အဆုတ်တွင်း တစ်သျှူးများ ပျက်စီးခြင်း (Pulmonary Fibrosis)

  • 13 Mar, 2020
  • အဖြစ်များသောရောဂါများ

အဆုတ်တွင်း တစ်သျှူးများ ပျက်စီးခြင်း (Pulmonary Fibrosis) ဆိုတာကတော့ အဆုတ်တွင်း တစ်သျှူးများ ပျက်စီးပြီး အမာရွတ်များ အဖြစ် ပြောင်းလဲသွားခြင်းကြောင့် အသက်ရှူရ ခက်ခဲခြင်းကို ဖြစ်ပွားစေတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ အဆုတ်တွင်း တစ်သျှူးများ ပျက်စီးခြင်းကို ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ်တွင်း လုံလောက်တဲ့ အောက်စီဂျင် ပမာဏ သိုလှောင်ထားနိုင်မှာ မဟုတ်တဲ့အပြင် အသက်ရှူစနစ် ပျက်စီးခြင်း၊ နှလုံးမလုပ်ခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားရနိုင်ပါတယ်။

အဆုတ်တွင်း တစ်သျှူးများ ပျက်စီးခြင်း (Pulmonary Fibrosis) ဆိုတာကတော့ အဆုတ်တွင်း တစ်သျှူးများ ပျက်စီးပြီး အမာရွတ်များ အဖြစ် ပြောင်းလဲသွားခြင်းကြောင့် အသက်ရှူရ ခက်ခဲခြင်းကို ဖြစ်ပွားစေတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ အဆုတ်တွင်း တစ်သျှူးများ ပျက်စီးခြင်းကို ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ်တွင်း လုံလောက်တဲ့ အောက်စီဂျင် ပမာဏ သိုလှောင်ထားနိုင်မှာ မဟုတ်တဲ့အပြင် အသက်ရှူစနစ် ပျက်စီးခြင်း၊ နှလုံးမလုပ်ခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားရနိုင်ပါတယ်။

ဒါ့အပြင် အဆုတ် အတွင်းမှာ တည်ရှိနေတဲ့ လေအိတ်ငယ်လေးတွေရဲ့ ဘေးပတ်လည်က တစ်သျှူးတွေ ပျက်စီးသွားပြီး အမာရွတ်များ အဖြစ် ပြောင်းလဲသွားတဲ့ အခါမှာ အောက်စီဂျင်ကို သွေးကြောတွေ အတွင်း ပို့လွှတ်ရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ဆေးလိပ်သောက်ခြင်း၊ အဆုတ်ကို ထိခိုက်စေနိုင်တဲ့ ဓဓာတုပစ္စည်းများရဲ့ အဆိပ်အတောက် အခိုးအငွေ့များကို ရှူရှိုက်မိခြင်း၊ အဆုတ်တွင်း ရောဂါပိုး ကူးစက်ခြင်းတို့ကြောင့် အဆုတ်တွင်း တစ်သျှူးများ ပျက်စီးပြီး အမာရွတ်ဖြစ်ခြင်းကို ခံစားရလေ့ ရှိတယ်လို့ သိရပါတယ်။

အဆုတ်တွင်း တစ်သျှူးများ ပျက်စီးခြင်းကို လူငယ်ပိုင်းတွေထက် သက်ကြီးရွယ်အိုတွေ အနေနဲ့ ပိုမို ခံစားရလေ့ ရှိကြသလို အမျိုးသားတွေ အနေနဲ့ အမျိုးသမီးတွေထက် အဆုတ်တွင်း တစ်သျှူးများ ပျက်စီးခြင်းကို ပိုမို ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် အဆုတ်တွင်း တစ်သျှူးများ ပျက်စီးခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါ ဝေဒနာတွေဟာ များသောအားဖြင့် တစ်ယောက်နဲ့ တစ်ယောက် တူညီခြင်း မရှိကြပါဘူး။

အဆုတ်တွင်း တစ်သျှူးများ ပျက်စီးခြင်းကို စတင် ခံစားရစဥ် အချိန်မှာ ရောဂါဝေဒနာတွေကို ခံစားရမှာ မဟုတ်ပေမယ့် အချိန် ကြာလာတာနဲ့ အမျှ အောက်ပါ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။

  • ချောင်းခြောက်ဆိုးခြင်း
  • ပင်ပန်းနွမ်းနယ်ခြင်း
  • အသက်ရှူမြန်ခြင်း
  • ကြွက်သား၊ အဆစ်အမြစ်များ နာကျင်ကိုက်ခဲခြင်း
  • အားအင်ချည့်နဲ့ခြင်း
  • အကြောင်းပြချက်မရှိ ကိုယ်အလေးချိန် ကျဆင်းခြင်း
  • ရင်ဘတ်အောင့်ခြင်း
  • လက်သည်း၊ ခြေသည်းထိပ်များ ‌ရောင်ရမ်းခြင်း
  • အသက်ရှူမဝခြင်း

