အစိမ်းမစားသင့်တဲ့ အစားအစာများ

  • 07 Sep, 2019
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

အသားစိမ်းတွေ၊ ငါးစိမ်းတွေကို လူတိုင်း မစားသင့်မှန်း သိကြပေမယ့် အချို့သောအစားအစာတွေကိုလည်း ချက်ပြုတ်ခြင်း မရှိပဲ အစိမ်းစားသုံးမယ်ဆိုရင် ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုမိုခံစားရစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစိမ်းမစားသင့်တဲ့ အစားအစာများကို Caremebot ပရိသတ်ကြီး လေ့လာနိုင်ဖို့အတွက် အခုလို တင်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

အသားစိမ်းတွေ၊ ငါးစိမ်းတွေကို လူတိုင်း မစားသင့်မှန်း သိကြပေမယ့် အချို့သောအစားအစာတွေကိုလည်း ချက်ပြုတ်ခြင်း မရှိပဲ အစိမ်းစားသုံးမယ်ဆိုရင် ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် ကောင်းကျိုးထက် ဆိုးကျိုးကို ပိုမိုခံစားရစေမှာ ဖြစ်ပါတယ်။ ဒါကြောင့် အစိမ်းမစားသင့်တဲ့ အစားအစာများကို Caremebot ပရိသတ်ကြီး လေ့လာနိုင်ဖို့အတွက် အခုလို တင်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • အာလူး

အာလူးမှာ ပိုတက်စီယမ်ဓာတ်၊ အမျှင်ဓာတ်၊ ဗီတာမင် C၊ ဗီတာမင် B6 စတဲ့ ခန္ဓာကိုယ်ကို အကျိုးပြုစေတဲ့ ဓာတ်ပေါင်းများစွာ ပါဝင်ပေမယ့် အစိမ်းလိုက်စားဖို့ လုံးဝကို မသင့်တော်ပါဘူး။ အာလူးကို အစိမ်းလိုက် စားသောက်ခြင်းကြောင့် အရေပြား ဖောယောင်မှု၊ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နိုင်ရပါတယ်။ ဒါ့အပြင် အာလူးစိမ်းတွေကို ပူနွေးစိုစွတ်တဲ့ နေရာမှာ အချိန်ကြာမြင့်စွာ ထားရှိခဲ့မယ် ဆိုရင်လည်း အစိမ်းရောင် အဖြစ် ပြောင်းလဲသွားပြီး အဆိပ်တစ်မျိုးဖြစ်တဲ့ ဆိုလာနိုင်း သတ္တိကြွလာမှာ ဖြစ်တာကြောင့် လုံးဝ စားသုံးဖို့ သင့်တော်မှာ မဟုတ်ပါဘူး။

  • ဘိုစားပဲ

ဘိုစားပဲမှာ ပရိုတိန်းဓာတ်၊ ရေဓာတ်၊ အမျှင်ဓာတ်၊ Antioxidant နဲ့ ဗီတာမင်ပေါင်းများစွာ ပါဝင်တာကြောင့် ချက်ပြုတ် စားသောက်မယ်ဆိုရင် တကယ်ကို ကျန်းမားရေးအတွက် အကျိုးဖြစ်စေတဲ့ အသီးအနှံတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အစိမ်းလိုက်စားသုံးမယ်ဆိုရင်တော့ အစာအိမ်ရောဂါ ဖြစ်ပွားစေနိုင်ပါတယ်။ ဘိုစားပဲစိမ်းတွေမှာ အဆိပ်အတောက် ဖြစ်စေတဲ့ Phytohemagglutinin ဓာတ်ပါဝင်တာကြောင့် အစာအိမ်နဲ့ အူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားစေနိုင်သလို တစ်ခါတရံမှာ အစာအဆိပ်သင့်ခြင်းကိုပါ ဖြစ်ပွားစေနိုင်ပါတယ်။ 

  • ကြက်အူချောင်း/ ဝက်အူချောင်း

ကြက်အူချောင်း/ ဝက်အူချောင်းတွေကို အစိမ်းလိုက် စားသုံးလို့ရမယ်လို့ လူအများစုက ထင်မှတ်ထားကြပါတယ်။ ဒါပေမယ့်လည်း ကြက်အူချောင်း/ ဝက်အူချောင်း အစိမ်းတွေမှာ လစ်စတီးရီးယား ရောဂါပိုးတွေ ရှိနေတတ်ပါတယ်။ ဒါ့အပြင် လစ်စတီးရီးယား ရောဂါပိုးတွေကို ရှင်းလင်းပစ်နိုင်မယ့် နည်းလမ်းကလည်း ကြက်အူချောင်း/ ဝက်အူချောင်း အစိမ်းတွေကို အပူပေးတဲ့ နည်းလမ်းတစ်ခုသာ ရှိတာကြောင့် ချက်ပြုတ်/ကြော်လှော်ပြီးမှသာ စားသုံးသင့်ပါတယ်။

  •  နွားနို့

နွားနို့ကို အစိမ်းလိုက် သောက်ခြင်းက ကျန်းမာရေးအတွက် ပိုကောင်းတယ်၊ ခန္ဓာကိုယ်ကို ပိုမိုအားရှိစေတယ်လို့ လူအများက အထင်မှားနေခဲ့ကြပါတယ်။ ဒါပေမယ့်လည်း နွားနို့ကို အစိမ်းလိုက် သောက်ခြင်းက ကျန်းမာရေးအတွက် ကောင်းကျိုးထက် ဆိုးကျိုးတွေကိုသာ ပိုမိုခံစားစေရမှာ ဖြစ်ပါတယ်။ နွားနို့အစိမ်းတွေမှာ အစာအဆိပ်သင့်မှုကို ဖြစ်ပွားစေနိုင်တဲ့ E. coli ဘက်တီးရီးယားနဲ့ Salmonella ဘက်တီးရီးယားတို့ ရှိနေတတ်ပါတယ်။ ဒါကြောင့် နွားနို့ကိုလည်း ချက်ပြီးမှသာ သောက်သုံးသင့်ပါတယ်။

  • ခရမ်းသီး

ခရမ်းသီးစိမ်းမှာလည်း အာလူးလို ဆိုလာနိုင်း အဆိပ် ပါဝင်တဲ့အပြင် ခရမ်းကြွပ်သီးတွေ၊ ခရမ်းသီးအနုတွေမှာ ဆိုလာနိုင်း အဆိပ်ဓာတ်ပါဝင်မှုရာခိုင်နှုန်း ပိုမိုများပြားတာကြောင့် သေချာ ဆေးကြော၊ ချက်ပြုတ် ပြီးမှသာ စားသုံးသင့်ပါတယ်။

  • ထောပတ်ပဲ

ထောပတ်ပဲကိုလည်း ဘိုစားပဲလို သေချာချက်ပြုတ်ပြီးမှသာ စားသုံးသင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ထောပတ်ပဲ အစိမ်းမှာ လူ့အသက်ကို သေစေနိုင်တဲ့ ဟိုက်ဒရိုဂျင်ဆိုင်ရာနိုက် ပါဝင်တာကြောင့် အစိမ်းလိုက် စားသုံးဖို့ လုံးဝ မသင့်တော်ပါဘူး။

REF: Reader's Digest

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.