ခန္ဓာကိုယ်တွင်း ပိုတက်ဆီယမ်ဓာတ် နည်းပါးနေပြီဖြစ်ကြောင်း သိရှိနိုင်မယ့် အချက်များ
- 20 Mar, 2020
- အဖြစ်များသောရောဂါများ
ပိုတက်ဆီယမ်ဆိုတာကတော့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ပိုတက်ဆီယမ်ဓာတ် အနေနဲ့ ဦးနှောက်၊ အာရုံကြော၊ နှလုံးနဲ့ ကြွက်သားတွေ ကျန်းမာသန်စွမ်းစေဖို့ အတွက် များစွာသော အထောက်အကူကို ပေးစွမ်းလျက် ရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်တွင်း ပိုတက်ဆီယမ်ဓာတ် နည်းပါနေပြီဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်မယ့် အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
ပိုတက်ဆီယမ်ဆိုတာကတော့ ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်
တစ်မျိုးပဲ ဖြစ်ပါတယ်။ ပိုတက်ဆီယမ်ဓာတ် အနေနဲ့ ဦးနှောက်၊ အာရုံကြော၊ နှလုံးနဲ့
ကြွက်သားတွေ ကျန်းမာသန်စွမ်းစေဖို့ အတွက် များစွာသော အထောက်အကူကို ပေးစွမ်းလျက်
ရှိပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်တွင်း ပိုတက်ဆီယမ်ဓာတ် နည်းပါနေပြီဖြစ်ကြောင်း အလွယ်တကူ
သိရှိနိုင်မယ့် အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- ပင်ပန်းနွမ်းနယ်ခြင်း
အားအင်ချည့်နဲ့ခြင်း၊ မောပန်းနွမ်းနယ်ခြင်းဆိုတာကတော့ ခန္ဓာကိုယ်တွင်း
ပိုတက်ဆီယမ်ဓာတ် နည်းပါးနေပြီဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်မယ့် အချက်တွေထဲမှာ တစ်ခုအပါအဝင်ပဲ
ဖြစ်ပါတယ်။ ပိုတက်ဆီယမ်ဓာတ် အနေနဲ့ ကြွက်သားစွမ်းဆောင်ရည်ကို ထိန်းညှိပေးလျက်ရှိတာကြောင့်
အားအင်ချည့်နဲ့ခြင်းကို ခံစားရတာ ဖြစ်ပါတယ်။
- ကြွက်သားများ နာကျင်ကိုက်ခဲခြင်း
ကြွက်သားဆဲလ်တွေ ကျုံ့ခြင်း၊ ဆန့်ခြင်းစတဲ့ အပြုအမူတွေကို ပြုလုပ်ဖို့
အတွက် ဦးနှောက် အနေနဲ့ ကြွက်သားတွေကို တိုက်ရိုက်စေခိုင်းလျက် ရှိပါတယ်။ အခုလို ဦးနှောက်ရဲ့
စေခိုင်းချက်တွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ အတွက် ကြွက်သားဆဲလ်တွေ အတွင်းမှာ
တည်ရှိနေတဲ့ ပိုတက်ဆီယမ်ဓာတ် အနေနဲ့ အထောက်အပံ့ပေးလျက် ရှိပါတယ်။
တကယ်လို့ ကြွက်သားဆဲလ်အတွင်း တည်ရှိနေတဲ့ ပိုတက်ဆီယမ်ဓာတ်တွေ
နည်းပါးသွားတဲ့ အခါမျိုးတွေမှာ ဦးနှောက်ရဲ့ စေခိုင်းချက်တွေကို ကြွက်သား အနေနဲ့ ကောင်းမွန်စွာ
လုပ်ဆောင်နိုင်စွမ်း မရှိတော့တာကြောင့် ကြွက်သားများ နာကျင်ကိုက်ခဲခြင်းကို ခံစားရတာ
ဖြစ်ပါတယ်။
- အစာချေစနစ် ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း
အစာချေစနစ် ကောင်းမွန်စွာ အလုပ်မလုပ်ခြင်း ဆိုတာကလည်း ခန္ဓာကိုယ်တွင်း
ပိုတက်ဆီယမ်ဓာတ် နည်းပါးနေပြီဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်တဲ့ နောက်ထပ် အချက်တစ်ချက်ပဲ
ဖြစ်ပါတယ်။ အခြားသော ကြွက်သားတွေနည်းတူ အစာချေစနစ် အတွင်းမှာ တည်ရှိနေတဲ့ ကြွက်သားဆဲလ်တွေ
ဦးနှောက်ရဲ့ စေခိုင်းချက်တွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ဖို့ အတွက် ပိုတက်ဆီယမ်ဓာတ်
အနေနဲ့ အထောက်အကူ ပေးလျက်ရှိပါတယ်။
ဒါကြောင့် ခန္ဓာကိုယ်တွင်း ပိုတက်ဆီယမ်ဓာတ် နည်းပါးသွားတဲ့ အခါမျိုးတွေမှာ
အစာချေဖျက်ရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဝမ်းချုပ်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းစတဲ့
ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- ရင်တုန်ခြင်း
ရင်တုန်ခြင်းကို များသောအားဖြင့် စိုးရိမ်ကြောင့်ကြစိတ် လွန်ကဲတဲ့
အခါမျိုးတွေမှာ၊ စိတ်ဖိစီးစရာ အဖြစ်အပျက်တွေနဲ့ ရင်ဆိုင်ရတဲ့ အခါမျိုးတွေမှာ ခံစားရလေ့
ရှိသလို ခန္ဓာကိုယ်တွင်း ပိုတက်ဆီယမ်ဓာတ် နည်းပါးသွားတဲ့ အခါမျိုးတွေမှာလည်း ခံစားရလေ့
ရှိပါတယ်။
နှလုံးဆဲလ်တွေရဲ့ အတွင်းနဲ့ အပြင်မှာ တည်ရှိနေတဲ့ ပိုတက်ဆီယမ်ဓာတ်တွေ
အနေနဲ့ နှလုံးခုန်နှုန်းကို ထိန်းညှိပေးလျက် ရှိပါတယ်။ ဒါကြောင့် သွေးတွင်း ပိုတက်ဆီယမ်ဓာတ်
နည်းပါးသွားတဲ့ အခါမှာ နှလုံးခုန်မြန်ခြင်း၊ ရင်တုန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ
ဖြစ်ပါတယ်။
- အသက်ရှူရခက်ခဲခြင်း
ပိုတက်ဆီယမ်ဓာတ် အနေနဲ့ အဆုတ်ကျုံ့ခြင်း၊ ဆန့်ခြင်းတို့ကို ပြုလုပ်ရာမှာ
များစွာသော အထောက်အကူကို ပေးစွမ်းလျက် ရှိပါတယ်။ တကယ်လို့ သွေးတွင်း ပိုတက်ဆီယမ်ဓာတ်
နည်းပါးသွားတဲ့ အခါမှာ အဆုတ်ကျုံ့ခြင်း၊ ဆန့်ခြင်းတို့ကို ကောင်းမွန်စွာ ပြုလုပ်နိုင်တော့မှာ
မဟုတ်တာကြောင့် အသက်ရှူမြန်ခြင်း၊ အသက်ရှူမဝခြင်းစတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို
ခံစားရမှာ ဖြစ်ပါတယ်။
REF: HealthLine