တကယ်လို့ အဆုတ်တွင်း တစ်သျှူးများ ပျက်စီးခြင်းကို သက်သာ ပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင် အဆုတ်တွင်း သွေးပေါင်ချိန် မြင့်တက်ခြင်း၊ အသက်ရှူစနစ် ပျက်စီးခြင်း၊ အဆုတ်ကင်ဆာ ဖြစ်ပွားခြင်း၊ အဆုတ်ဆိုင်ရာ ရောဂါများ ဖြစ်ပွားခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်တာကြောင့် အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားရတာနဲ့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။  

အဆုတ်တွင်း တစ်သျှူးများ ပျက်စီးခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ကိုယ်ခံအားစံလွဲရောဂါများ (Autoimmune Diseases) ခံစားနေရခြင်း

ကိုယ်ခံအားစံလွဲရောဂါ ဆိုတာကတော့ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ် ဖောက်ပြန်ပြီး မိမိခန္ဓာကိုယ်ကို ပြန်လည် တိုက်ခိုက်တဲ့ အခါမျိုးတွေမှာ ခံစားရလေ့ရှိတဲ့ ရောဂါအမျိုးအစား တစ်ခုပဲ ဖြစ်ပါတယ်။ ကိုယ်ခံအားစံလွဲ ရောဂါတွေဖြစ်တဲ့ သွေးလေးဖက်နာ (Rheumatoid Arthritis) ၊ လူးပက်စ်ရောဂါ၊ (Scleroderma) အ‌ရေပြားရောဂါ၊ (Polymyositis) ကြက်သားရောင်ရောဂါ၊ အရေပြားနဲ့ ကြွက်သားများရောင်ရမ်းခြင်း (Dermatomyositis) ၊ သွေးကြောများရောင်ရမ်းခြင်း (Vasculitis) စတဲ့ ဝေဒနာတွေ ခံစားရတဲ့ အခါမှာ အဆုတ်တွင်း တစ်သျှူးများ ပျက်စီးပြီး အမာရွတ်ဖြစ်ခြင်းကို ခံစားရလေ့ ရှိကြပါတယ်။

  • ရောဂါပိုး ကူးစက်ခံရခြင်း

ဘက်တီးရီးယားပိုး ကူးစက်ခံရခြင်း၊ (HCV) ဗိုင်းရပ်စ်ပိုး၊ အဒီနို ဗိုင်းရပ်စ်ပိုး၊ ရေယုန်ဗိုင်းရပ်စ်ပိုး ကူးစက်ခံရခြင်းစတဲ့ အကြောင်းအရင်းများကြောင့်လည်း အဆုတ်တွင်း တစ်သျှူးများ ပျက်စီးခြင်းကို ခံစားရနိုင်ပါတယ်။

  • ပတ်ဝန်းကျင် အခြေအနေကြောင့် အဆုတ်တွင်း တစ်သျှူးများ ပျက်စီးခြင်း

တကယ်လို့ သင်နေထိုင်ရာ ပတ်ဝန်းကျင်မှာ၊ လုပ်ငန်းခွင်မှာ ဖုန်မှုန့်တွေ၊ ဓာတုပစ္စည်းတွေ၊ ခန္ဓာကိုယ်ကို အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေနဲ့ အမြဲလိုလို ထိတွေ့နေခဲ့ရမယ် ဆိုရင်လည်း အဆုတ်တွင်း တစ်သျှူးများ ပျက်စီးခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

အဆုတ်တွင်း တစ်သျှူးများ ပျက်စီးခြင်းပြီး အမာရွတ်ဖြစ်ခြင်းကို ဖြစ်ပွားစေတဲ့ အခြားသော အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အမျိုးသားဖြစ်ခြင်း
  • အသက်အရွယ်ကြီးမြင့်ခြင်း
  • ဆေးလိပ်အလွန်အကျွံသောက်သုံးခြင်း
  • မျိုးရိုးလိုက်ခြင်း
  • အချို့သောဆေးဝါးများ သောက်သုံးခြင်း
  • ကင်ဆာရောဂါကုထုံးများ ခံယူဖူးခြင်း

အဆုတ်တွင်း တစ်သျှူးများ ပျက်စီးခြင်းကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • ဆေးလိပ်ဖြတ်ခြင်း
  • တစ်ဆင့်ခံ ဆေးလိပ်ငွေ့ ရှူရှိုက်မှုကို ရှောင်ကြဥ်ခြင်း
  • ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ လုပ်ဆောင်ခြင်း
  • ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်စားသောက်ခြင်း
  • ဓာတုဗေဒ လုပ်ငန်းခွင်တွေ၊ ဖုန်ထူထပ်တဲ့ နေရာတွေကို သွားရောက်တဲ့ အခါမှာ မျက်နှာဖုံးများ ဝတ်ဆင်ခြင်း
REF: MayoClinicHealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.