ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းများ

  • 09 Sep, 2019
  • ကျန်းမာသောနေထိုင်မှုပုံစံ

ဆံပင်ကျွတ်ခြင်းဆိုတဲ့ပြဿနာကို ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံခန့် ခံစားနေရပါတယ်။ လေ့လာတွေ့ရှိချက်တွေ အရ လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ဆံပင်မွေး (၁၀၀) ခန့် ကျွတ်လေ့ရှိပါတယ်။ ဒီတော့ ဆံပင်မွေးတွေ လိုတာထပ်ပိုပြီး ကျွတ်ရခြင်း မရှိလေအောင် ယခုဖော်ပြပေးမယ့် နည်းလမ်းတွေကို လိုက်နာကျင့်သုံးသင့်ပါတယ်။

ဆံပင်ကျွတ်ခြင်းဆိုတဲ့ပြဿနာကို ကမ္ဘာ့လူဦးရေရဲ့ သုံးပုံတစ်ပုံခန့် ခံစားနေရပါတယ်။ လေ့လာတွေ့ရှိချက်တွေ အရ လူတစ်ယောက်အနေနဲ့ တစ်နေ့ကို ဆံပင်မွေး (၁၀၀) ခန့် ကျွတ်လေ့ရှိပါတယ်။ ဒီတော့ ဆံပင်မွေးတွေ လိုတာထပ်ပိုပြီး ကျွတ်ရခြင်း မရှိလေအောင် ယခုဖော်ပြပေးမယ့် နည်းလမ်းတွေကို လိုက်နာကျင့်သုံးသင့်ပါတယ်။

  • ရှန်ပူအပျော့စားနဲ့ ပုံမှန်ခေါင်းလျှော်ပေးပါ

ခေါင်းပုံမှန်လျှော်ပေးခြင်းကြောင့် ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်မှာဖြစ်သလို ဦးရေပြားသန့်ရှင်းမှုကိုလည်း ထိန်းသိမ်းပြီးသား ဖြစ်စေမှာ အသေအချာပါပဲ။ ဒါပေမယ့်လည်း ခေါင်းလျှော်တဲ့အခါမှာ ရှန်ပူအပြင်းစားတွေ အသုံးပြုမယ်ဆိုရင် မလိုလားအပ်တဲ့ ဦးရေပြားဆိုင်ရာပြဿနာတွေနဲ့ ရင်ဆိုင်ရတာကြောင့် ခေါင်းလျှော်မယ်ဆိုရင် ရှန်ပူအပျော့စားကိုသာ ဦးစားပေးရွေးချယ် အသုံးပြုသင့်ပါတယ်။

  • ဗီတာမင်ဖြည့်စွက်စာများ စားသုံးပေးပါ

ကျွန်တော်တို့ခန္ဓာကိုယ် ကျန်းမာသန်စွမ်းစေဖို့အတွက် ဗီတာမင်ဓါတ်တွေလိုအပ်သလို ဆံပင်ကျွတ်ခြင်းဝေဒနာကို ခံစားရခြင်းမရှိစေဖို့လည်း ဗီတာမင်ဓါတ်တွေ လိုအပ်ပါတယ်။ ဗီတာမင် A ဓါတ်ကြောင့် ဆံပင်ကျန်းမာသန်စွမ်းမှုကို အထောက်အကူ ဖြစ်စေမှာဖြစ်သလို ဗီတာမင် B ဓါတ်ကြောင့် ဆံပင် နက်မှောင်သန်စွမ်းမှုကို အထောက်အကူ ဖြစ်စေမှာပါ။

  • ဦးရေပြားကို ဆီလိမ်းနှိပ်နယ်ပေးပါ

တကယ်လို့ သင့်အနေနဲ့ ဆံပင်ကျွတ်ခြင်းဝေဒနာကို ခံစားနေရမယ်ဆိုပါက ဦးရေပြားကို သံလွင်ဆီ၊ အုန်းဆီစတဲ့ ဆီတစ်မျိုးမျိုးကို ဦးရေပြားမှာ လိမ်းပြီး နှိပ်နယ်ပေးခြင်းဖြင့် ဆံပင်ကျွတ်ခြင်းဝေဒနာကို ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် မကြာခဏ ခေါင်းဖြီးခြင်းကြောင့်လည်း ဆံပင်ကျွတ်စေနိုင်ပါတယ်။

  • ရေဓာတ်ကို ပုံမှန်ဖြည့်တင်းပေးပါ

ခန္ဓာကိုယ်အတွင်းမှာ ရေဓာတ်ခမ်းခြောက်နေမယ် ဆိုရင်လည်း ဆံပင်ကျွတ်ခြင်းဝေဒနာကို ခံစားရနိုင်တာကြောင့် တစ်နေ့ကို ရေ (၄) ခွက်က‌နေ (၈) ခွက်ထိ သောက်သုံးပေးသင့်ပါတယ်။

  •  အရက်သေစာသောက်သုံးမှုကို ရှောင်ကြဉ်ပါ

အရက်သေစာ သောက်သုံးမှုကြောင့်လည်း ဆံပင်ကျွတ်ခြင်းဝေဒနာကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် အရက်အလွန်အကျွံ သောက်သုံးမှုကြောင့် ဆံပင်ပေါက်နှုန်းကို လျော့ကျစေနိုင်ပါတယ်။ ဒီတော့ ဆံပင်ကျွတ်ခြင်း ဝေဒနာကို မခံစားချင်တော့ဘူးဆိုရင် အရက်လျှော့သောက်တာပဲဖြစ်ဖြစ်၊ အရက်ဖြတ်လိုက်တာပဲဖြစ်ဖြစ် အမြန်ဆုံး လုပ်ဆောင်သင့်ပါတယ်။

  • ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ

ဆေးလိပ်သောက်ခြင်းကြောင့်လည်း ဦးရေပြားကို ပို့လွှတ်နေတဲ့ သွေးပမာဏ လျော့နည်းသွားလေ့ရှိပြီး ဆံပင်ကျွတ်စေနိုင်ပါတယ်။

  • နေ့စဉ်ပုံမှန်လေ့ကျင့်ခန်း လုပ်ဆောင်ပါ

တစ်နေ့ကို မိနစ်သုံးဆယ်ခန့် ပုံမှန်လေ့ကျင့်ခန်း လုပ်ဆောင်ပေးခြင်းဖြင့် ခန္ဓာကိုယ်အတွင်းမှ ဟော်မုန်းလယ်ဗယ်ကို မျှခြေမှာတည်ရှိနေအောင် လုပ်ဆောင်ပေးသွားမှာဖြစ်တဲ့အပြင် ဆံပင်မကျွတ်အောင်လည်း ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

  • ဓာတုဗေဒဆိုးဆေးများ အသုံးပြုခြင်းကို ရှောင်ကြဉ်ပါ

ဆိုးဆေးတွေမှာ ပါဝင်တဲ့ ဓာတုဗေဒပစ္စည်းတွေကြောင့်လည်း ဆံပင်ကျွတ်ခြင်းဝေဒနာကို ခံစားရစေနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဆံပင်တွေကျွတ်နေခဲ့မယ်ဆိုရင်တော့ ဆံပင်ဆိုးဆေးတွေ အသုံးပြုခြင်းကို တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။

REF: IndiaTimes

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.