ကိုရိုနာဗိုင်းရပ်စ်နဲ့ COVID-19 ရောဂါ အကြောင်း သိကောင်းစရာများ
- 30 Mar, 2020
- အဖြစ်များသောရောဂါများ
ကိုရိုနာဗိုင်းရပ်စ်ဆိုတာ ဘာလဲ။ ကိုရိုနာဗိုင်းရပ်စ်ဆိုတာ တိရစ္ဆာန်တွေမှာသာမက လူတွေမှာပါ မြင်တွေ့ရနိုင်တဲ့ ဗိုင်းရပ်စ်အုပ်စုကြီး တစ်မျိုးပဲ ဖြစ်ပါတယ်။ အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ အခါမှာ သာမန်တုပ်ကွေးရောဂါ လက္ခဏာတွေဖြစ်တဲ့ အအေးမိဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့ကို ခံစားရနိုင်တဲ့အပြင် အလွန် ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကိုလည်း ခံစားရနိုင်ပါတယ်။
- ကိုရိုနာဗိုင်းရပ်စ်ဆိုတာ
ဘာလဲ။
ကိုရိုနာဗိုင်းရပ်စ်ဆိုတာ
တိရစ္ဆာန်တွေမှာသာမက လူတွေမှာပါ မြင်တွေ့ရနိုင်တဲ့ ဗိုင်းရပ်စ်အုပ်စုကြီး တစ်မျိုးပဲ
ဖြစ်ပါတယ်။ အဆိုပါ ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ အခါမှာ သာမန်တုပ်ကွေးရောဂါ
လက္ခဏာတွေဖြစ်တဲ့ အအေးမိဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းတို့ကို ခံစားရနိုင်တဲ့အပြင်
အလွန် ပြင်းထန်တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကိုလည်း ခံစားရနိုင်ပါတယ်။
ယခင် အရှေ့အလယ်ပိုင်း
ဒေသမှာ ဖြစ်ပွားခဲ့ဖူးတဲ့ အသက်ရှူလမ်းကြောင်းရောဂါ လက္ခဏာစု (MERS-CoV) နဲ့ ရုတ်တရက်
ပြင်းထန် အသက်ရှူလမ်းကြောင်း ရောဂါလက္ခဏာစု (SARS-CoV) တို့ဟာဆိုရင်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့်
ဖြစ်ပွားခဲ့ရတဲ့ ရောဂါတွေပဲ ဖြစ်ပါတယ်။
- COVID-19 ရောဂါဆိုတာ
ဘာလဲ။
COVID-19 ဆိုတာ
ယခင်အချိန်တွေတုန်းက လူသားများ အကြားမှာ လုံးဝ တွေ့ခဲ့ဖူးခြင်း မရှိတဲ့ ကိုရိုနာဗိုင်းရပ်စ်
မျိုးစိတ်သစ် တစ်ခုကြောင့် ဖြစ်ပွားခဲ့တဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါ တစ်မျိုးပဲ
ဖြစ်ပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO) အနေနဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးစိတ်အသစ်ကြောင့်
ခံစားရတဲ့ ရောဂါကို COVID-19 ရောဂါ အဖြစ် သတ်မှတ် ခေါ်ဆိုစေခဲ့ခြင်းပဲ ဖြစ်ပါတယ်။
- ကိုရိုနာဗိုင်းရပ်စ်
ကူးစက်ပြန့်ပွားနိုင်တဲ့ နည်းလမ်းတွေက ဘာတွေလဲ။
- တိုက်ရိုက်ကူးစက်ခြင်း
ကိုရိုနာဗိုင်းရပ်စ်
ကူးစက်ခြင်း ခံထားရတဲ့ ဝေဒနာသည် နှာချေ၊ ချောင်းဆိုးရာကနေ တစ်ဆင့် ထွက်ရှိလာတဲ့ ရောဂါပိုး
