ကိုယ်ဝန်ဆောင်နေစဥ်ကာလအတွင်း မလုပ်ဆောင်သင့်တဲ့အချက်များ

  • 02 Sep, 2019
  • အမျိုးသမီးကျန်းမာရေး

ကိုယ်ဝန်ဆောင်စဥ်ကာလမှာ မိခင်တွေအနေနဲ့ အရက်နဲ့မူးယစ်ဆေးဝါး သုံးစွဲမှုကို အဓိကအားဖြင့် ရှောင်ကြဉ်သင့်တယ်ဆိုတဲ့ အချက်ကတော့ ထွေထွေထူးထူး ပြောနေစရာလိုအပ်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အရက်နဲ့မူးယစ်ဆေးဝါး သုံးစွဲမှုအပြင် မွေးဖွားလာမယ့် ကလေးငယ် ကျန်းမာသန်စွမ်းစေဖို့အတွက် မလုပ်သင့်တဲ့ အခြားအချက်တွေလည်း ရှိသေးတာကြောင့် အခုလိုဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်ကာလမှာ မိခင်တွေအနေနဲ့  အရက်နဲ့မူးယစ်ဆေးဝါး သုံးစွဲမှုကို အဓိကအားဖြင့် ရှောင်ကြဉ်သင့်တယ်ဆိုတဲ့ အချက်ကတော့ ထွေထွေထူးထူး ပြောနေစရာလိုအပ်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အရက်နဲ့မူးယစ်ဆေးဝါး သုံးစွဲမှုအပြင် မွေးဖွားလာမယ့် ကလေးငယ် ကျန်းမာသန်စွမ်းစေဖို့အတွက် မလုပ်သင့်တဲ့ အခြားအချက်တွေလည်း ရှိသေးတာကြောင့် အခုလိုဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဥ် ကာလအတွင်းမှာ အဓိကအနေနဲ့ အချို့သောအစားအစာတွေ စားသုံးခြင်းကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

  • မကျက်တကျက် အသားများနဲ့ ပင်လယ်စာများ စားသုံးခြင်းကို ရှောင်ကြဉ်ပါ

ကမာ၊ ဂုံး၊ ခရုစတဲ့ပင်လယ်စာတွေ စားသုံးခြင်းကို ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်းမှာ ရှောင်ကြဉ်သင့်ပါတယ်။ အထူးသဖြင့် ပင်လယ်စာကို အသုံးပြုပြီး ဖန်တီးထားတဲ့ ဆူရှီစားသုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် မကျက်တကျက် ကင်ထားတဲ့၊ ချက်ပြုတ်ထားတဲ့ အသားများ စားသုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ မကျက်တကျက် အသားတွေ၊ ပင်လယ်စာတွေ စားသုံးခြင်းကြောင့် Toxoplasmosis၊ Salmonella စတဲ့ရောဂါတွေကို ဖြစ်ပွားစေနိုင်ပါတယ်။

  • အသားလွှာများ စားသုံးခြင်းကို ရှောင်ကြဉ်ပါ

အသားလွှာတွေမှာ လစ္စတီးရီးယားလို့ အမည်ရတဲ့ ရောဂါပိုးတွေ ပါဝင်ပြီး အဆိုပါ ရောဂါပိုးအနေနဲ့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ အချင်းအတွင်းကနေ တစ်ဆင့် မွေးဖွားလာမယ့် ကလေးငယ်ရဲ့ ဖွံ့ဖြိုးမှုကို အနှောင့်အယှက်ပေးနိုင်တဲ့အပြင် သွေးအတွင်း အဆိပ်အတောက်ဖြစ်စေပြီး ကလေးငယ်ရဲ့ အသက်အန္တရာယ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။

  • ဥအစိမ်းစားခြင်းကို ရှောင်ကြဉ်ပါ

ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ကြက်ဥ၊ ဘဲဥများကို အစိမ်းစားသုံးခြင်းကြောင့် အစာအဆိပ်သင့်မှုကို ဖြစ်ပွားစေနိုင်ပါတယ်။ ကြက်ဥ၊ ဘဲဥများကို အစိမ်းစားသုံးခြင်းအပြင် ကြက်ဥ၊ဘဲဥအစိမ်းများဖြင့် ပြုလုပ်ထားတဲ့ဆော့စ်များ၊ မရောနိစ်များ စားသုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။

