ခန္ဓာကိုယ်တွင်း အိုင်အိုဒင်းဓာတ် ချို့တဲ့နေပြီဖြစ်ကြောင်း အလွယ်တကူ သိရှိနိုင်တဲ့ အချက်များ
- 03 Mar, 2020
- အဖြစ်များသောရောဂါများ
အိုင်အိုဒင်း ဆိုတာကတော့ ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်တဲ့ သတ္တုဓာတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ အိုင်အိုဒင်းဓာတ် အနေနဲ့ သွိုင်းရွိုက်ဂလင်းကနေ တစ်ဆင့် သွိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ရာမှာ အဓိက အထောက်အပံ့ပေးလျက် ရှိပါတယ်။ သွိုင်းရွိုက်ဟော်မုန်း အနေနဲ့ ခန္ဓာကိုယ် ကြီးထွားမှုမှာ၊ ဦးနှောက်ဖွံ့ဖြိုးမှုမှာ၊ ခန္ဓာကိုယ် ဇီဝဗေဒဖြစ်စဥ်ကို ထိန်းညှိရာမှာ များစွာသော အထောက်အကူကို ပေးစွမ်းလျက်ရှိပါတယ်။
အိုင်အိုဒင်း ဆိုတာကတော့ ခန္ဓာကိုယ် အတွက် မရှိမဖြစ် လိုအပ်တဲ့
သတ္တုဓာတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ အိုင်အိုဒင်းဓာတ် အနေနဲ့ သွိုင်းရွိုက်ဂလင်းကနေ တစ်ဆင့်
သွိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ရာမှာ အဓိက အထောက်အပံ့ပေးလျက် ရှိပါတယ်။ သွိုင်းရွိုက်ဟော်မုန်း
အနေနဲ့ ခန္ဓာကိုယ် ကြီးထွားမှုမှာ၊ ဦးနှောက်ဖွံ့ဖြိုးမှုမှာ၊ ခန္ဓာကိုယ် ဇီဝဗေဒဖြစ်စဥ်ကို
ထိန်းညှိရာမှာ များစွာသော အထောက်အကူကို ပေးစွမ်းလျက်ရှိပါတယ်။
ခန္ဓာကိုယ်တွင်း အိုင်အိုဒင်းဓာတ် ချို့တဲ့သွားတဲ့ အခါမှာ ဘေးထွက်ဆိုးကျိုးပေါင်း
များစွာကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်တွင်း အိုင်အိုဒင်းဓာတ် ချို့တဲ့နေပြီဖြစ်ကြောင်း
အလွယ်တကူ သိရှိနိုင်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။
- လည်ပင်းတစ်ဝိုက် ရောင်ရမ်းခြင်း
လည်ပင်းတစ်ဝိုက် ရောင်ရမ်းခြင်း ဆိုတာကတော့ ခန္ဓာကိုယ်တွင်း
အိုင်အိုဒင်းဓာတ် ချို့တဲ့နေတဲ့ အခါမှာ အဓိက ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။
ခန္ဓာကိုယ်တွင်း အိုင်အိုဒင်းဓာတ် နည်းပါးသွားတဲ့ အခါမှာ လည်ပင်းတစ်ဝိုက်မှာ တည်ရှိနေတဲ့
သွိုင်းရွိုက် ဂလင်းတွေ အနေနဲ့ သွိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်နိုင်ဖို့ အတွက် နဂိုထက်
ပိုမို ကြိုးပမ်းရတာကြောင့် သွိုင်းရွိုက်ဂလင်းများ ရောင်ရမ်းခြင်း တစ်နည်းအားဖြင့်
လည်ပင်းတစ်ဝိုက် ရောင်ရမ်းခြင်းကို ခံစားရတာ ဖြစ်ပါတယ်။
