တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်း (Secondhand Smoke) အကြောင်း သိကောင်းစရာများ

  • 18 Mar, 2020
  • အဖြစ်များသောရောဂါများ

စီး‌ကရက်တွေ၊ ဆေးပေါ့လိပ်တွေ၊ ‌ဆေးတံတွေ၊ ဆေးပြင်းလိပ်တွေကို ကိုယ်တိုင် သောက်သုံးခြင်း မရှိပေမယ့် သောက်သုံးသူ အနားမှာ တည်ရှိနေခဲ့မယ် ဆိုရင်လည်း ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

စီး‌ကရက်တွေ၊ ဆေးပေါ့လိပ်တွေ၊ ‌ဆေးတံတွေ၊ ဆေးပြင်းလိပ်တွေကို ကိုယ်တိုင် သောက်သုံးခြင်း မရှိပေမယ့် သောက်သုံးသူ အနားမှာ တည်ရှိနေခဲ့မယ် ဆိုရင်လည်း ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

ဆေးလိပ်ငွေ့တွေမှာ ဓာတုပစ္စည်းပေါင်း (၇၀၀၀) ကျော် ပါဝင်ပြီး ကင်ဆာရောဂါကို ဖြစ်စေနိုင်တဲ့ ဓာတုပစ္စည်းပေါင်း (၆၀) ကျော်၊ အခြားသော ဝေဒနာတွေကို ဖြစ်ပွားစေတဲ့ ဓာတုပစ္စည်းပေါင်း (၂၅၀) ကျော် ပါဝင်တာကြောင့် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်းဖြင့်လည်း ဆေးလိပ် သောက်သုံးသူတွေ နည်းတူ ရောဂါ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

လေ့လာတွေ့ရှိချက်များအရ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်းကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူ (၁.၂) သန်းခန့် အထိ မြင့်တက်လာခဲ့ပြီ ဖြစ်တယ်လို့ သိရပါယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်မိခြင်းကို များသောအားဖြင့် အရွယ်ရောက်ပြီးသူတွေ အနေနဲ့ ခံစားရလေ့ ရှိပါတယ်။ မိသားစုဝင်တွေ အထဲမှာ ဆေးလိပ် သောက်သုံးသူတွေ ရှိခဲ့မယ်၊ လုပ်ငန်းခွင်မှာ ဆေးလိပ် သောက်သုံးသူတွေ ရှိခဲ့မယ်ဆိုရင် သင့်အနေနဲ့ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်းကြောင့် ဖြစ်ပွားလေ့ရှိတဲ့ ရောဂါ‌ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • နှလုံးသွေးကြောဆိုင်ရာ ရောဂါများ

တစ်ဆင့်ခံ ဆေးလိပ်ငွေ့တွေကို အမြဲလိုလို ရှူရှိုက်ခဲ့ရမယ်ဆိုရင် လုံးဝ ဆေးလိပ်မသောက်သူတွေထက် နှလုံးရောဂါ ဖြစ်ပွားနိုင်ခြေ (၃၀) ရာခိုင်နှုန်းခန့် ပိုမို မြင့်တက်သွားမှာ ဖြစ်သလို လေဖြတ်နိုင်ခြေလည်း ပိုမို မြင့်တက်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်းကြောင့် သွေးပေါင်တက်ခြင်းကိုလည်း ဖြစ်စေနိုင်ပါတယ်။

  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါများ

ဆေးလိပ်သောက်ခြင်းကြောင့် ထိခိုက်မှု အရှိဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းကို ပြောပါဆိုရင် အဆုတ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ဆေးလိပ်အလွန်အကျွံ သောက်သုံးခြင်းကြောင့် လေပြွန်တွေ၊ အဆုတ်တွင်း လေအိတ်တွေကို ပျက်စီးစေမှာ ဖြစ်သလို အသက်ရှူလမ်းကြောင်းဆိုင်ရာ ‌ရောဂါတွေကိုလည်း ခံစားရနိုင်ပါတယ်။