အမှုန်အမွှားတွေ အသက်ရှူလမ်းကြောင်း အတွင်း ဝင်ရောက်သွားတဲ့ အခါမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး
တိုက်ရိုက် ကူးစက်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
- အထိအတွေ့ကနေ
တစ်ဆင့် ကူးစက်ခြင်း
COVID-19 ရောဂါသည်ရဲ့
ခန္ဓာကိုယ် ဒါမှမဟုတ် အသုံးအဆောင် ပစ္စည်းတွေရဲ့ မျက်နှာပြင် အပေါ်ယံမှာ သာမန်မျက်စိနဲ့
မြင်တွေ့နိုင်ခြင်း မရှိတဲ့ ကိုရိုနာ ဗိုင်းရပ်စ်ပိုးများ တည်ရှိနေနိုင်တာကြောင့် အဆိုပါ
အရာဝတ္ထုတွေကို လက်နဲ့ ထိတွေ့ပြီးနောက် ပါးစပ်၊ နှာခေါင်း၊ မျက်စိစတဲ့ နေရာတွေကို ပွတ်သပ်မိခဲ့မယ်ဆိုရင်လည်း
ကိုရိုနာ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကို ခံစားရနိုင်ပါတယ်။
- လေထဲမှ တစ်ဆင့်
ကူးစက်ခြင်း
ရောဂါပိုး ကူးစက်မှု
အများဆုံး နည်းလမ်းတစ်ခုဖြစ်ပြီး လေဝင်လေထွက်မကောင်းတဲ့ နေရာတွေ၊ ကိုရိုနာဗိုင်းရပ်စ်ပိုး
ပျံ့နှံ့နေတဲ့ နေရာတွေမှာ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့မယ်ဆိုရင် ကူးစက်ခံရမှာ ဖြစ်ပါတယ်။
- ရောဂါရှိသူရဲ့
မစင်ကနေ တစ်ဆင့် ကူးစက်ခံရနိုင်ပါသလား။
ရောဂါရှိသူရဲ့
မစင်ကနေ တစ်ဆင့် ကူးစက်ခံရနိုင်ခြေကတော့ နည်းပါးပါတယ်။ ကနဦး လေ့လာ တွေ့ရှိချက်တွေအရ
အချို့သော လူနာတွေရဲ့ မစင် အတွင်းမှာ ရောဂါပိုး ရှိနေနိုင်ပေမယ့် အစာအိမ်နဲ့ အူလမ်းကြောင်းကနေ
တစ်ဆင့် အဓိက ကူးစက်ခြင်း မရှိဘူးလို့ သိရပါတယ်။
ဒါပေမယ့်လည်း
မစင်နဲ့ ဆီးတွေကို စနစ်တကျ စွန့်ပစ်ခဲ့ခြင်း မရှိဘူးဆိုရင် မစင်နဲ့ ဆီးများ အတွင်းမှာ
တည်ရှိနေတဲ့ ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ လေထုအတွင်းသို့ ရောက်ရှိသွားနိုင်ပြီး လေမှတစ်ဆင့်
ကူးစက်ခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။
- အိမ်မွေးတိရစ္ဆာန်တွေကနေ
တစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ပါသလား။
လက်ရှိအချိန်ထိ
ခွေး၊ ကြောင်စတဲ့ အိမ်မွေးတိရစ္ဆာန်တွေကနေ တစ်ဆင့် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရနိုင်ကြောင်း
သက်သေ အထောက်အထားတွေ ရှာဖွေတွေ့ရှိခြင်း မရှိသေးပါဘူး။ ဒါပေမယ့်လည်း အိမ်မွေးတိရစ္ဆာန်တွေနဲ့
ထိတွေ့ပြီးတိုင်း လက်ကို ဆပ်ပြာ ဒါမှမဟုတ် လက်သန့်ဆေးရည်နဲ့ စင်ကြယ်အောင် ဆေးကြောခြင်းကိုတော့
လုပ်ဆောင်ပေးသင့်ပါတယ်။
- (၁၄) ရက်ကြာ
