ရေသောက်နည်းခြင်းရဲ့ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ
- 26 Jun, 2020
- ကျန်းမာသောနေထိုင်မှုပုံစံ
ကျန်းမာရေးဆိုင်ရာ လေ့လာသုံးသပ်ချက်များ အရ အမျိုးသား တစ်ဦး အနေနဲ့ တစ်နေ့ကို ရေ ၃.၇ လီတာခန့် သောက်သုံးပေးဖို့ လိုအပ်ပြီး၊ အမျိုးသမီးတွေကတော့ တစ်နေ့ကို ၂.၇ လီတာခန့် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကုန်ဆုံးသွားတဲ့ ရေဓာတ်တွေကို ပြန်လည် ဖြည့်တင်းပေးခဲ့ခြင်း မရှိဘူးဆိုရင် မလိုလာအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
ကျန်းမာရေးဆိုင်ရာ လေ့လာသုံးသပ်ချက်များ အရ အမျိုးသား တစ်ဦး
အနေနဲ့ တစ်နေ့ကို ရေ ၃.၇ လီတာခန့် သောက်သုံးပေးဖို့ လိုအပ်ပြီး၊ အမျိုးသမီးတွေကတော့
တစ်နေ့ကို ၂.၇ လီတာခန့် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ တကယ်လို့ ကုန်ဆုံးသွားတဲ့ ရေဓာတ်တွေကို
ပြန်လည် ဖြည့်တင်းပေးခဲ့ခြင်း မရှိဘူးဆိုရင် မလိုလာအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို
ခံစားရနိုင်ပါတယ်။
ဒါကြောင့် ရေသောက်နည်းခြင်းရဲ့ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို
အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- ကိုယ်အပူချိန် မြင့်တက်ခြင်း
ချွေးထွက်ခြင်းဖြင့် ကျွန်တော်တို့ ခန္ဓာကိုယ်တွင်း မြင့်တက်လာတဲ့
အပူချိန်ကို ထိန်းညှိပေးလျက် ရှိပါတယ်။ တကယ်လို့ ရေသောက်နည်းခြင်းကြောင့် ခန္ဓာကိုယ်
အတွင်းမှာ ရေဓာတ် နည်းပါးသွားခဲ့မယ်ဆိုရင် ချွေးထွက်ခြင်း လုပ်ငန်းစဥ်ကို လုပ်ဆောင်နိုင်တော့မှာ
မဟုတ်တာကြောင့် ကိုယ်အပူချိန် မြင့်တက်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
- သွေးပေါင်ကျခြင်း
ခန္ဓာကိုယ်တွင်း ရေဓာတ်နည်းပါးသွားတဲ့ အခါမျိုးတွေမှာ ပရိုတိန်း
ပါဝင်တဲ့ သွေးရည်ကြည် ထုထည် ကျဆင်းခြင်းကို ဖြစ်ပွားစေမှာ ဖြစ်တာကြောင့် သွေးပေါင်ကျခြင်းကိုလည်း
ခံစားရမှာ ဖြစ်ပါတယ်။
- မူးဝေခြင်း၊ အော့အန်ခြင်း
ခန္ဓာကိုယ်တွင်း ရေဓာတ် နည်းပါးခြင်းကြောင့် ကိုယ်အပူချိန် မြင့်တက်ခြင်း၊
သွေးပေါင်ကျခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားရမှာဖြစ်တဲ့ အပြင် နှလုံးခုန်မြန်ခြင်းကိုလည်း
ခံစားရနိုင်ပါတယ်။ နှလုံးခုန်မြန်ခြင်းကြောင့် မူးဝေခြင်း၊ အော့အန်ခြင်းတို့ကို ခံစားရမှာ
ဖြစ်ပါတယ်။
- ဝမ်းချုပ်ခြင်း
ရေဓာတ် အနေနဲ့ ခန္ဓာကိုယ်အတွင်းမှ မလိုအပ်တော့တဲ့ အစားအစာတွေကို
ခန္ဓာကိုယ် အပြင်ဘက်ကို ချောမွေ့စွာ စွန့်ထုတ်နိုင်ဖို့ ကူညီပေးလျက် ရှိပါတယ်။ ဒါကြောင့်
ခန္ဓာကိုယ်တွင်း ရေဓာတ် နည်းပါးသွားတဲ့ အခါမှာ အစာချေနဲ့ အူလမ်းကြောင်း စနစ်မှာ မလိုလားအပ်တဲ့
ဘေးထွက် ဆိုးကျိုးတွေကို ဖြစ်ပွားစေနိုင်ပြီး ဝမ်းချုပ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
- ခေါင်းကိုက်ခြင်း
အကြောင်းပြချက် မရှိဘဲ ခေါင်းကိုက်ခြင်းကို ခံစားရတာကလည်း ခန္ဓာကိုယ်တွင်း
ရေဓာတ် နည်းပါးလာတာကြောင့် ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်တွင်းမှာ ရေဓာတ် နည်းပါးသွားတဲ့
အခါမှာ ဦးနှောက် အနေနဲ့ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း
မရှိတာကြောင့် ခေါင်းကိုက်ခြင်း၊ ခေါင်းမူးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရတာ ဖြစ်ပါတယ်။
- အသားအရေ ခြောက်သွေ့ခြင်း
ရေသောက်နည်းနေပြီဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်တဲ့ နောက်ထပ်
အချက်တစ်ချက်ကတော့ အသားအရေ ခြောက်သွေ့လာခြင်းပဲ ဖြစ်ပါတယ်။ အရေပြားဟာ ကျွန်တော်တို့
ခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အစိတ်အပိုင်း တစ်ခု ဖြစ်ပါတယ်။ လှပတဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့
အတွက် တစ်နေ့ကို ရေ ၈ ခွက်ခန့် သောက်သုံးပေးဖို့ လိုအပ်ပါတယ်။ ခန္ဓာကိုယ်တွင်းမှာ ရေဓာတ်
နည်းပါးသွားတဲ့ အခါမှာ ခန္ဓာကိုယ် အတွင်းရှိ အဆိပ်အတောက်တွေကို ချွေးအဖြစ် စွန့်ထုတ်နိုင်မှာ
မဟုတ်တာကြောင့် အသားအရေ ခြောက်သွေ့ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
- ခံတွင်း အနံ့ဆိုးထွက်ခြင်း
ရေသောက်နည်းတဲ့ အခါမှာ ပါးစပ်တွင်း တံတွေး ထုတ်လုပ်မှုလည်း နည်းပါးသွားမှာ
ဖြစ်တာကြောင့် ပါးစပ်ခြောက်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တံတွေး ထုတ်လုပ်မှု
နည်းပါးသွားခြင်းကြောင့် ပါးစပ်တွင်း ဘက်တီးရီးယားများ ပိုမို ပေါက်ဖွားလာနိုင်ပြီး
ခံတွင်း အနံ့ဆိုးထွက်ခြင်းကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။
REF: EatThis, HealthyBuilder
