ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ

  • 06 Sep, 2019
  • ကျန်းမာသောနေထိုင်မှုပုံစံ

ကျွန်တော်တို့ လူသားတွေ အနေနဲ့ ညဘက်အခါတွေမှာ အိပ်ရေးဝဝ အိပ်စက်ဖို့ လိုအပ်ပါတယ်။ လေ့လာ တွေ့ရှိချက်တွေအရ အရွယ်ရောက်ပြီးသား လူတစ်ယောက် အနေနဲ့ တစ်နေ့ကို (၆) နာရီကနေ (၇) နာရီကြား အိပ်စက်အနားယူဖို့ လိုအပ်တယ်လို့ သိရပါတယ်။

ကျွန်တော်တို့ လူသားတွေ အနေနဲ့ ညဘက်အခါတွေမှာ အိပ်ရေးဝဝ အိပ်စက်ဖို့ လိုအပ်ပါတယ်။ လေ့လာ တွေ့ရှိချက်တွေအရ အရွယ်ရောက်ပြီးသား လူတစ်ယောက် အနေနဲ့ တစ်နေ့ကို (၆) နာရီကနေ (၇) နာရီကြား အိပ်စက်အနားယူဖို့ လိုအပ်တယ်လို့ သိရပါတယ်။

အိပ်ရေးဝဝ အိပ်စက်အနားယူခြင်းကြောင့် နံနက်အိပ်ယာကနေ နိုးထလာတဲ့အခါ လန်းဆန်းတက်ကြွနေမှာ ဖြစ်သလို ရောဂါဝေဒနာဖြစ်ပွားမှု ရာခိုင်နှုန်းကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ ကောင်းမွန်စွာ အိပ်စက်အနားယူရခြင်းရဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်လိုက်ရအောင်။

  • နှလုံးရောဂါ ဖြစ်ပွားမှုကို ဟန့်တားပေးခြင်း

အိပ်စက်အနားယူချိန် လုံလောက်ခြင်း မရှိဘူးဆိုရင် သွေးပေါင်ချိန် ကျဆင်းခြင်း၊ သွေးတွင်း ကိုလက်စထရော ကျဆင်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပြီး အချိန် ကြာလာတာနဲ့အမျှ နှလုံးနဲ့သက်ဆိုင်တဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် အိပ်ရေးဝဝ အိပ်စက်အနားယူခြင်းကြောင့် ရင်သားကင်ဆာနဲ့ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်မှု ရာခိုင်နှုန်းကိုလည်း လျှော့ချပေးနိုင်မှာ ဖြစ်ပါတယ်။

  • စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ခြင်း

တကယ်လို့ ကျွန်တော်တို့ အနေနဲ့ ညအခါမှာ အိပ်ချိန် လုံလောက်ခြင်း မရှိခဲ့ဘူးဆိုရင် သွေးပေါင်ချိန် မြင့်တက်လာမှာဖြစ်ပြီး စိတ်ဖိစီးမှုဒဏ်ကို ဖြစ်ပေါ်စေတဲ့ ဟော်မုန်းတွေ ခန္ဓာကိုယ်အတွင်းမှ ထွက်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သွေးပေါင်ချိန် မြင့်တက်လာမှုကြောင့် နှလုံးရောဂါ ဖြစ်ပွားနိုင်နှုန်းလည်း မြင့်တက် လာနိုင်ပါတယ်။

  • လန်းဆန်းတက်ကြွစေနိုင်ခြင်း

ကောင်းမွန်စွာ အိပ်စက် အနားယူရခြင်းရဲ့ နောက်ထပ် ကောင်းကျိုးကတော့ မနက်အိပ်ယာနိုးလာတဲ့ အချိန်မှာ လန်းဆန်း တက်ကြွနေမှာ ဖြစ်တာကြောင့် တစ်နေ့တာ လုပ်ငန်းစဉ်တွေကို အဆင်ပြေပြေလွယ်ကူချောမွေ့စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

  • မှတ်ဉာဏ်စွမ်းအားကို မြှင့်တင်ပေးခြင်း

ကျွန်တော်တို့ အိပ်စက်အနားယူနေစဉ် အချိန်မှာ ခန္ဓာကိုယ်က အနားယူနေပေမယ့် ဦးနှောက်ကတော့ တစ်နေ့တာ လုပ်ဆောင်ခဲ့တဲ့ လုပ်ငန်းစဉ်တွေကို ပြန်လည်တွေးတောခြင်း၊ ချိတ်ဆက်ခြင်းစတဲ့ လုပ်ငန်းစဉ်တွေကို လုပ်ဆောင်နေခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဦးနှောက်ရဲ့ မှတ်ဉာဏ်စွမ်းအားကို တိုးမြှင့်နိုင်စေဖို့ အတွက် နှစ်ခြိုက်စွာ အိပ်ပျော်ဖို့ တကယ်ကို လိုအပ်ပါတယ်။

  • ခန္ဓာကိုယ် အလေးချိန်ကို လျှော့ချပေးခြင်း

လေ့လာတွေ့ရှိချက်တွေအရ တစ်နေ့ကို (၇) နာရီအောက်သာ အိပ်စက်ရသူတွေ အနေနဲ့ ခန္ဓာကိုယ် အလေးချိန် မြင့်တက်လာလေ့ ရှိတယ်လို့ သိရပါတယ်။ အိပ်ချိန်နည်းပါးခြင်းဟာ ခန္ဓာကိုယ်ကို ညီမျှအောင် ထိန်းညှိ ပေးနိုင်မယ့် ဟော်မုန်းထွက်ရှိမှုကို လျော့နည်းစေနိုင်တဲ့အပြင် အစာစားချင်စိတ်ကို လှုံဆော်ပေးနိုင်တယ်လို့ သိရပါတယ်။ တကယ်လို့ သင့်‌အနေနဲ့ ကိုယ်အလေးချိန် လျှော့ချဖို့အတွက် စိတ်ကူးရှိတယ် ဆိုရင်တော့ လုံလောက်စွာ အိပ်စက်အနားယူဖို့ တကယ်ကို လိုအပ်ပါတယ်။

  • ခန္ဓာကိုယ်ရဲ့ ဇီဝဗေဒဖြစ်စဉ်ကို ထိန်းညှိပေးခြင်း

ကျွန်တော်တို့တွေ တစ်နေ့တာ လုပ်ငန်းစဉ်တွေ ဆောင်ရွက်ပြီး ပင်ပန်းနွမ်းနယ်၍ အိပ်စက်အနားယူနေတဲ့ အချိန်မှာ ခန္ဓာကိုယ်ကြီးကတော့ တစ်နေ့တာ ခံစားခဲ့ရတဲ့ စိတ်ဖိစီးမှုဒဏ်တွေ၊ ခရမ်းလွန်ရောင်ခြည် သက်ရောက်မှုဒဏ်တွေ၊ မတော်တဆ ဒဏ်ရာရမှုတွေကြောင့် ထိခိုက်နေတဲ့ ခန္ဓာကိုယ် အတွင်းနဲ့အပြင် အစိတ်အပိုင်းတွေကို ပြန်လည် ပြုပြင် မွမ်းမံပေးလျက်ရှိပါတယ်။ ဒါ့အပြင် အိပ်စက်နေစဉ် အချိန်အတွင်းမှာ ခန္ဓာကိုယ် အတွင်းမှ ပရိုတိန်းဓာတ် ထုတ်လွှတ်မှုလည်း ပိုမိုများပြားတယ်လို့ သိရပါတယ်။

REF: VeryWellHealth 

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.