ပါရိုးနိစ်ရောဂါ (Peyronie’s Disease) အကြောင်း သိကောင်းစရာများ
- 04 Mar, 2020
- မျိုးဆက်ပွားကျန်းမာရေး
ပါရိုးနိစ်ရောဂါ ဆိုတာကတော့ ဖိုအင်္ဂါအတွင်း တစ်သျှူးများ ပျက်စီးပြီး အမာရွတ်လို အချပ်ပြားများ အဖြစ် ပြောင်းလဲသွားခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ပါရိုးနိစ်ရောဂါကို ခံစားရတဲ့ အခါမှာ ပုံမှန်မဟုတ်တဲ့ လိင်တံကွေးညွတ်ခြင်းကို ခံစားရမှာ ဖြစ်သလို သုက်လွှတ်ရာမှာလည်း အခက်အခဲများနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
ပါရိုးနိစ်ရောဂါ ဆိုတာကတော့ ဖိုအင်္ဂါအတွင်း တစ်သျှူးများ ပျက်စီးပြီး
အမာရွတ်လို အချပ်ပြားများ အဖြစ် ပြောင်းလဲသွားခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ
ဖြစ်ပါတယ်။ ပါရိုးနိစ်ရောဂါကို ခံစားရတဲ့ အခါမှာ ပုံမှန်မဟုတ်တဲ့ လိင်တံကွေးညွတ်ခြင်းကို
ခံစားရမှာ ဖြစ်သလို သုက်လွှတ်ရာမှာလည်း အခက်အခဲများနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
အမျိုးသား အများစု အနေနဲ့ ဖိုအင်္ဂါ ဘယ်ဘက် ဒါမှမဟုတ် ညာဘက်ကို
အနည်းငယ် ကွေးညွတ်ခြင်းကို ခံစားရလေ့ရှိကြပေမယ့် ဖိုအင်္ဂါ ကွေးညွတ်ခြင်း အပြင် နာကျင်ခြင်း၊
ပန်းသေပန်းညှိုးခြင်းစတဲ့ ဝေဒနာတွေကိုပါ ခံစားလာရမယ် ဆိုရင်တော့ ပါရိုနိစ်ရောဂါကို
ခံစားနေရပြီ ဖြစ်တယ်လို့ သတ်မှတ်နိုင်မှာ ဖြစ်ပါတယ်။
ပါရိုးနိစ်ရောဂါကို ခံစားနေရကြောင်း အလွယ်တကူ သိရှိနိုင်တဲ့
အချက်ကတော့ ဖိုအင်္ဂါ သိသိသာသာ ကွေးညွတ်နေခြင်းပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ပါရိုးနိစ်ရောဂါကို
ခံစားရတဲ့ အခါမှာ အောက်ပါ ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။
- ဖိုအင်္ဂါတွင်း တစ်သျှူးများ ပျက်စီးခြင်း
ပါရိုးနိစ်ရောဂါကို ဖိုအင်္ဂါတွင်း တစ်သျှူးများ ပျက်စီးခြင်းကြောင့်
ခံစားရနိုင်သလို ပါရိုးနိစ်ရောဂါ ခံစားရခြင်းကြောင့်လည်း ဖိုအင်္ဂါတွင်း တစ်သျှူးများ
ပျက်စီးခြင်းကို ဖြစ်ပွားစေနိုင်ပါတယ်။ ဖိုအင်္ဂါတွင်း တစ်သျှူးများ ပျက်စီးပြီး အမာရွတ်လို
အချပ်ပြား အဖြစ် ပြောင်းလဲသွားတဲ့ အခါမှာ ဖိုအင်္ဂါရောင်ရမ်းခြင်း၊ ဖိုအင်္ဂါတွင်း
သွေးလည်ပတ်မှု အားနည်းခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- သုက်လွှတ်ရာမှာ အခက်အခဲများနဲ့ ရင်ဆိုင်ရခြင်း
ပါရိုးနိစ်ရောဂါကို ခံစားရတဲ့ အခါမှာ သုက်လွှတ်မြန်ခြင်း၊ သုက်လွှတ်ရာမှာ
နာကျင်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်သလို ပန်းသေပန်းညှိုးခြင်းကိုပါ ခံစားရနိုင်ပါတယ်။
- ဖိုအင်္ဂါတိုဝင်သွားခြင်း
ပါရိုးနိစ်ရောဂါကို ခံစားနေရကြောင့် အလွယ်တကူ သိရှိနိုင်တဲ့
နောက်ထပ် တစ်ချက်ကတော့ ဖိုအင်္ဂါ ပုံမှန် အရွယ်အစားထက် တိုဝင်သွားခြင်းပဲ ဖြစ်ပါတယ်။
- နာကျင်ခြင်း
လိင်ဆက်ဆံခြင်း နာကျင်ခြင်း၊ သုက်လွှတ်ရာမှာ နာကျင်ခြင်း၊ အကြောင်းပြချက်မရှိ
ဖိုအင်္ဂါတစ်ဝိုက် နာကျင်ခြင်းစတဲ့ ဝေဒနာတွေကိုလည်း ပါရိုးနိစ်ရောဂါကြောင့် ခံစားရနိုင်ပါတယ်။
ပါရိုးနိစ်ရောဂါကို အချိန်ကြာမြင့်စွာ ခံစားနေရပြီး သက်သာပျောက်ကင်းအောင်
ကုသခဲ့ခြင်း မရှိဘူးဆိုရင် မျိုးမအောင်ခြင်း၊ ဖိုအင်္ဂါတစ်ဝိုက် အမြဲလိုလို နာကျင်ခြင်း၊
ဖိုအင်္ဂါ အရွယ်အစား သေးငယ်သွားခြင်း၊ စိတ်ဖိစီးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်တာကြောင့်
သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားနေရတာနဲ့ သက်ဆိုင်ရာ ဆရာဝန်နဲ့
အမြန်ဆုံး စမ်းသပ် စစ်ဆေးပြီး ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။
ပါရိုးနိစ်ရောဂါကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကို လက်ရှိအချိန်ထိ
အတိအကျ သိရှိခြင်း မရှိသေးပေမယ့် ဖိုအင်္ဂါတွင်း သွေးကြောငယ်များ ပျက်စီးခြင်းကြောင့်
ခံစားရတာ ဖြစ်နိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်များကတော့ သုံးသပ်ထားကြပါတယ်။ ဒါ့အပြင်
အသက်အရွယ် ကြီးမြင့်ခြင်း၊ မျိုးရိုးလိုက်ခြင်း၊ တွယ်ဆက်တစ်သျှူးဆိုင်ရာ ရောဂါများ
ခံစားနေရခြင်းစတဲ့ အကြောင်းအရင်းများကြောင့်လည်း ပါရိုးနိစ်ရောဂါကို ခံစားရနိုင်ပါတယ်။
ပါရိုးနိစ်ရောဂါ ဖြစ်ပွားမှုကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို
လိုက်နာ ဆောင်ရွက်သင့်ပါတယ်။
- အရက်လျှော့သောက်ခြင်း
- ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှုကို ရှောင်ကြဥ်ခြင်း
- ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ပေးခြင်း
- မူးယစ်ဆေးဝါး အသုံးပြုမှုကို ရှောင်ကြဥ်ခြင်း
REF: MedicalNewsToday