ရောဂါစောင့်ကြပ် ကြည့်ရှုခြင်းကို ဆောင်ရွက်ရခြင်းရဲ့ အကြောင်းအရင်းများ
ပုံမှန်အားဖြင့်
COVID-19 အဆုတ်ရောင် ရောဂါပိုး ပေါက်ဖွားဖို့ အတွက် အချိန် (၁) ရက်ကနေ (၁၄) ရက် ကြာမြင့်ပြီး
များသောအားဖြင့် (၃) ရက်ကနေ (၇) ရက် အတွင်းမှာ ရောဂါလက္ခဏာတွေကို စတင် ခံစားရလေ့ ရှိကြပါတယ်။
တကယ်လို့ (၁၄) ရက် ကြာမြင့်တဲ့အထိ ရောဂါလက္ခဏာတွေ ပေါ်ပေါက်လာခြင်း မရှိခဲ့ဘူးဆိုရင်
ရောဂါ ကူးစက်ခံရခြင်း မရှိဘူးလို့ အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။
- COVID-19 အဆုတ်ရောင်
ရောဂါကို ကုသပျောက်ကင်းနိုင်ပါသလား။
COVID-19 အဆုတ်ရောင်
ရောဂါကို ကုသပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့်လည်း လက်ရှိအချိန်မှာ COVID-19 အတွက် တိကျတဲ့
ဆေးဝါးတွေ တွေ့ရှိခြင်း မရှိသေးတာကြောင့် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံထားရသူတွေရဲ့
ရောဂါလက္ခဏာ အပေါ် မူတည်ပြီး ဆေးကုသပေးခြင်း (ဥပမာ - အအေးမိဖျားနာခြင်းကို ခံစားနေရမယ်ဆိုရင်
ကိုယ်ပူကျစေရန် ဆေးဝါးများပေးခြင်း၊ ချောင်းဆိုးလျှင်း ချောင်းဆိုးပျောက်အောင် ဆေးဝါးကုသမှုများပေးခြင်း)
၊ အာဟာရဖြည့်တင်းပေးခြင်း၊ ကိုယ်ခံစွမ်းအား တိုးတက်လာစေဖို့ ဆောင်ရွက်ပေးခြင်းတို့ကို
အဓိကထား လုပ်ဆောင်ပေးလျက် ရှိပါတယ်။
- ကိုရိုနာဗိုင်းရပ်စ်
အတွက် ကာကွယ်ဆေး ရှိပါသလား။
လက်ရှိအချိန်မှာ
ကိုရိုနာဗိုင်းရပ်စ် အတွက် ကာကွယ်ဆေးကို ရှာဖွေတွေ့ရှိခြင်း မရှိသေးပါဘူး။
COVID-19 အဆုတ်ရောင် ရောဂါအတွက် ကာကွယ်ဆေးနဲ့ ထိရောက်စွာ ရောဂါကုသနိုင်မယ့် ဆေးဝါးတွေကို
ကမ္ဘာတစ်ဝှမ်းမှ ကျွမ်းကျင်ပညာရှင်များ အနေနဲ့ အစွမ်းကုန် ကြိုးစား ရှာဖွေလျက် ရှိတာကြောင့်
မကြာမီ အချိန်အတွင်းမှာ ရှာဖွေ တွေ့ရှိနိုင်မယ်လို့ မျှော်လင့်ရပါတယ်။
- ပါးစပ်နဲ့ နှာခေါင်းစည်း
ဝတ်ဆင်ခြင်း နဲ့ လက်ဆေးခြင်းဖြင့် ကိုရိုနာဗိုင်းရပ်စ်ကို ကြိုတင် ကာကွယ်နိုင်ပါသလား။
ပါးစပ်နဲ့ နှာခေါင်းစည်း
ဝတ်ဆင်ခြင်း၊ လက်ဆေးခြင်းတို့ဖြင့် ကိုရိုနာဗိုင်းရပ်စ်ပိုး ခန္ဓာကိုယ် အတွင်း ဝင်ရောက်ခြင်းကို
အထိရောက်ဆုံး ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း တိကျမှန်ကန်တဲ့ နည်းလမ်းဖြင့်
ပါးစပ်နဲ့ နှာခေါင်းစည်း ဝတ်ဆင်ခြင်း၊ စနစ်တကျ လက်ဆေးခြင်းတို့ကို လုပ်ဆောင်ပေးဖို့တော့
လိုအပ်မှာ ဖြစ်ပါတယ်။
REF: DevHouse, WHO
