အမြင်အာရုံ ကြည်လင်စေဖို့ အလွယ်တကူလုပ်ဆောင်နိုင်မယ့် နည်းလမ်းများ

  • 09 Sep, 2019
  • ကျန်းမာသောနေထိုင်မှုပုံစံ

မျက်လုံးဆိုတာကလည်း ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ တကယ်လို့ ကွန်ပြူတာတွေ၊ ဖုန်းတွေကို တစ်နေ့တာလုံး အသုံးပြုနေခဲ့မယ်ဆိုရင် အမြင်အာရုံ ဝေဝါးခြင်း၊ မျက်လုံးညောင်းကိုက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အမြင်အာရုံ ကြည်လင်စေပြီး မျက်လုံးညောင်းကိုက်မှုကို သက်သာပျောက်ကင်းစေဖို့အတွက် အလွယ်တကူ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

မျက်လုံးဆိုတာကလည်း ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ တကယ်လို့ ကွန်ပြူတာတွေ၊ ဖုန်းတွေကို တစ်နေ့တာလုံး အသုံးပြုနေခဲ့မယ်ဆိုရင် အမြင်အာရုံ ဝေဝါးခြင်း၊ မျက်လုံးညောင်းကိုက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် အမြင်အာရုံ ကြည်လင်စေပြီး မျက်လုံးညောင်းကိုက်မှုကို သက်သာပျောက်ကင်းစေဖို့အတွက် အလွယ်တကူ လုပ်ဆောင်နိုင်မယ့် နည်းလမ်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသောက်ပါ

အမြင်အာရုံကြည်လင်စေဖို့အတွက် အဓိကလုပ်ဆောင်ရမယ့် အချက်ကတော့ ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင် စားသောက်ဖို့ပဲ ဖြစ်ပါတယ်။ အိုမီဂါ ၃ ဖက်တီးအက်စစ်၊ လူတင်း (lutein) ၊ ဇင့်၊ ဗီတာမင် C၊ ဗီတာမင် E ဓာတ်တွေ ပါဝင်တဲ့ အစားအသောက်တွေကို ပုံမှန်စားသောက်ပေးမယ်ဆိုရင် အတွင်းတိမ်ဖြစ်ခြင်း၊ အမြင်အာရုံဝေဝါးခြင်းတို့ကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • အစိမ်းရောင်အသီးအနှံတွေဖြစ်တဲ့ ဟင်းနုနွယ်၊ ကိုက်လန်၊ ဂေါ်ဖီရွက်တို့မှာ လူတင်း၊ ဇင့်၊ ဗီတာမင် C တို့ပါဝင်ပါတယ်။
  • ဆဲလ်မွန်၊ တူနာ၊ ဆာဒင်းငါးတို့မှာလည်း အိုမီဂါ (၃) ဖက်တီးအက်စစ် ပါဝင်ပါတယ်။
  • ကြက်ဥ၊ အခွံမာသီးများ၊ ပဲများတို့မှာလည်း အိုမီဂါ (၃) ဖက်တီးအက်စစ်၊ ပရိုတင်းတို့ ပါဝင်ပါတယ်။
  • လိမ္မော်သီးနဲ့ အခြားအချဉ်အရသာရှိသော အသီးတွေမှာလည်း ဗီတာမင် C ဓာတ်ပါဝင်ပါတယ်။
  • ခရုကမာတွေမှာလည်း ဗီတာမင် A၊ ဗီတာမင် E၊ ဗီတာမင် C၊ ဇင့်၊ သံဓာတ်၊ ကယ်ဆီယမ်၊ ဗီတာမင် B12 တို့ပါဝင်ပါတယ်။ 
  • ဆေးလိပ်ဖြတ်ပါ

သင့်အနေနဲ့ ဆေးလိပ်ကို စွဲမြဲနှစ်ခြိုက်စွာ သောက်သုံးခဲ့မယ်ဆိုပါက သင့်အနေနဲ့ အခြားသော ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးတွေအပြင် အတွင်းတိမ်ရောဂါကိုပါ ဖြစ်ပွားစေနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဆေးလိပ်ဖြတ်ခဲ့မယ် ဆိုရင်တော့ အတွင်းတိမ်ရောဂါဖြစ်ပွားမှုကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

  • နေကာမျက်မှန် တပ်ဆင်ပါ

သင့်အနေနဲ့ နေပူထဲမှာ အမြဲတစေ သွားလာလှုပ်ရှားနေရမယ်ဆိုရင် နေကာမျက်မှန် တပ်ထားခြင်းဖြင့် ခရမ်းလွန်ရောင်ခြည် သက်ရောက်မှုကို ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။ ခရမ်းလွန်ရောင်ခြည်ကြောင့် အတွင်းတိမ်ဖြစ်ခြင်း၊ အဝေးမှုန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်တာကြောင့် နေပူထဲမှာ သွားလာလှုပ်ရှားနေရမယ်ဆိုရင် နေကာမျက်မှန်ကို တပ်ဆင်ထားသင့်ပါတယ်။

  • မျက်စိကို မကြာခဏ အနားပေးပါ

တကယ်လို့ သင့်အနေနဲ့ ကွန်ပြူတာ ဒါမှမဟုတ် စမတ်ဖုန်းကိုအချိန်အကြာကြီး သုံးစွဲခဲ့မယ်ဆိုရင်

  1.  မျက်စိနာခြင်း
  2.  အမြင်ဝေဝါးခြင်း
  3. အဝေးမှုန်ခြင်း
  4. မျက်လုံးခြောက်ခြင်း
  5. ခေါင်းကိုက်ခြင်း
  6. ဇက်ကြောတက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

ဒါကြောင့် ကွန်ပြူတာ/ စမတ်ဖုန်းကို မိနစ် (၆၀) ခန့်အသုံးပြီးတိုင်း (၁/ ၂) မိနစ်ခန့် မျက်လုံးကို အနားပေးသင့်ပါတယ်။

  • လေကောင်းလေသန့် ရှူရှိုက်ပေးပါ

လေကောင်းလေသန့်ကို ရှူရှိုက်ပေးခြင်းကြောင့် အဆုတ်နဲ့ နှလုံးကျန်မားရေးကို ကောင်းမွန်စေတဲ့အပြင် ‌ မျက်ကြည်လွှာကျန်းမာရေးကိုပါ ကောင်းမွန်စေမှာဖြစ်ပါတယ်။

  • ကောင်းမွန်စွာ အိပ်စက်အနားယူပါ

တကယ်လို့ သင့်အနေနဲ့ အိပ်ချိန်မှန်မှန် အိပ်စက်ခြင်း မရှိဘူးဆိုရင် ဒါမှမဟုတ် အိပ်ချိန်လုံလောက်ခြင်း မရှိဘူးဆိုရင် မျက်လုံးနာခြင်း၊ မျက်လုံးညောင်းကိုက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

  • တစ်လတစ်ကြိမ် ဆရာဝန်နဲ့ပြသပေးပါ

ကျွန်တော်တို့ လူသားတွေ အနေနဲ့ တစ်လကိုတစ်ကြိမ်ခန့် မျက်စိဆရာဝန်နဲ့ စမ်းသပ်ပြသပေးသင့်ပါတယ်။  ဒီလိုဆိုမှသာ မျက်လုံးပါဝါတက်နေခြင်း ရှိမရှိ၊ တိမ်ဖြစ်နေခြင်း ရှိမရှိကို သိရှိပြီး လိုအပ်တဲ့ကုသမှုကို ခံယူနိုင်မှာ ဖြစ်ပါတယ်။

REF: WebMD

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.