုံးခြင်း/
ကွမ်းစားခြင်းကိုရှောင်ကြဉ်ပါ
ဆေးလိပ်သောက်သုံးခြင်း၊
ကွမ်းစားခြင်းကြောင့် ခံတွင်းကင်ဆာရောဂါကို ဖြစ်ပွားစေနိုင်တာကြောင့်
ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်းတို့ကိုလည်း အတတ်နိုင်ဆုံး ရှောင်ကြဉ်သင့်ပါတယ်။
REF: HealthLine
