အူပိတ်ခြင်း (Bowel Obstruction) အကြောင်း သိကောင်းစရာများ
- 12 Mar, 2020
- အဖြစ်များသောရောဂါများ
အူပိတ်ခြင်း ဆိုတာကတော့ အူသိမ် ဒါမှမဟုတ် အူမကြီး ပိတ်ဆို့ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အူပိတ်ခြင်းကို ခံစားရတဲ့ အခါမှာ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးပေါင်း များစွာကို ခံစားရနိုင်ပါတယ်။
အူပိတ်ခြင်း ဆိုတာကတော့ အူသိမ် ဒါမှမဟုတ် အူမကြီး
ပိတ်ဆို့ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ အူပိတ်ခြင်းကို
ခံစားရတဲ့ အခါမှာ ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးပေါင်း များစွာကို
ခံစားရနိုင်ပါတယ်။
အူသိမ် ဒါမှမဟုတ် အူမကြီး အတွင်း အစားအစာတွေ၊ အရည်တွေ၊
အစာချေအက်စစ်တွေ စီးဆင်းနိုင်ခြင်း မရှိဘဲ တစ်နေရာတည်းမှာ အချိန်အကြာကြီး ပိတ်ဆို့နေခဲ့မယ်ဆိုရင် အူသိမ်၊
အူမ ပေါက်ထွက်ခြင်းကို ခံစားရနိုင်ပြီး အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တဲ့ အထိ
မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။
တကယ်လို့ အူသိမ် ဒါမှမဟုတ် အူမကြီး တစ်ခုလုံး
ပိတ်ဆို့ခြင်းကို ခံစားရတဲ့ အခါမှာ ခန္ဓာကိုယ်အတွက် မလိုအပ်တော့တဲ့
အညစ်အကြေးတွေကို ဝမ်းများအဖြစ် စွန့်ထုတ်ရာမှာ အခက်အခဲများနဲ့ ရင်ဆိုင်ရမှာ
ဖြစ်သလို အူသိမ် ဒါမှမဟုတ် အူမကြီး တစ်စိတ်တစ်ပိုင်း ပိတ်ဆို့ခြင်းကို ခံစားရတဲ့
အခါမှာတော့ ဝမ်းပျက်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
အူပိတ်ခြင်းကို ခံစားရတဲ့ အခါမှာ မူးဝေခြင်း၊ အော့အန်ခြင်း၊
ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း၊ ဝမ်းပျက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဗိုက်အောင့်ခြင်း၊
အစာစားချင်စိတ် မရှိခြင်း၊ ဝမ်းသွားရခက်ခဲခြင်း၊ ဝမ်းဗိုက်တစ်ဝိုက် အပြင်းအထန်
နာကျင်ခြင်း၊ ဝမ်းဗိုက်တစ်ဝိုက် ရောင်ရမ်းခြငတို့ကို ခံစားရမှာ ဖြစ်ပါတယ်။
အော့အန်ခြင်း၊ ဝမ်းပျက်ခြင်းတို့ကို အူပိတ်ခြင်းကို
စတင်ခံစားရတဲ့ အချိန်မှာ ခံစားရလေ့ရှိပြီး တစ်ခါတရံမှာ အူပိတ်ခြင်းကြောင့်
ခံစားရလေ့ရှိတဲ့ ရောဂါတွေနဲ့အတူ ဖျားနာခြင်းကိုပါ တွဲဖက် ခံစားရမှာ ဖြစ်ပါတယ်။
တကယ်လို့ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားခဲ့ရမယ်ဆိုရင်
အမြန်ဆုံး သက်ဆိုင်ရာ ဆရာဝန်နဲ့ ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။
