စင်္ကြံလျှောက် တရားရှုမှတ်ခြင်းရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးများ

  • 19 Jun, 2020
  • ကျန်းမာသောနေထိုင်မှုပုံစံ

စင်္ကြံလျှောက် တရားရှုမှတ်ခြင်း ဆိုတာကတော့ အလွယ် ပြောရရင် ခြေလှမ်းတိုင်းကို သိပြီးလှမ်းတာလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ လူသားအများစု အနေနဲ့ လမ်းလျှောက်တဲ့ အခါမှာ ခြေလှမ်းတွေကို မသိဘဲ လှမ်းမိလေ့ ရှိကြပါတယ်။ အခုလို မသိဘဲ လှမ်းမိတဲ့ ခြေလမ်းတွေကို အသိကပ်ပြီး လှမ်းနိုင်စေဖို့ အတွက် စင်္ကြံလျှောက် တရားမှတ်ခြင်းကို ပြုလုပ်စေတာပဲ ဖြစ်ပါတယ်။

စင်္ကြံလျှောက် တရားရှုမှတ်ခြင်း ဆိုတာကတော့ အလွယ် ပြောရရင် ခြေလှမ်းတိုင်းကို သိပြီးလှမ်းတာလို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ လူသားအများစု အနေနဲ့ လမ်းလျှောက်တဲ့ အခါမှာ ခြေလှမ်းတွေကို မသိဘဲ လှမ်းမိလေ့ ရှိကြပါတယ်။ အခုလို မသိဘဲ လှမ်းမိတဲ့ ခြေလမ်းတွေကို အသိကပ်ပြီး လှမ်းနိုင်စေဖို့ အတွက် စင်္ကြံလျှောက် တရားမှတ်ခြင်းကို ပြုလုပ်စေတာပဲ ဖြစ်ပါတယ်။

စင်္ကြံလျှောက် တရားရှုမှတ်ခြင်းကြောင့် စိတ်နှလုံး ချမ်းမြေ့မှုကို ခံစားရရှိစေမှာဖြစ်သလို အခြားသော ကျန်းမာရေးဆိုင်ရာ ကောင်းကျိုးများကိုလည်း ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် စင်္ကြံလျှောက် တရားရှုမှတ်ခြင်းရဲ့ ကျန်းမာရေးဆိုင်ရာ အကျိုးကျေးဇူးတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • သွေးလည်ပတ်မှုကို ကောင်းမွန်စေခြင်း

စင်္ကြံလျှောက် တရားရှုမှတ်ခြင်းကြောင့် ခြေထောက်တွင်း သွေးလည်ပတ်မှုကို ကောင်းမွန်စေမှာ ဖြစ်သလို လေးလံထိုင်းမှိုင်းခြင်း၊ ခြေချောင်းများ ထုံကျင်ကိုက်ခဲခြင်းစတဲ့ ဝေဒနာတွေ ခံစားရမှုကိုလည်း ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ တကယ်လို့ သင့်အနေနဲ့ အထိုင်များတဲ့ လုပ်ငန်းဆောင်တာတွေကို နေ့စဥ်နေတိုင်း လုပ်ဆောင် နေခဲ့ရမယ်ဆိုရင် စင်္ကြံလျှောက် တရားရှုမှတ်ခြင်းကို မိနစ် (၃၀) ခန့် ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်။

  • အစာချေစနစ်ကို ကောင်းမွန်စေခြင်း

လေ့လာတွေ့ရှိချက်တွေအရ စင်္ကြံလျှောက် တရားရှုမှတ်ခြင်းကြောင့် အစာချေစနစ်ရဲ့ စွမ်းဆောင်ရည်ကို ပိုမို မြှင့်တင်နိုင်မှာ ဖြစ်သလို ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်‌ပေးနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။

  • စိုးရိမ်ကြောင့်ကြစိတ်ကို လျှော့ချပေးခြင်း

သင့်အနေနဲ့ စိတ်ဖိစီးမှုတွေကို လျှော့ချဖို့ အတွက် ကြိုးပမ်းနေခဲ့တယ်ဆိုရင် စင်္ကြံလျှောက် တရားရှုမှတ်ခြင်းကို လိုက်နာ ဆောင်ရွက်ပေးသင့်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ တစ်နေ့ကို (၁၀) မိနစ်ခန့် စင်္ကြံလျှောက် တရားရှုမှတ်သူတွေဟာ သာမန်လူတွေထက် စိတ်ဖိစီးခြင်း၊ စိုးရိမ်ကြောင့်ကြစိတ် လွန်ကဲခြင်း၊ စိတ်ကျခြင်းစတဲ့ ပြဿနာတွေနဲ့ ရင်ဆိုင်ရဖို့ ရာခိုင်နှုန်း နည်းပါးတယ်လို့ သိရပါတယ်။

  • သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးခြင်း

စင်္ကြံလျှောက် တရားရှုမှတ်ခြင်းရဲ့ နောက်ထပ် အကျိုးကျေးဇူး တစ်ခုကတော့ သွေးတွင်း သကြားဓာတ်ကို ထိန်းညှိပေးခြင်းပဲ ဖြစ်ပါတယ်။ ဆီးချို အမျိုးအစား (၂) ကို ခံစားနေရသူတွေ အနေနဲ့ တစ်နေ့ကို မိနစ် (၃၀) ခန့် စင်္ကြံလျှောက် တရားရှုမှတ်ခြင်းကို လုပ်ဆောင် ပေးခဲ့မယ်ဆိုရင် သွေးတွင်း သကြားဓာတ် လွန်ကဲခြင်းကို ထိန်းညှိနိုင်မှာ ဖြစ်သလို သွေးလည်ပတ်မှုကိုလည်း ကောင်းမွန်စေမှာ ဖြစ်ပါတယ်။

  • နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်း

စင်္ကြံလျှောက် တရားရှုမှတ်ခြင်းရဲ့ နောက်ထပ် အကျိုးကျေးဇူး တစ်ခုကတော့ ညဘက်တွေမှာ နှစ်ခြိုက်စွာ အိပ်ပျော်စေခြင်းပဲ ဖြစ်ပါတယ်။ စင်္ကြံလျှောက် တရားရှုမှတ်ခြင်းကြောင့် ကြွက်သားတွေ တင်းမာခြင်းကို လျှော့ချနိုင်မှာ ဖြစ်သလို စိတ်ဖိစီးမှုတွေ၊ စိုးရိမ်ကြောင့်ကြမှုကိုလည်း လျှော့ချနိုင်မှာ ဖြစ်တာကြောင့် ညဘက်တွေမှာ နှစ်ခြိုက်စွာ အိပ်စက်အနားယူနိုင်မှာ ဖြစ်ပါတယ်။

REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.