ဆံပင်မွေးညင်းပေါက်များ ရောင်ရမ်းခြင်း (Folliculitis) အကြောင်း သိကောင်းစရာများ

  • 13 Mar, 2020
  • အဖြစ်များသောရောဂါများ

ဆံပင်မွေးညင်းပေါက်များ ရောင်ရမ်းခြင်း ဆိုတာကတော့ ဆံပင်မွေးညင်းပေါက် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုပြီး ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အရေပြားရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဆံပင်မွေးညင်းပေါက်များ ရောင်ရမ်းခြင်းကို များသောအားဖြင့် ဘက်တီးရီးယားပိုး ကူးစက်ခြင်း၊ မှိုပိုး ကူးစက်ခြင်းတို့ကြောင့် ခံစားရလေ့ ရှိကြပါတယ်။

ဆံပင်မွေးညင်းပေါက်များ ရောင်ရမ်းခြင်း ဆိုတာကတော့ ဆံပင်မွေးညင်းပေါက် တစ်ခု သို့မဟုတ် တစ်ခုထက်ပိုပြီး ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အရေပြားရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ ဆံပင်မွေးညင်းပေါက်များ ရောင်ရမ်းခြင်းကို များသောအားဖြင့် ဘက်တီးရီးယားပိုး ကူးစက်ခြင်း၊ မှိုပိုး ကူးစက်ခြင်းတို့ကြောင့် ခံစားရလေ့ ရှိကြပါတယ်။

ဆံပင်မွေးညင်းပေါက်များ ရောင်ရမ်းခြင်းကြောင့် မွေးညင်းပေါက် တစ်ဝိုက် အနီရောင် အဖုလေးတွေ ဒါမှမဟုတ် အဖြူရောင် အဖုလေးတွေ‌ ပေါ်ထွက်လာခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ဆံပင်မွေးညင်းပေါက်များ ရောင်ရမ်းခြင်းကြောင့် အသက်အန္တရာယ်ကို ထိခိုက်စေမှာ မဟုတ်ပေမယ့်လည်း ယားယံခြင်း၊ နာကျင်ခြင်း၊ စိတ်မသက်မသာဖြစ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆံပင်မွေးညင်းပေါက်များ ရောင်ရမ်းခြင်းကြောင့် ဆံပင်မပေါက်ခြင်း၊ ဆံသားပျက်စီးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

ဆံပင်မွေးညင်းပေါက်များ ရောင်ရမ်းခြင်းကြောင့် အောက်ပါရောဂါဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • မွေးညင်းပေါက် တစ်ဝိုက် အနီရောင်၊ အဖြူရောင် အဖုများ ပေါ်ထွက်ခြင်း
  • မွေးညင်းပေါက် တစ်ဝိုက် ပြည်တည်နာများဖြစ်ခြင်း
  • အရေပြား ယားယံခြင်း
  • အရေပြား နာကျင်ခြင်း
  • မွေးညင်းပေါက် တစ်ဝိုက် အရေပြားများ ရောင်ရမ်းခြင်း

တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါလက္ခဏာတွေကို အချိန်ကြာမြင့်စွာ ခံစားခဲ့ရမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။ ဆံပင်မွေးညင်းပေါက်များ ရောင်ရမ်းခြင်းကို သက်သာပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင် ရောဂါပိုးများ ခန္ဓာကိုယ်အနှံ့ ပျံ့နှံ့သွားခြင်း၊ အရေပြား ပျက်စီးခြင်း၊ ဆံပင်မွေးညင်းပေါက်များ ပျက်စီးခြင်း၊ ဆံပင်ပြန်မပေါက်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။

ဆံပင်မွေးညင်းပေါက်များ ရောင်ရမ်းခြင်းကို များသောအားဖြင့် (Staph) ဘက်တီးရီးယား ကူးစက်ခြင်းကြောင့် ခံစားရလေ့ ရှိကြပါတယ်။ တစ်ခါတရံမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်း၊ မှိုပိုးကူးစက်ခြင်းစတဲ့ အကြောင်းအရင်းများကြောင့်လည်း ဆံပင်မွေးညင်းပေါက်များ ရောင်ရမ်းခြင်းကို ခံစားရနိုင်ပါတယ်။

ဆံပင်မွေးညင်းပေါက်များ ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းများကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ခုခံအားကျဆင်းမှု ကူးစက်ရောဂါ ဖြစ်ပွားခြင်း
  • ဆီးချို‌ရောဂါ ဖြစ်ပွားခြင်း
  • အရေပြား‌ ရောင်ရမ်းခြင်း (Dermatitis)
  • အချို့သော ဆေးဝါးများ သောက်သုံးခြင်း
  • ဆံပင်ကောက်ခြင်း
  • အပူမထုတ်နိုင်သော အဝတ်အစားများ ဝတ်ဆင်ခြင်း
  • ရေနွေးပူပူဖြင့် ရေချိုးခြင်း
  • မကြာခဏ အမွေးရိတ်ခြင်း၊ အမွေးချွတ်ခြင်း (Waxing)

ဆံပင်မွေးညင်းပေါက်များ ရောင်ရမ်းခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

  • အဝတ်အစား အကျပ်များ ဝတ်ဆင်မှုကို ရှောင်ကြဥ်ခြင်း
  • မကြာခဏ အမွေးရိတ်ခြင်းကို ရှောင်ကြဥ်ခြင်း
  • အမွေးမရိတ်ခင် ရေနွေး၊ ဆပ်ပြာတို့ဖြင့် ဆေးကြောပေးခြင်း
  • အမွေးရိတ်ပြီးတိုင်း (Aftershave) အသုံးပြုပေးခြင်း
  • အပူချိန်လွန်ကဲသော ရေနွေးဖြင့် ရေချိုးခြင်းကို ရှောင်ကြဥ်ခြင်း
REF: MayoClinic

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.