ဆီးချို/ သွေးချိုရောဂါဖြစ်ပွားနေစဉ်မှာ ရှောင်ကြဉ်သင့်တဲ့ အစားအစာများ

  • 09 Sep, 2019
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

ဆီးချို/ သွေးချိုရောဂါဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ခန္ဓာကိုယ်အတွင်း သကြားဓါတ် လွန်ကဲလာခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဆီးချိုရောဂါခံစားနေရတယ် ဆိုရင်တော့ ယခုဖော်ပြပေးသွားမယ့် အစားအစာများ စားသုံးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။

ဆီးချို/ သွေးချိုရောဂါဖြစ်ပွားရခြင်းရဲ့ အဓိကအကြောင်းအရင်းကတော့ ခန္ဓာကိုယ်အတွင်း သကြားဓါတ် လွန်ကဲလာခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဆီးချိုရောဂါခံစားနေရတယ် ဆိုရင်တော့ ယခုဖော်ပြပေးသွားမယ့် အစားအစာများ စားသုံးခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။

  • အချိုဓါတ်လွန်ကဲသော အစားအစာများ

သကြားလုံးတွေ၊ ကိတ်မုန့်တွေ၊ အချိုရည်တွေကို နေ့စဉ်ပုံမှန်စားသုံးခြင်းကြောင့် ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ အလေးချိန်ကို မြင့်တက်စေမှာဖြစ်တဲ့အပြင် ဆီးချို/ သွေးချိုရောဂါကိုပါ ဖြစ်ပွားစေနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ အချိုတစ်ခုခု စားချင်စိတ်ဖြစ်ပွားလာခဲ့မယ် ဆိုရင်လည်း အချိုဓါတ်ပါဝင်တဲ့ အသီးအနှံကိုသာ စားသုံးပေးသင့်ပါတယ်။

  • နို့နှင့်နို့ထွက်ပစ္စည်းများ

တကယ်လို့ သင့်အနေနဲ့ ဆီးချို/ သွေးချိုဝေဒနာ ခံစားနေရပြီဆိုရင် အတတ်နိုင်ဆုံး နို့နဲ့နို့ထွက်ပစ္စည်းတွေ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ နို့နဲ့နို့ထွက်ပစ္စည်းတွေမှာ ကိုလက်စထရော ပါဝင်မှုများပြားတာကြောင့် ဆီးချို/ သွေးချိုရောဂါအပြင် နှလုံးရောဂါကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။

  • အရက်

ဆီးချို/ သွေးချိုဝေဒနာ ခံစားနေရပြီဆိုရင် အရက်သေစာ သောက်သုံးခြင်းကို လုံးဝရှောင်ကြဉ်သင့်ပါတယ်။ အရက်သေစာမှာ သကြားဓါတ် ပါဝင်မှု များပြားတာကြောင့် သွေးအတွင်း သကြားဓါတ် ပါဝင်မှုရာခိုင်နှုန်းကို မြင့်တက်စေနိုင်ပါတယ်။

  • ဆီကြော်များ

ဆီကြော်စာတွေကို စားသုံးရတာ အရသာရှိသလောက် ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် ဘေးအန္တရာယ်များစွာကို ဖြစ်ပွားစေနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဆီကြော်စာတွေမှာ ကယ်လိုရီနဲ့ အဆီဓါတ်တွေ ပါဝင်တာကြောင့် ခန္ဓာကိုယ်အလေးချိန်ကို မြင့်တက်စေတဲ့အပြင် သွေးတွင်းသကြားဓါတ်ကို မြင့်တက်စေတာကြောင့် ဆီးချို/ သွေးချိုရောဂါကို ဖြစ်ပွားစေနိုင်ပါတယ်။

  •  အနီရောင်အသားများ

လေ့လာတွေ့ရှိချက်တွေအရ အနီရောင်အသားတွေဖြစ်တဲ့ အမဲသား၊ သိုးသား၊ ဆိတ်သားစတဲ့ အသားတွေကို နေ့စဉ်ပုံမှန်စားသုံးခြင်းကြောင့်လည်း ဆီးချို/ သွေးချိုရောဂါ ဖြစ်ပွားစေနိုင်တယ်လို့ သိရပါတယ်။

REF: Mr.HealthyFrog 

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.