မွေးကျွတ်နာအကြောင်း သိကောင်းစရာများ

  • 31 Mar, 2020
  • အဖြစ်များသောရောဂါများ

မွေးကျွတ်နာဆိုတာကတော့ ဆံပင်မွေးညင်းပေါက်တွေ၊ အဆီဂလင်းတွေကို ဘက်တီးရီးယားပိုး ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ မွေးကျွတ်နာဖြစ်ခြင်းကို စတင် ခံစားရတဲ့ အခါမှာ ရောဂါပိုး ကူးစက်ခံရတဲ့ အရေပြား တစ်ဝိုက် နီရဲလာခြင်း၊ ရောင်ရမ်းခြင်း၊ ပြည်တည်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

မွေးကျွတ်နာဆိုတာကတော့ ဆံပင်မွေးညင်းပေါက်တွေ၊ အဆီဂလင်းတွေကို ဘက်တီးရီးယားပိုး ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ မွေးကျွတ်နာဖြစ်ခြင်းကို စတင် ခံစားရတဲ့ အခါမှာ ရောဂါပိုး ကူးစက်ခံရတဲ့ အရေပြား တစ်ဝိုက် နီရဲလာခြင်း၊ ရောင်ရမ်းခြင်း၊ ပြည်တည်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ရဲ့ နေရာ အနှံ့အပြားမှာ မွေးကျွတ်နာဖြစ်ခြင်းကို ခံစားရနိုင်ပြီး မျက်နှာ၊ လည်ပင်း၊ ချိုင်းကြား၊ လက်မောင်း၊ ပေါင်နဲ့ တင်ပါးတို့မှာ ပိုမို ခံစားရလေ့ ရှိကြပါတယ်။ မွေးကျွတ်နာကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ (Staphylococcal) ဘက်တီးရီးယားပိုး ကူးစက်ဝင်ရောက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။

(Staph) ဘက်တီးရီယား အနေနဲ့ အရေပြားပေါ်မှာ၊ လည်ချောင်းနဲ့ နှာခေါင်းအတွင်းမှာ တည်ရှိနေလေ့ ရှိတတ်ပြီး ခန္ဓာကိုယ် ခုခံအားစနစ် အနေနဲ့ အဆိုပါ ဘက်တီးရီးယားပိုးများ ခန္ဓာကိုယ် နေရာအနှံ့ကို လှုပ်ရှား သွားလာနိုင်ခြင်း ထိန်းချုပ်ပေးထားလေ့ ရှိပါတယ်။ တကယ်လို့ ခန္ဓာကိုယ် ခုခံအားစနစ် ကျဆင်းနေပြီး (Staph) ဘက်တီးရီးယားပိုးတွေ မွေးညင်းပေါက်အတွင်း ဝင်ရောက်သွားတဲ့ အခါမျိုးတွေမှာတော့ မွေးကျွတ်နာဖြစ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

မွေးကျွတ်နာကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ဆီးချိုရောဂါ ဖြစ်ပွားခြင်း
  • အချို့သော ဆေးဝါးများ သောက်သုံးခြင်း
  • ခုခံအားကျဆင်းမှု ကူးစက်ရောဂါများ ခံစားနေရခြင်း
  • အရေပြားဆိုင်ရာ ဝေဒနာများ ခံစားနေရခြင်း
  • အဝလွန်ခြင်း
  • တစ်ကိုယ်ရည်သန့်ရှင်းမှု မရှိခြင်း
  • အချို့သော ဓာတုဗေဒပစ္စည်းများနဲ့ ထိတွေ့မိခြင်း
  • စားသောက်ချိန်မမှန်ခြင်း

မွေးကျွတ်နာဖြစ်ခြင်းကို ခံစားရတဲ့ အခါမှာ ရောဂါပိုး ကူးစက်ခံရတဲ့ အရေပြားတစ်ဝိုက် နီရဲလာခြင်း၊ ရောင်ရမ်းခြင်း၊ ပြည်တည်ခြင်း၊ ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်တဲ့အပြင် တစ်ခါတရံမှာ ဖျားနာခြင်းကိုပါ ခံစားရနိုင်ပါတယ်။

သင့်အနေနဲ့ မွေးကျွတ်နာဖြစ်ခြင်းကို ခံစားနေရတဲ့အပြင် အပြင်းအထန် ဖျားနာခြင်း မွေးကျွတ်နာများ တရစပ် ထွက်ပေါ်လာခြင်း၊ မွေးကျွတ်နာတစ်ဝိုက် နာကျင်ခြင်း၊ ပြည်တည်နာများ ပျောက်ကွယ်သွားမှု မရှိခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားလာရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။

မွေးကျွတ်နာများကို အလွယ်တကူ သက်သာ ပျောက်ကင်းအောင် ကုသနိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ရေနွေးအိတ် ကပ်ပေးခြင်း
  • ရေနွေးစိမ်ပေးခြင်း
  • ဆပ်ပြာဖြင့် ဂရုတစိုက် ဆေးကြောပေးခြင်း
  • ပြည်တည်နာများကို အရက်ပြန်ဖြင့် ဆေးကြောသန့်စင်ပေးခြင်း
  • ပြည်တည်နာများကို ကိုင်တွယ်ပြီးတိုင် လက်ကို စင်ကြယ်အောင် ဆေးကြောခြင်း
  • တစ်ကိုယ်ရည်သုံး ပစ္စည်းများ မျှဝေသုံးစွဲမှုကို ရှောင်ကြဉ်ခြင်း
  • တစ်ကိုယ်ရည် သန့်ရှင်းရေးကို ဂရုတစိုက် လုပ်ဆောင်ခြင်း 

REF: HealthLineMedicalNewsTodayWebMd

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.