ငါးကြီးဆီရဲ့ကောင်းကျိုးများ

  • 07 Sep, 2019
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

ငါးကြီးဆီမှာ အဓိကအားဖြင့် အိုမီဂါ (၃) ဖက်တီးအက်စစ်၊ ဗီတာမင် A နဲ့ ဗီတာမင် D တို့ပါဝင်ပါတယ်။ ဒီတော့ ငါးကြီးဆီကို စားသုံးခြင်းကြောင့် အဓိကရရှိနိုင်တဲ့ ကောင်းကျိုးတွေကို လေ့လာကြည့်လိုက်ရအောင်။ ငါးကြီးဆီမှာ ပါဝင်တဲ့ အိုမီဂါ (၃) ဖက်တီးအက်စစ်ကြောင့် နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အိုမီဂါ (၃) ဖက်တီးအက်စစ်ကို အပင်တွေနဲ့ ရေသတ္တဝါတွေမှာ အဓိကမြင်တွေ့နိုင်ပါတယ်။

ငါးကြီးဆီမှာ အဓိကအားဖြင့် အိုမီဂါ (၃) ဖက်တီးအက်စစ်၊ ဗီတာမင် A နဲ့ ဗီတာမင် D တို့ပါဝင်ပါတယ်။ ဒီတော့ ငါးကြီးဆီကို စားသုံးခြင်းကြောင့် အဓိကရရှိနိုင်တဲ့ ကောင်းကျိုးတွေကို လေ့လာကြည့်လိုက်ရအောင်။ ငါးကြီးဆီမှာ ပါဝင်တဲ့ အိုမီဂါ (၃) ဖက်တီးအက်စစ်ကြောင့် နှလုံးရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အိုမီဂါ (၃) ဖက်တီးအက်စစ်ကို အပင်တွေနဲ့ ရေသတ္တဝါတွေမှာ အဓိကမြင်တွေ့နိုင်ပါတယ်။

ငါးကြီးဆီကို စားသုံးခြင်းကြောင့် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ငါးကြီးဆီကို စားသုံးခြင်းကြောင့် ဆီးကျိတ်ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတဲ့ စကားအတိုင်း ငါးကြီးဆီကို အလွန်အကျွံစားသုံးခဲ့ရင်လည်း အိုမီဂါ (၃) ဖက်တီးအက်စစ်လွန်ကဲကာ အပြင်းစားဆီးကျိတ်ကင်ဆာရောဂါ ဖြစ်ပွားနိုင်ပါတယ်။

နောက်ထပ်တစ်ချက်ကတော့ ငါးကြီးဆီကို ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ စားသုံးမယ်ဆိုရင် ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဖြစ်ပွားလေ့ရှိပြီး Post-Partum Depression လို့အမည်ရတဲ့ စိတ်ကျရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ ငါးကြီးဆီမှာ ပါဝင်တဲ့ အိုမီဂါ (၃) ဖက်တီးအက်စစ်က မှတ်ဉာဏ် စွမ်းဆောင်ရည်ကို မြှင့်တင်ပေးနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ငါးကြီးဆီ ပါဝင်တဲ့ ဖြည့်စွက်စာတွေကို စားသုံးပေးမယ်ဆိုရင် နှလုံးရောဂါဖြစ်ပွားခြင်း၊ လေဖြတ်ခြင်း၊ အရွယ်မတိုင်ခင် သေဆုံးခြင်းစတဲ့ ရောဂါတွေကို ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဖက်တီးအက်စစ် ပါဝင်တဲ့ ငါးတွေကို တစ်ပတ်ကို နှစ်ကြိမ်ခန့် စားသုံးပေးမယ်ဆိုရင် နှလုံးသွေးကြောကျဉ်းရောဂါ ဖြစ်ပွားနိုင်ခြေကို လျှော့ချပေးသွားမှာ ဖြစ်ပါတယ်။

ငါးကြီးဆီကို စားသုံးရခြင်းရဲ့ နောက်ထပ်ကောင်းကျိုးကတော့ အရွယ်မတိုင်ခင် အမြင်ဝေဝါးမှုတွေကို ကာကွယ်ပေးခြင်းပဲဖြစ်ပါတယ်။ ဒါ့အပြင် အိုမီဂါ (၃) ဖက်တီးအက်စစ်ပါဝင်တဲ့ ငါးကြီးဆီကို နေ့စဉ်အနည်းငယ် စားသုံးပေးခြင်းဖြင့် ဝက်ရူးပြန်ရောဂါဖြစ်ပွားမှုကိုလည်း ဟန့်တားနိုင်မှာ ဖြစ်ပါတယ်။

ငါးကြီးဆီကို စားသုံးခြင်းကြောင့် ရရှိနိုင်တဲ့ နောက်ထပ်ကောင်းကျိုးတွေကတော့ စိတ္တဇဝေဒနာဖြစ်ပွားမှုကို ကာကွယ်ပေးခြင်း၊ အရိုးအဆစ်များကို သန်မာစေခြင်း၊ ဆီးချိုသွေးချိုရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးခြင်းစတဲ့ ကောင်းကျိုးတွေကို ရရှိနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ငါးကြီးဆီကို တစ်နေ့ သုံးဂရမ်အထက် စားသုံးခဲ့မယ်ဆိုရင်တော့ သွေးခဲခြင်း၊ လေချဉ်တက်ခြင်း၊ အစာမကြေခြင်း၊ ဝမ်းပျက်ခြင်းစတဲ့ ရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။ ဒါ့အပြင် ငါးကြီးဆီမှာ ဗီတာမင် A နဲ့ ဗီတာမင် D လွန်ကဲစွာ ပါဝင်တာကြောင့် တစ်ခါတရံမှာ ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် အဆိပ်အတောက်ဖြစ်စေနိုင်ပါတယ်။

 Ref: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.