နောက်ပြီးတော့ ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်းမှာ ကော်ဖီ အလွန်အကျွံသောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ကဖိန်းဓါတ်ကြောင့် ကိုယ်ဝန်ဆောင်မိခင်ရဲ့ ခန္ဓာကိုယ်ကို ထိခိုက်စေနိုင်ခြင်း မရှိပေမယ့်‌ ‌မွေးဖွားလာမယ့် ရင်သွေးငယ်ရဲ့ ဇီဝဖြစ်စဉ်ကိုတော့ ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် ကော်ဖီ သောက်သုံးခြင်းအပြင် ကဖိန်းဓါတ် ပါဝင်တဲ့ လက်ဘက်ရည်၊ ချောကလက်၊ ဆိုဒါများ အလွန်အကျွံ စားသုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

ဒါ့အပြင် ကိုယ်ဝန်ဆောင်နေစဉ်ကာလမှာ ဆရာဝန်ညွှန်ကြားထားခြင်းမရှိပဲ ဖြည့်စွက်အားဆေးတွေ သောက်သုံးခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ အချို့သော ဖြည့်စွက်အားဆေးတွေ သောက်သုံးခြင်းကြောင့် သင့်ကလေးငယ်ရဲ့ ဖွံ့ဖြိုးနှုန်းကို ထိခိုက်စေနိုင်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ ဖြည့်စွက်အားဆေးတွေ သောက်သုံးခြင်တယ်ဆိုရင်လည်း ဆရာဝန်နဲ့ အရင်ဆုံး တိုင်ပင်သင့်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်းမှာ နောက်ထပ်ရှောင်ကြဉ်သင့်တဲ့ အချက်ကတော့ ရေနွေးဖြင့်ရေချိုးခြင်းပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်နေစဉ် ကာလမှာ ခန္ဓာကိုယ်နာကျင်ကိုက်ခဲတာတွေ၊ ညောင်းညာမှုတွေနဲ့ ရင်ဆိုင်ရလေ့ ရှိပါတယ်။ အဲဒီလို အချိန်တွေမှာ ရေနွေးလေးနဲ့ ရေချိုးချင်စိတ် ဖြစ်လာမိမှာ အမှန်ပါပဲ။ ဒါပေမယ့် ရေနွေး အပူချိန်များသွားခြင်းကြောင့် မွေးဖွားလာမယ့် ကလေးမှာ ကိုယ်လက်အင်္ဂါမစုံလင်တာမျိုး ဖြစ်ပေါ်စေနိုင်တာကြောင့် ရေနွေးနဲ့ရေချိုးခြင်းကိုလည်း တတ်နိုင်သမျှ ရှောင်ကြဉ်သင့်ပါတယ်။

ဒါ့အပြင် ကိုယ်ဝန်နေစဉ် ကာလအတွင်းမှာ တိရစ္ဆာန်များကို ပွတ်သပ်နမ်းရှုံ့ခြင်းကိုလည်း ရှောင်ကြဉ်သင့်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တိရစ္ဆာန်အမွေးတွေမှာ Toxoplasmosis ရောဂါပိုးကို သယ်ဆောင်လာတဲ့ ကပ်ပါးကောင်လေးတွေ ရှိနေတာကြောင့်ပဲ ဖြစ်ပါတယ်။

ကိုယ်ဝန်ဆောင်နေစဉ် ကာလအတွင်း လိုက်နာသင့်တဲ့ အရေးကြီးဆုံးနဲ့ နောက်ဆုံးအချက်ကတော့ ဆေးလိပ်အငွေ့ကို ရှူရှိုက်မိခြင်း မရှိစေဖို့ပဲ ဖြစ်ပါတယ်။ ဆေးလိပ်ငွေ့မှာ ဓါတုဗေဒပစ္စည်းပေါင်း ၄၀၀၀ ကျော်ပါဝင်တဲ့အပြင် ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ ဆေးလိပ်ငွေ့ကို အမြဲလိုလို ရှူရှိုက်နေရမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျခြင်း၊ မွေးရက်မတိုင်ခင် စောမွေးခြင်းတို့အပြင် မွေးဖွားလာတဲ့ကလေး ကိုယ်အလေးချိန် မပြည့်ခြင်း၊ မသန်စွမ်းခြင်း၊ မှတ်ဉာဏ်အားနည်းခြင်းစတဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကို ခံစားရနိုင်ပါတယ်။

REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.