ဘီယာသောက်သုံးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

  • 09 Sep, 2019
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

ဘီယာဆိုတာ ကော်ဖီနဲ့ လက်ဘက်ရည်ပြီးရင် ကမ္ဘာပေါ်မှာ တတိယ လူသောက်အများဆုံး အရည်တစ်မျိုး အဖြစ် ရပ်တည်နေနိုင်ခဲ့တာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘီယာသောက်သုံးရင် ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေနိုင်တယ်လို့ လူပေါင်းများစွာက ယုံကြည်ထားကြပါတယ်။ ဒါကြောင့် ဘီယာကို သင့်တင်မျှတတဲ့ပမာဏဖြင့် နေ့စဉ်ပုံမှန် သောက်သုံးမယ်ဆိုရင် ဖော်ပြပါ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ခံစားနိုင်မှာဖြစ်ကြောင်း အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

ဘီယာဆိုတာ ကော်ဖီနဲ့ လက်ဘက်ရည်ပြီးရင် ကမ္ဘာပေါ်မှာ တတိယ လူသောက်အများဆုံး အရည်တစ်မျိုး အဖြစ် ရပ်တည်နေနိုင်ခဲ့တာ အချိန်တစ်ခု ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘီယာသောက်သုံးရင် ကျန်းမာရေးကို ဆိုးဝါးစွာထိခိုက်စေနိုင်တယ်လို့ လူပေါင်းများစွာက ယုံကြည်ထားကြပါတယ်။ ဒါကြောင့် ဘီယာကို သင့်တင်မျှတတဲ့ပမာဏဖြင့် နေ့စဉ်ပုံမှန် သောက်သုံးမယ်ဆိုရင် ဖော်ပြပါ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ခံစားနိုင်မှာဖြစ်ကြောင်း အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • ဘီယာကို နေ့စဉ်ပုံမှန် တစ်လုံးခန့် သောက်သုံးမယ်ဆိုရင် ကျောက်ကပ်ရောဂါ ဖြစ်ပွားမှုတွေကို အကာအကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ တစ်နေ့ကို ဘီယာတစ်လုံးခန့် ပုံမှန် သောက်သုံးပေးမယ်ဆိုရင် ကျောက်ကပ်မှာ ကျောက်တည်ခြင်းကို (၄၀) ရာခိုင်နှုန်းခန့် လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
  • ဘီယာမှာပါဝင်တဲ့ အမျှင်ဓါတ်ကြောင့် အစာချေစနစ်ကို ပိုမိုကောင်းမွန်စွာ လည်ပတ်စေနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဘီယာမှာ ဗီတာမင် B1၊ ဗီတာမင် B2၊ ဗီတာမင် B6၊ ဗီတာမင် B12 စတဲ့ ဓာတ်ပေါင်းစုံ ပါဝင်ပါတယ်။
  • ဘီယာကို နေ့စဉ်ပုံမှန် သောက်သုံးခြင်းကြောင့် အရိုးအဆစ်များကိုလည်း ပိုမိုသန်မာစေမှာ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ ဘီယာမှာ ပါဝင်တဲ့ စီလီကွန်ဓါတ်ကြောင့် အရိုးအဆစ်တွေကို ပိုမိုသန်မာစေတာ ဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဘီယာကို နေ့စဉ်ပုံမှန် သောက်သုံးမယ်ဆိုရင် အရက်ဘီယာ မသုံးစွဲသူတွေထက် (၄၀) ရာခိုင်နှုန်းကနေ (၆၀) ရာခိုင်နှုန်းအထိ နှလုံးရောဂါဖြစ်နိုင်ခြေ နည်းပါးသလို သွေးခဲခြင်းကိုလည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • ဘီယာကို တစ်နေ့နှစ်ခွက် ပုံမှန် သောက်သုံးပေးမယ်ဆိုရင် အလုပ်မှာရင်ဆိုင်ရတဲ့ စိတ်ဖိအားဒဏ်တွေ၊ စိုးရိမ်စိတ် လွန်ကဲမှုတွေကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။
  • တစ်နေ့ကို ဘီယာတစ်ခွက် ပုံမှန်သောက်သုံးခြင်းကြောင့် မှတ်ဉာဏ်စွမ်းအားကိုလည်း ပိုမို မြှင့်တင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အရက်သေစာသုံးစွဲခြင်း မရှိသူတွေထက် အယ်လ်ဇိုင်းမားရောဂါနဲ့ စိတ်ဖောက်ပြန်မှု ဖြစ်နိုင်ခြေ ပိုမိုနည်းပါးတယ်လို့ သိရပါတယ်။
  • အမျိုးသမီးတွေ အနေနဲ့လည်း ဘီယာကို နေ့စဉ်ပုံမှန် သောက်သုံးပေးမယ်ဆိုရင် ဘီယာမှာ ပါဝင်တဲ့ ဗီတာမင်ဓာတ်တွေကြောင့် အသားအရေကို ဝင်းလက်တောက်ပ ချောမွေ့စေမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘီယာသောက်သုံးခြင်းကြောင့် ဦးနှောက်သွေးကြောပြတ်ခြင်း၊ နှလုံးရောဂါဖြစ်ပွားခြင်းတွေကို ကာကွယ်ပေးနိုင်သလို ခန္ဓာကိုယ်အတွင်းမှ ကိုလက်စထရော ရာခိုင်နှုန်းကို လျော့ချပေးသွားမှာ ဖြစ်ပါတယ်။

ဘီယာသောက်သုံးခြင်းကြောင့် အခုလို အကျိုးကျေးဇူးတွေကို ခံစားနိုင်ခွင့် ရရှိမှာ ဖြစ်ပေမယ့်လည်း တန်ဆေးလွန်ဘေးဆိုတဲ့ ဆိုရိုးစကားရှိတဲ့အတိုင်း အလွန်အကျွံ သောက်သုံးပါက ကောင်းကျိုးထက် ဘေးထက်ဆိုးကျိုးက ပိုမိုများပြားမှာ ဖြစ်တာကြောင့် အလွန်အကျူး မသောက်သုံးဖို့ ဒီနေရာကနေ တစ်ဆင့် အကြံပြုလိုက်ပါရစေ။ 

REF: HealthNews

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.