ဆေးလိပ်သောက်ခြင်း နည်းတူ တစ်ဆင့်ခံ ဆေးလိပ်ငွေ့တွေကို ကာလရှည် ရှူရှိုက်ခဲ့ရမယ် ဆိုရင်လည်း အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေကို ခံစားရမှာ ဖြစ်သလို ပန်းနာရင်ကျပ် ရောဂါကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။

  • အဆုတ်ကင်ဆာ

တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်းကြောင့် အဆုတ်ကင်ဆာကိုလည်း ခံစားရနိုင်ပါတယ်။ ဆေးလိပ်သောက်သုံးသူ တစ်ဦးနဲ့ အတူတကွ နေထိုင်ခဲ့မယ်၊ လုပ်ငန်းခွင် တစ်ခုတည်းမှာ အချိန်ကြာမြင့်စွာ အတူတကွ လုပ်ကိုင်ခဲ့မယ်ဆိုရင် ဆေးလိပ် မသောက်တတ်သူထက် အဆုတ်ကင်ဆာ ဖြစ်ပွားနိုင်ခြေ (၃၀) ရာခိုင်နှုန်းခန့် ပိုမို မြင့်တက်သွားမှာ ဖြစ်ပါတယ်။ တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်းကြောင့် အဆုတ်ကင်ဆာ အပြင် ရင်သားကင်ဆာ၊ (Lymphoma) သွေးကင်ဆာ၊ (Leukemia) သွေးကင်ဆာတို့ကိုလည်း ခံစားရနိုင်ပါတယ်။

တကယ်လို့ ကလေးငယ်တွေ အနေနဲ့ ဆေးလိပ်ငွေ့တွေကို အမြဲလိုလို ရှူရှိုက်ခဲ့ရမယ်ဆိုရင် အရွယ်ရောက်ပြီးသူတွေထက် ရောဂါဝေဒနာတွေကို ပိုမို ခံစားရမှာ ဖြစ်ပါတယ်။ ကလေးငယ်တွေ အနေနဲ့ တစ်ဆင့်ခံ ဆေးလိပ်ငွေ့တွေကို ကာလရှည် ရှူရှိုက်ခဲ့ရမယ်ဆိုရင် အောက်ပါဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • အဆုတ် အားနည်းခြင်း

ငယ်ရွယ်စဥ် ကာလမှာ ဆေးလိပ်ငွေ့တွေကို မကြာခဏ ရှူရှိုက်ခဲ့ရမယ်ဆိုရင် အဆုတ်ဖွံ့ဖြိုးမှု နှေးကွေးခြင်း၊ အဆုတ်အားနည်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်သလို ပန်းနာရင်ကျပ် ရောဂါကိုလည်း ခံစားရနိုင်ပါတယ်။

  • အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက် ရောဂါများ ခံစားရခြင်း

ကလေးငယ်တွေ အနေနဲ့ ဆေးလိပ်ငွေ့တွေကို ကာလရှည် ရှူရှိုက်ခဲ့ရမယ်ဆိုရင် အသက်ရှူလမ်းကြောင်းဆိုင်ရာ ကူးစက်ရောဂါတွေဖြစ်တဲ့ နမိုးနီးယားရောဂါ၊ လေပြွန်ယောင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရာမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ကလေးငယ်တွေ အနေနဲ့  တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်ခြင်းကြောင့် နားလမ်းကြောင်း ပိုးဝင်ခြင်း၊ ဦးနှောက် အကျိတ်ဖြစ်ခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူမဝခြင်း၊ နှာစေးခြင်းစတဲ့ ဝေဒနာတွေကိုလည်း ခံစားရနိုင်သလို နို့စို့အရွယ် က‌လေးငယ်တွေ အနေနဲ့ ဆေးလိပ်ငွေ့တွေ အလွန်အကျွံ ရှူရှိုက်ခဲ့မိမယ်ဆိုရင် အသက် အန္တရယ် ဖြစ်စေတဲ့ အထိ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။

REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.