ကျောက်ကပ်ကင်ဆာနှင့် ပတ်သတ်ပြီး သိထားသင့်တဲ့အချက်များ

  • 06 Sep, 2019
  • ကင်ဆာရောဂါများ

ကျောက်ကပ်ကင်ဆာရောဂါဆိုတာကတော့ အဖြစ်အများဆုံး ကင်ဆာရောဂါ (၁၀) မျိုးထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။ ဒါ့အပြင် ကျောက်ကပ်ကင်ဆာရောဂါ စတင်ဖြစ်ပွားနေစဉ် အချိန်အတွင်းမှာ ရောဂါလက္ခဏာကို ပြသလေ့မရှိဘူးလို့ သိရပါတယ်။ ဒါပေမယ့် ရောဂါဖြစ်ပွားတာ အချိန်တစ်ခုကြာမြင့်လာခဲ့ပြီ ဆိုရင်တော့ အောက်ပါလက္ခဏာများကို ပြသလေ့ရှိပါတယ်။

  • ဆီးအတွင်းသွေးပါခြင်း
  • ကျောနာခြင်း
  • အစာစားချင်စိတ်မရှိခြင်း
  • ရုတ်တရက် ခန္ဓာကိုယ်အလေးချိန် ကျဆင်းခြင်း
  • အစာအိမ်ထဲမှာ အဖုအပိမ့်များ ထွက်ပေါ်ခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • မကြာခဏဖျားနာခြင်း
  • သွေးအားနည်းခြင်း

အထက်မှာ ဖော်ပြထားခဲ့တဲ့ ရောဂါလက္ခဏာတွေကို ခံစားနေရပြီဆိုရင်တော့ အမြန်ဆုံး သက်ဆိုင်ရာဆရာဝန်နဲ့ သွားရောက်ကုသဖို့ လိုအပ်ပါတယ်။ အခုဆိုရင် ကျောက်ကပ်ကင်ဆာကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါလက္ခဏာတွေကို သိရှိသွားပြီဖြစ်တာကြောင့် ကျောက်ကပ်ကင်ဆာ ဘာကြောင့်ဖြစ်ပွားရတယ် ဆိုတာကို ဆက်လက် ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။

  • အသက်အရွယ်ကြီးရင့်လာခြင်း
  • ကျွန်တော်တို့တွေ အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ ကျောက်ကပ်ရဲ့လုပ်ဆောင်နိုင်စွမ်းတွေလည်း ကျဆင်းလာတာကြောင့် ကျောက်ကပ်ကင်ဆာရောဂါ ဖြစ်ပွားနိုင်ခြေရာခိုင်နှုန်း မြင့်တက်လာလေ့ရှိပါတယ်။ ဒါ့အပြင်
  • ဆေးလိပ်သောက်ခြင်း
  • အဝလွန်ခြင်း
  • သွေးပေါင်ချိန်မြင့်တက်ခြင်း
  • နာတာရှည်ကျောက်ကပ်ရောဂါဖြစ်ပွားခြင်း
  • မျိုးရိုးလိုက်ခြင်းစတဲ့ အချက်တွေကြောင့်လည်း ကျောက်ကပ်ကင်ဆာရောဂါ ဖြစ်ပွားနိုင်ပါတယ်။
REF: MayoClinic

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.