ခန္ဓာကိုယ်တွင်း ဗီတာမင် B12 လျော့နည်းနေပြီဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်တဲ့ အချက်များ
- 19 Jun, 2020
- ကျန်းမာသောနေထိုင်မှုပုံစံ
ဗီတာမင် B ကို အမျိုးအစားအားဖြင့် (၈) မျိုး ခွဲခြားသတ်မှတ်နိုင်မှာ ဖြစ်သလို အဆိုပါ အမျိုးအစား (၈) မျိုးလုံးဟာ ကျွန်တော်တို့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ထုတ်လွှင့်ပေးလျက် ရှိပါတယ်။ ဗီတာမင် B အမျိုးအစား (၈) မျိုးထဲက ဗီတာမင် B12 ဟာ DNA ထုတ်လုပ်ပေးခြင်း၊ သွေးကြောနဲ့ အာရုံကြောတွေ ပျက်စီးမှု မရှိအောင် ထိန်းသိမ်းပေးခြင်းစတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးလျက် ရှိတာကြောင့် ခန္ဓာကိုယ်တွင်း ဗီတာမင် B12 လျော့နည်းသွားတဲ့ အခါမျိုးမှာ ရင်ဆိုင်ရလေ့ရှိတဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
ဗီတာမင် B ကို အမျိုးအစားအားဖြင့် (၈) မျိုး
ခွဲခြားသတ်မှတ်နိုင်မှာ ဖြစ်သလို အဆိုပါ အမျိုးအစား (၈) မျိုးလုံးဟာ ကျွန်တော်တို့
ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်တွေကို ထုတ်လွှင့်ပေးလျက် ရှိပါတယ်။ ဗီတာမင် B
အမျိုးအစား (၈) မျိုးထဲက ဗီတာမင် B12 ဟာ DNA
ထုတ်လုပ်ပေးခြင်း၊ သွေးကြောနဲ့ အာရုံကြောတွေ ပျက်စီးမှု မရှိအောင်
ထိန်းသိမ်းပေးခြင်းစတဲ့ လုပ်ငန်းဆောင်တာတွေကို လုပ်ဆောင်ပေးလျက် ရှိတာကြောင့်
ခန္ဓာကိုယ်တွင်း ဗီတာမင် B12 လျော့နည်းသွားတဲ့ အခါမျိုးမှာ
ရင်ဆိုင်ရလေ့ရှိတဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- အနည်းငယ် ထိခိုက်မိတာနဲ့ ထုံကျင်ကိုက်ခဲခြင်း
ဗီတာမင် B12 အနေနဲ့ ခန္ဓာကိုယ်တွင်း မိုင်လင်အလွှာ (Myelin)
ထုတ်လုပ်ရာမှာ များစွာသော အထောက်အကူကို ပေးစွမ်းလျက် ရှိပါတယ်။
မိုင်လင်အလွှာ အနေနဲ့ အာရုံကြောများ ထိခိုက်ပျက်စီးမှု မရှိအောင် ကာကွယ်ပေးလျက်
ရှိတာကြောင့် ခန္ဓာကိုယ်တွင်း ဗီတာမင် B12 လျော့နည်းသွားပြီး
မိုင်လင်အလွှာ ထုတ်လုပ်မှု နည်းပါးသွားတဲ့ အခါမှာ အနည်းငယ် ထိခိုက်မိတာနဲ့
နာကျင်ကိုက်ခဲခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
- အသားအရောင် ဖျော့တော့ခြင်း
ခန္ဓာကိုယ်တွင်း ဗီတာမင် B12 လျော့နည်းသွားတဲ့
အခါမှာ သွေးဆဲလ်တွေ အနေနဲ့ အောက်ဆီဂျင် သယ်ယူပို့ဆောင်ရမှာ အခက်အခဲတွေနဲ့
ရင်ဆိုင်ရမှာ ဖြစ်တာကြောင့် သွေးပို့လွှတ်မှု နည်းပါးသွားတဲ့ နေရာတွေမှာ
အသားအရောင် ဖျော့တော့ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
- စိတ်ကျခြင်း
ဆီရိုတိုနင် ဆိုတာကတော့ ဦးနှောက်နဲ့ စိတ်ပိုင်းဆိုင်ရာ
လုပ်ငန်းဆောင်တာတွေ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း ရှိစေဖို့ အတွက်
အထောက်အပံ့ပေးလျက်ရှိတဲ့ အာရုံခံဆဲလ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ဗီတာမင် B12 အနေနဲ့ ဆီရိုတိုနင် အပါအဝင် အာရုံခံဆဲလ်တွေ ထုတ်လုပ်ရာမှာ များစွာသော
အထောက်အကူကို ပေးစွမ်းလျက် ရှိတာကြောင့် ခန္ဓာကိုယ်တွင်း ဗီတာမင် B12 လျော့နည်းသွားတဲ့ အခါမှာ ဆီရိုတိုနင် ပမာဏလည်း နည်းပါးသွားမှာဖြစ်ပြီး
စိတ်ကျခြင်း၊ စိတ်ဖိစီးခြင်းစတဲ့ စိတ်ပိုင်းဆိုင်ရာ ဝေဒနာတွေကို ခံစားရမှာ
ဖြစ်ပါတယ်။
- သတိမေ့တတ်ခြင်း
ဗီတာမင် B12 ရဲ့ လုပ်ငန်းဆောင်တာတွေဟာ ဦးနှောက်နဲ့
အဓိက ချိတ်ဆက်လျက် ရှိတာကြောင့် ခန္ဓာကိုယ်တွင်း ဗီတာမင် B12 လျော့နည်းသွားတဲ့ အခါမှာ မှတ်ဉာဏ် စွမ်းဆောင်ရည် ကျဆင်းခြင်း၊
အတိတ်မေ့ခြင်းစတဲ့ ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။
- ခံတွင်းကျန်းမာရေးကို ထိခိုက်ခြင်း
ခန္ဓာကိုယ်တွင်း ဗီတာမင် B12 နည်းပါးသွားတဲ့
အခါမှာ လျှာရောင်ခြင်း၊ ပါးစပ်နာများဖြစ်ခြင်း၊ ပါးစပ်တွင်း အပူလောင်သလို
ခံစားရခြင်းစတဲ့ ဝေဒနာများကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။
- မူးဝေခြင်း၊ အော့အန်ခြင်း၊ ဝမ်းပျက်ခြင်း
ဗီတာမင် B12 လျော့နည်းသွားတဲ့ အခါမှာ
အစာချေလမ်းကြောင်းဆိုင်ရာ ရောဂါတွေဖြစ်တဲ့ မူးဝေခြင်း၊ အော့အန်ခြင်း၊
ဝမ်းပျက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ အခုလို ဗီတာမင် B12 လျော့နည်းခြင်းကြောင့် အစာချေလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေ ခံစားရတဲ့
အခါမှာ အစာစားချင်စိတ်ကိုလည်း ထိခိုက်စေမှာဖြစ်ပြီး ကိုယ်အလေးချိန်
ကျဆင်းခြင်းကိုလည်း ဖြစ်ပွားစေနိုင်ပါတယ်။
REF: TheHealthy
