သွားအရောင်ပြောင်းခြင်းကို ဖြစ်ပွားစေတဲ့ အစားအစာများ

  • 05 Mar, 2020
  • သွားနှင့်ခံတွင်း

သွားလေးတွေ ဖြူစင် ဝင်းမွတ်နေတာကို လူတိုင်းနီးပါး လိုချင်ကြမယ် ထင်ပါတယ်။ လူအများစု အနေနဲ့ သွားပုံမှန်တိုက်ပေးခြင်း၊ ခံတွင်းသန့်ရှင်းရေးကို ဂရုတစိုက် လုပ်ဆောင်ပေးခြင်းဖြင့် ဖြူဖွေးလှပတဲ့ သွားလေးတွေကို ပိုင်ဆိုင်နိုင်မယ်လို့ ထင်မှတ်ထားကြပါတယ်။

သွားလေးတွေ ဖြူစင် ဝင်းမွတ်နေတာကို လူတိုင်းနီးပါး လိုချင်ကြမယ် ထင်ပါတယ်။ လူအများစု အနေနဲ့ သွားပုံမှန်တိုက်ပေးခြင်း၊ ခံတွင်းသန့်ရှင်းရေးကို ဂရုတစိုက် လုပ်ဆောင်ပေးခြင်းဖြင့် ဖြူဖွေးလှပတဲ့ သွားလေးတွေကို ပိုင်ဆိုင်နိုင်မယ်လို့ ထင်မှတ်ထားကြပါတယ်။

ဒီအချက်ကလည်း မှန်သင့်သလောက် မှန်ပေမယ့် ကျွန်တော်တို့ ထင်မှတ်မထားတဲ့ အချို့သော အစားအစာတွေကို စားသုံးခြင်းကြောင့် သွားအရောင်ပြောင်းခြင်းကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် သွားအရောင်ပြောင်းခြင်းကို ဖြစ်ပွားစေတဲ့ အစားအစာတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • ဘလက်ကော်ဖီ

လူအများစု အနေနဲ့ မနက် အိပ်ယာကနေ နိုးထလာတာနဲ့ ကော်ဖီလေး တစ်ခွက်လောက်တော့ သောက်လိုက်ရမှ နေသာထိုင်သာ ရှိသွားလေ့ ရှိကြပါတယ်။ ဒါပေမယ့် ကော်ဖီကို စွဲစွဲမြဲမြဲ သောက်သုံးခြင်းကြောင့် သွားအပေါ်ယံ ကြွေသွားလွှာမှာ အညိုကွက်တွေ ဖြစ်ပေါ်လာခြင်းကို ခံစားရနိုင်ပါတယ်။ အထူးသဖြင့် ဘလက်ကော်ဖီ သီးသန့်ကိုသာ ကာလရှည် စွဲစွဲမြဲမြဲ သောက်သုံးခဲ့မယ်ဆိုရင် သွားအရောင်ပြောင်းခြင်းကို ပိုမို ခံစားရနိုင်ပါတယ်။

  • လက်ဘက်ရည်

လက်ဘက်ရည်မှာ ပြုလုပ်ရာမှာ အသုံးပြုတဲ့ အကျရည်ဟာ ဆိုရင်လည်း သွားများမှာ အညိုရောင် အကွက်များ စွန်းထင်ခြင်းကို ဖြစ်ပွားစေနိုင်တာကြောင့် လက်ဘက်ရည် အလွန်အကျွံ သောက်သုံးခြင်းကိုလည်း တတ်နိုင်သမျှ ရှောင်ကြဥ်သင့်ပါတယ်။

  • ဝိုင်နီ

ဝိုင်နီသောက်သုံးခြင်းကြောင့် နှလုံးကျန်းမာရေးကို ကောင်းမွန်စေမှာ ဖြစ်ပေမယ့်လည်း သွားအလှပျက်စေမှာ ဖြစ်ပါတယ်။ ဝိုင်နီကို ကာလရှည် စွဲစွဲမြဲမြဲ သောက်သုံးမယ်ဆိုရင် သွားဖြူဖြူလေးတွေကနေ နီကျင်ကျင်အရောင် အဖြစ် ပြောင်းလဲသွားတာကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ ဝိုင်နီသောက်သုံးရတာကို ကြိုက်နှစ်သက်တယ်ဆိုရင် ဝိုင်နီသောက်သုံးပြီးတော့ ပါးစပ်ဆေးခြင်း၊ သွားတိုက်ခြင်းစတဲ့ အပြုအမူတွေကို လုပ်ဆောင်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

  • အရက်

အရက်သောက်သုံးခြင်းကြောင့် ကျန်းမာရေးဆိုင်ရာ ဘေးထွက်ဆိုးကျိုးပေါင်းများစွာ ခံစားရမယ် ဆိုတာကို လူတိုင်းနီးပါး သိထားကြမယ် ထင်ပါတယ်။ ဒါ့အပြင် အရက် သောက်သုံးခြင်းကြောင့် ခံတွင်း အနံ့နံခြင်း၊ သွားများမှာ အညိုရောင် အကွက်များ စွန်းထင်ခြင်းစတဲ့ ဘေးထွက် ဆိုးကျိုးတွေကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။

  • ဆေးလိပ်

ဆေးလိပ်မှာ ပါဝင်တဲ့ နီကိုတင်းဓာတ်ဟာ သွားအပေါ်ယံ ကြွေသွားလွှာမှာ စွဲထင် ကျန်နေလေ့ ရှိပါတယ်။ ဒါကြောင့် ဆေးလိပ်ကို အလွန်အကျွံ သောက်သုံးခဲ့မယ်ဆိုရင် နီကိုတင်းတွေ အများအပြား သွားအပေါ်ယံ ကြွေသွားလွှာမှာ စွဲကျန်နေမှာဖြစ်ပြီး သွားဝါခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။

  • ဟင်းခပ်အမွှေးအကြိုင်များ

ဟင်းခပ်အမွှေးအကြိုင်တွေ အထူးသဖြင့် မဆလာ အလွန်အကျွံ အသုံးပြုထားတဲ့ အိန္ဒိယ အစားအစာတွေကို နေ့စဥ် ပုံမှန် စားသုံးခဲ့မယ်ဆိုရင်လည်း သွားဝါခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။ ဒါကြောင့် မဆလာ အသုံးပြုထားတဲ့ ဟင်းလျာတွေကို စားသုံးပြီးတိုင်း သွားတိုက်ခြင်း၊ ပါးစပ်ဆေးခြင်းစတဲ့ အပြုအမူတွေကို လုပ်ဆောင်ပေးသင့်ပါတယ်။

REF: EverydayHealth

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.