အူပိတ်ခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့
အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အူရောင်ရောဂါ ဖြစ်ပွားခြင်း
- မာကျောတဲ့ အရာဝတ္ထု တစ်ခုခု မျိုချမိခြင်း
- သည်းခြေ ကျောက်တည်ခြင်း
- အူကျခြင်း
- အူသိမ်၊ အူမ တစ်သျှူးများ စုတ်ပြဲခြင်း
- အူသိမ်၊ အူမအတွင်း အကျိတ်များဖြစ်ခြင်း
- အူသိမ်၊ အူမ သွေးကြောများ ပျက်စီးခြင်း
- အူလိမ်ခြင်း
- အူသိမ်၊ အူမအတွင်း ရောဂါပိုးများ ကူးစက်ခြင်း
- ခရုန်းရောဂါ ဖြစ်ပွားခြင်း
- အူမကြီးကင်ဆာ ဖြစ်ပွားခြင်း
- အစာအိမ်ကင်ဆာ ဖြစ်ပွားခြင်း
- ဝမ်းဗိုက်တစ်ဝိုက် ဓာတ်ကင်ကုသမှု ခံယူဖူးခြင်း
- ကင်ဆာကျိတ်များ အူသိမ်အူမအတွင်း ပျံ့နှံ့သွားခြင်း
အူပိတ်ခြင်းကို ကုသရာမှာ ခံစားနေရတဲ့ ရောဂါအခြေအနေ အပေါ်
မူတည်ပြီး ကုသမှု နည်းလမ်းတွေလည်း တူညီနိုင်မှာ မဟုတ်ပါဘူး။ အူသိမ် ဒါမှမဟုတ်
အူမကြီး တစ်ခုလုံး ပိတ်ဆို့ခြင်းကို ခံစားရတဲ့ အခါမှာ ခွဲစိတ်ကုသမှု ခံယူဖို့
လိုအပ်မှာ ဖြစ်ပေမယ့် အူသိမ် ဒါမှမဟုတ် အူမကြီး တစ်စိတ်တစ်ပိုင်း
ပိတ်ဆို့ခြင်းကိုသာ ခံစားခဲ့ရမယ် ဆိုရင်တော့ ဆရာဝန် ညွှန်ကြားချက်အတိုင်း ဆေးဝါးများ
သောက်သုံးပေးခြင်းဖြင့် သက်သာ ပျောက်ကင်းစေမှာ ဖြစ်ပါတယ်။
တကယ်လို့ အူသိမ်ခြင်းကို သက်သာပျောက်ကင်းအောင် ကုသခဲ့ခြင်း
မရှိဘူးဆိုရင် ခန္ဓာကိုယ်တွင်း ရေဓာတ်ခမ်းခြောက်ခြင်း၊ အူသိမ်၊ အူမ တစ်သျှူးများ
သေဆုံးခြင်း၊ ဝမ်းဗိုက်အတွင်း ပြည်တည်ခြင်း၊ ကျောက်ကပ် အလုပ်မလုပ်ခြင်း၊
သွေးဆိပ်သင့်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
အူပိတ်ခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့
အောက်ပါနည်းလမ်းတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။
- အစားအစာများကို တစ်ကြိမ်တည်း အလွန်အကျွံ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
- အစာကို ကျေညက်အောင် ဝါးစားခြင်း
- အမျှင်ဓာတ် လွန်ကဲတဲ့ အစားအစာများ အလွန်အကျွံ စားသုံးမှုကို
ရှောင်ကြဥ်ခြင်း
- ကဖိန်းဓာတ် လွန်ကဲတဲ့ အစားအစာများ စားသုံးမှုကို
ရှောင်ကြဥ်ခြင်း
- အသီးအနှံများကို အလုံးလိုက် စားသုံးခြင်းထက်
ခွဲစိတ်ပြီးမှသာ စားသုံးပေးခြင်း
- ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းများ ပြုလုပ်ပေးခြင်း
- ရေဓာတ် ပြန်လည် ဖြည့်တင်းပေးခြင်း
- ဆေးလိပ်ဖြတ်ခြင်း
- အရက်အလွန်အကျွံ သောက်သုံးမှုကို ရှောင်ကြဥ်ခြင်း
REF: MedicalNewsToday, HealthLine