ရေနွေးဖြင့် ရေချိုးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးများ
- 02 Sep, 2019
- ကျန်းမာသောနေထိုင်မှုပုံစံ
ကျွန်တော်တို့တွေ တစ်နေကုန် လုပ်ငန်းခွင်တွေ၊ ကျောင်းခွင်တွေမှာ ပင်ပန်းနွမ်းနယ်လာတဲ့ အခါမျိုးတွေမှာ ရေနွေးနဲ့ ရေချိုးလိုက်မယ်ဆိုရင် တစ်နေကုန် ပင်ပန်းလာသမျှတွေ ယူပစ်သလိုပျောက်ကင်းသွားလေ့ ရှိကြပါတယ်။ တကယ်တော့ ရေနွေးနဲ့ရေချိုးခြင်းကြောင့် ပင်ပန်းမှုတွေကို ပြေလျော့စေတဲ့အပြင် အခြားသော ကျန်းမာဆိုင်ရာ အကျိုးကျေးဇူးတွေလည်း များစွာရရှိနိုင်ပါတယ်။ ဒီတော့ ရေနွေးဖြင့် ရေချိုးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်လိုက်ရအောင်။
ကျွန်တော်တို့တွေ တစ်နေကုန် လုပ်ငန်းခွင်တွေ၊ ကျောင်းခွင်တွေမှာ ပင်ပန်းနွမ်းနယ်လာတဲ့ အခါမျိုးတွေမှာ ရေနွေးနဲ့ ရေချိုးလိုက်မယ်ဆိုရင် တစ်နေကုန် ပင်ပန်းလာသမျှတွေ ယူပစ်သလိုပျောက်ကင်းသွားလေ့ ရှိကြပါတယ်။ တကယ်တော့ ရေနွေးနဲ့ရေချိုးခြင်းကြောင့် ပင်ပန်းမှုတွေကို ပြေလျော့စေတဲ့အပြင် အခြားသော ကျန်းမာဆိုင်ရာ အကျိုးကျေးဇူးတွေလည်း များစွာရရှိနိုင်ပါတယ်။ ဒီတော့ ရေနွေးဖြင့် ရေချိုးခြင်းကြောင့် ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေကို လေ့လာကြည့်လိုက်ရအောင်။
- သွေးတွင်းသကြားဓါတ်ကို
လျှော့ချပေးခြင်း
သိပ္ပံပညာရှင်တွေရဲ့ လေ့လာတွေ့ရှိချက်တွေအရ ရေနွေးနဲ့ ရေချိုးခြင်းကြောင့် သွေးတွင်းသကြားဓါတ်ကို ထိန်းညှိပေးတဲ့အပြင် ကယ်လိုရီတွေကိုလည်း လောင်ကျွမ်းစေတယ်လို့ သိရပါတယ်။ တစ်နေ့ကို တစ်ရီခန့် ရေနွေးနဲ့ ရေချိုးပေးခြင်းကြောင့် လောင်ကျွမ်းသွားတဲ့ ကယ်လိုရီပမာဏက နာရီဝက်ခန့် လမ်းလျှောက်ခြင်းကြောင့် လောင်ကျွမ်းသွားတဲ့ ကယ်လိုရီပမာဏနဲ့ ညီမျှပါတယ်။
- အိပ်ပျော်စေခြင်း
ရေနွေးနဲ့ရေချိုးခြင်းကြောင့် ခန္ဓာကိုယ်ရဲ့ အကြောအချဉ်တွေကို ပြေလျော့စေပြီး ညအခါတွေမှာ အိပ်ပျော်စေဖို့ အကူအညီပေးသွားမှာ ဖြစ်ပါတယ်။ ခန္ဓာကိုယ်နဲ့ ရေနွေးနဲ့ထိသွားတဲ့အခါမှာ ကျွန်တော်တို့ခန္ဓာကိုယ်ရဲ့ အပူချိန် မြင့်တက်သွားပြီး ကြွက်သားတွေ တင်းမာနေတာကို ပြေလျော့စေပါတယ်။ တစ်နေ့ကို မိနစ် ၂၀ ခန့် ရေနွေးနဲ့ ရေချိုးပေးမယ်ဆိုရင် ညအခါတွေမှာ ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်မှာ ဖြစ်ပါတယ်။
