နာတာရှည် မောပန်းနွမ်းနယ်လွယ် ရောဂါ (Chronic Fatigue Syndrome)

  • 17 Mar, 2020
  • အဖြစ်များသောရောဂါများ

နာတာရှည် မောပန်းနွမ်းနယ်လွယ် ရောဂါ ဆိုတာကတော့ အနားယူလိုက်သော်လည်း ပင်ပန်းနွမ်းနယ်မှုတွေ ပျောက်ကင်းသွားခြင်း မရှိဘဲ အမြလိုလို မောပန်းနွမ်းနယ်မှုကို ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝှမ်း လူဦးရေ (၂၄) သန်းခန့် နာတာရှည် မောပန်းနွမ်းနယ်လွယ် ရောဂါကို ခံစားနေရတယ်လို့ သိရပါတယ်။

နာတာရှည် မောပန်းနွမ်းနယ်လွယ် ရောဂါ ဆိုတာကတော့ အနားယူလိုက်သော်လည်း ပင်ပန်းနွမ်းနယ်မှုတွေ ပျောက်ကင်းသွားခြင်း မရှိဘဲ အမြလိုလို မောပန်းနွမ်းနယ်မှုကို ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်များအရ လက်ရှိအချိန်မှာ ကမ္ဘာတစ်ဝှမ်း လူဦးရေ (၂၄) သန်းခန့် နာတာရှည် မောပန်းနွမ်းနယ်လွယ် ရောဂါကို ခံစားနေရတယ်လို့ သိရပါတယ်။

နာတာရှည် မောပန်းနွမ်းနယ်လွယ် ရောဂါကို အဓိက ဖြစ်ပွားစေတဲ့ အချက်ကို လက်ရှိအချိန်ထိ သိရှိရခြင်း မရှိသေးပေမယ့် ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်း၊ စိတ်ဖိစီးခြင်း၊ ခန္ဓာကိုယ် ခုခံအားကျဆင်းခြင်း၊ ဟော်မုန်း မျှတမှု မရှိခြင်းစတဲ့ ဝေဒနာတွေ ဖြစ်ပွားခြင်းကြောင့် ခံစားရလေ့ ရှိကြပါတယ်။

တစ်ခါတရံမှာ မျိုးရိုးလိုက်ခြင်းကြောင့်လည်း နာတာရှည် မောပန်းနွမ်းနယ်လွယ် ရောဂါကို ခံစားရလေ့ ရှိသလို ဓာတ်မတည့်ခြင်း၊ အမျိုးသမီးဖြစ်ခြင်း၊ အသက်အရွယ် ကြီးမြင့်ခြင်းစတဲ့ အကြောင်းအရင်းများကြောင့်လည်း နာတာရှည် မောပန်းနွမ်းနယ်လွယ် ရောဂါကို ခံစားရနိုင်ပါတယ်။

နာတာရှည် မောပန်းနွမ်းနယ်လွယ် ရောဂါကို ခံစားရတဲ့ အခါမှာ အဓိကအားဖြင့် တစ်နေ့တာ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခြင်း မရှိတဲ့ အထိ မောပန်းနွမ်းနယ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် နာတာရှည် မောပန်းနွမ်းနယ်ခြင်းကြောင့် -

  • အိပ်မပျော်ခြင်း
  • အလွန်အကျွံ အိပ်ပျော်ခြင်း
  • အိပ်ပျော်နေစဥ် အသက်ရှူရပ်ခြင်း
  • အိပ်ပျော်နေစဥ် မကြာခဏ လန့်နိုးခြင်း
  • အိပ်ပျော်နေစဥ် အိပ်မက်ဆိုးများမက်ခြင်း
  • ညအခါမှာ ချွေးထွက်လွန်ကဲခြင်း
  • မှတ်ဉာဏ်စွမ်းရည် ကျဆင်းခြင်း
  • အာရုံစူးစိုက်နိုင်စွမ်း ကျဆင်းခြင်း
  • မူးဝေခြင်း
  • သတိလစ်ခြင်း
  • ကြွက်သားများ နာကျင်ခြင်း
  • ကြွက်သားများ ကိုက်ခဲခြင်း
  • လည်ချောင်းနာခြင်း
  • ပြန်ရည်ကျိတ်များ ကြီးထွားလာခြင်း
  • မိတ်ထွက်ခြင်း
  • ပါးစပ်ထဲ အနာပေါက်ခြင်း
  • စိုးရိမ်ကြောင့်ကြစိတ် လွန်ကဲခြင်း
  • ဖျားနာခြင်း
  • ခန္ဓာကိုယ် အပူချိန် ကျဆင်းခြင်း
  • ခန္ဓာကိုယ် အပူချိန် မြင့်တက်ခြင်း
  • ခေါင်းကိုက်ခြင်း
  • လိင်ဆက်ဆံလိုစိတ် ကျဆင်းခြင်း
  • ဆံပင်ကျွတ်ခြင်း
  • ကိုယ်အလေးချိန် ပြောင်းလဲခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • ရင်တုန်ခြင်းစတဲ့ ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။

နာတာရှည် မောပန်းနွမ်းနယ်လွယ်ရောဂါကို အရှင်းပျောက်ကင်းအောင် ကုသနိုင်မှာ မဟုတ်ပေမယ့်လည်း ခံစားနေရတဲ့ ရောဂါဝေဒနာတွေကိုတော့ သက်သာ ပျောက်ကင်းအောင် ကုသနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို နာတာရှည် ခံစားနေခဲ့ရမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ ဆေးဝါးကုသမှုတွေ အမြန်ဆုံး ခံယူသင့်ပါတယ်။

REF: MedicalNewsTodayHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.