- အကြောင်းပြချက်မရှိ ကိုယ်အလေးချိန် မြင့်တက်ခြင်း
အထက်မှာ ဖော်ပြထားတဲ့ အတိုင်း ခန္ဓာကိုယ်တွင်း အိုင်အိုဒင်းဓာတ်
ချို့တဲ့လာတဲ့ အခါမှာ သွိုင်းရွိုက်ဟော်မုန်း ပမာဏလည်း နည်းပါးသွားမှာ ဖြစ်ပါတယ်။ သွိုင်းရွိုက်ဟော်မုန်း
အနေနဲ့ ခန္ဓာကိုယ်ရဲ့ ဇီဝဗေဒဖြစ်စဥ်ကို ထိန်းညှိပေးထားတာကြောင့် သွိုင်းရွိုက်ဟော်မုန်း
နည်းပါးသွားတဲ့ အခါမှာ ခန္ဓာကိုယ်တွင်း ကယ်လိုရီ လောင်ကျွမ်းမှု နည်းပါးခြင်း၊ စွမ်းအင်ထုတ်လုပ်မှု
နည်းပါးခြင်းစတဲ့ ဘေးထွက်ဆိုးကျိုးတွေကို ခံစားရမှာ ဖြစ်သလို အကြောင်းပြချက်မရှိ ကိုယ်အလေးချိန်
မြင့်တက်ခြင်းကိုလည်း ခံစားရမှာ ဖြစ်ပါတယ်။
- မောပန်းနွမ်းနယ်ခြင်း
ခန္ဓာကိုယ်တွင်း အိုင်အိုဒင်းဓာတ် နည်းပါးသွားတဲ့ အခါမှာ မောပန်းခြင်း၊
ပင်ပန်းနွမ်းနယ်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ ဖြစ်သလို အားအင်ကုန်ခမ်းခြင်းကိုလည်း
ခံစားရမှာ ဖြစ်ပါတယ်။
- ဆံပင်ကျွတ်ခြင်း
သွိုင်းရွိုက်ဟော်မုန်းတွေ အနေနဲ့ ဆံကေသာ ကြီးထွားမှုကို ထိန်းချုပ်ပေးလျက်
ရှိပါတယ်။ တကယ်လို့ ခန္ဓာကိုယ်တွင်း အိုင်အိုဒင်းဓာတ် ချို့တဲ့ပြီး သွိုင်းရွိုက်ဟော်မုန်း
ပမာဏ နည်းပါးသွားတဲ့ အခါမှာ ဆံပင်ကျွတ်ခြင်း၊ ဆံပင်မသန်ခြင်းစတဲ့ ဝေဒနာတွေကို ခံစားရမှာ
ဖြစ်ပါတယ်။
- အသားအရေ ခြောက်သွေ့ခြင်း
အသားအရေ ခြောက်သွေ့ခြင်းဟာ ဆိုရင်လည်း အိုင်အိုဒင်းဓာတ် နည်းပါးနေပြီဖြစ်ကြောင်း
အလွယ်တကူ သိရှိနိုင်တဲ့ အချက်တစ်ချက်ပဲ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ အိုင်အိုဒင်းဓာတ်
နည်းပါးခြင်းကို ခံစားနေရသူ (၇၇) ရာခိုင်နှုန်းခန့် အနေနဲ့ အသားအရေ ခြောက်သွေ့ခြင်း၊
ချွေးထွက်နှုန်း နည်းပါးခြင်း၊ အရေခွံကွာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရလေ့ ရှိတယ်လို့
သိရပါတယ်။
- နှလုံးခုန်နှုန်း ပြောင်းလဲခြင်း
တကယ်လို့ ခန္ဓာကိုယ်တွင်း အိုင်အိုဒင်းဓာတ် နည်းပါးသွားတဲ့ အခါမျိုးတွေမှာ
နှလုံးခုန်နှုန်းလည်း နှေးကွေးသွားလေ့ ရှိပါတယ်။ တကယ်လို့ အိုင်အိုဒင်းဓာတ် နည်းပါးခြင်းကြောင့်
နှလုံးခုန်နှုန်း နှေးကွေးခြင်းကို ခံစားရတဲ့ အခါမှာ မူးဝေခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊
အားနည်းခြင်းစတဲ့ ဝေဒနာတွေကို တွဲဖက်ခံစားရနိုင်သလို တစ်ခါတရံမှာ သတိလစ်ခြင်းကိုပါ
ခံစားရနိုင်ပါတယ်။
REF: HealthLine