- သွေးပေါင်ချိန်ကိုကျစေပါတယ်
ဒါ့အပြင် ရေနွေးနဲ့ ရေချိုးခြင်းကြောင့် သွေးပေါင်ချိန်ကိုကျစေပါတယ်။ ဒါကြောင့် သွေးတိုးရောဂါခံစားနေရသူတွေ အနေနဲ့ ရေနွေးနဲ့ ရေချိုးခြင်းဖြင့် သွေးပေါင်ချိန်ကို ထိန်းညှိပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် နှလုံးရောဂါ ခံစားနေရမယ် ဆိုရင်တော့ ရေနွေးနဲ့ရေချိုးမယ်ဆိုရင် နှလုံးခုန်နှုန်းကို မြန်စေတာကြောင့် သက်ဆိုင်ရာ ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်သင့်ပါတယ်။
- ကြွက်သားတင်းမာမှုကို
လျော့ကျစေခြင်း
ရေနွေးနဲ့ရေချိုးခြင်းကြောင့် ခန္ဓာကိုယ်မှ ကြွက်သားတွေတင်းမာမှုကို လျော့ကျစေမှာဖြစ်သလို လည်ပင်း၊ ပုခုံး၊ နောက်ကျော ထုံကျင်ကိုက်ခဲမှုတွေကိုလည်း သက်သာပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
- အသားအရေခြောက်သွေ့မှုကို
လျော့ကျစေခြင်း
ရေနွေးနဲ့ရေချိုးခြင်းကြောင့် နောက်ထပ်ရရှိနိုင်တဲ့ ကောင်းကျိုးကတော့ အသားအရေခြောက်သွေ့မှုကို လျော့ကျစေခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ရေနွေးနဲ့ရေချိုးခြင်းက ရေအေးနဲ့ရေချိုးခြင်းထက် အရေပြားအတွင်းမှ အညစ်အကြေးတွေကို သန့်စင်ပေးနိုင်မှာဖြစ်တာကြောင့် အသားအရေကို ကြည်လင်တောက်ပနေစေမှာ ဖြစ်ပါတယ်။
- သွေးလည်ပတ်မှုကိုကောင်းမွန်စေခြင်း
ရေနွေးနဲ့ရေချိုးလိုက်တဲ့အခါမှာ နှလုံးခုန်နှုန်း ပိုမိုမြန်ဆန်လာပြီး နှလုံးအားကောင်းလာမှာ ဖြစ်တာကြောင့် နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်မှာဖြစ်တဲ့အပြင် သွေးလည်ပတ်မှုကိုလည်း ပိုမိုကောင်းမွန်လာစေမှာ ဖြစ်ပါတယ်။
- ခေါင်းကိုက်ဝေဒနာကို
သက်သာပျောက်ကင်းစေခြင်း
ခေါင်းကိုက်ဝေဒနာဖြစ်ပွားရခြင်းရဲ့
အဓိကအကြောင်းအရင်းကတော့ ဦးခေါင်းခွံအတွင်းမှ သွေးကြောများ ကျဉ်းမြောင်းခြင်းကြောင့်ပဲ
ဖြစ်ပါတယ်။ တကယ်လို့ ခေါင်းကိုက်ဝေဒနာ ခံစားရနေရတဲ့ အခါမျိုးတွေမှာ ရေနွေးနဲ့ရေချိုးလိုက်မယ်ဆိုရင်
ဦးခေါင်းတွင်း သွေးလည်ပတ်မှု ပြန်လည်ကောင်းမွန်လာမှာဖြစ်ပြီး ခေါင်းကိုက်ဝေဒနာကို သက်သာပျောက်ကင်းစေမှာ
ဖြစ်ပါတယ်။
REF: MyHeatWorks