ဝှေးစေ့ရောင်ရမ်းခြင်း (Orchitis)

  • 27 Feb, 2020
  • မျိုးဆက်ပွားကျန်းမာ‌ရေး

ဝှေးစေ့ရောင်ရမ်းခြင်း ဆိုတာကတော့ ဘက်တီးရီးယားပိုး ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုး ဝှေးစေ့ကို ကူးစက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဘက်တီးရီးယားပိုး ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကို ဝှေးစေ့နှစ်ဘက်လုံး တစ်ပြိုင်တည်း ခံစားရနိုင်ပေမယ့် ရောဂါလက္ခဏာတွေကိုတော့ ဝှေးစေ့ တစ်ခုတည်းကသာ ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် ဝှေးစေ့ရောင်ရမ်းခြင်းကို များသောအားဖြင့် သုက်ရည်ပြွန် ရောင်ရမ်းခြင်းနဲ့ တွဲဖက် ခံစားရလေ့ ရှိကြပါတယ်။

ဝှေးစေ့ရောင်ရမ်းခြင်း ဆိုတာကတော့ ဘက်တီးရီးယားပိုး ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုး ဝှေးစေ့ကို ကူးစက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါတစ်မျိုးပဲ ဖြစ်ပါတယ်။ ဘက်တီးရီးယားပိုး ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကို ဝှေးစေ့နှစ်ဘက်လုံး တစ်ပြိုင်တည်း ခံစားရနိုင်ပေမယ့် ရောဂါလက္ခဏာတွေကိုတော့ ဝှေးစေ့ တစ်ခုတည်းကသာ ခံစားရလေ့ ရှိကြပါတယ်။ ဒါ့အပြင် ဝှေးစေ့ရောင်ရမ်းခြင်းကို များသောအားဖြင့် သုက်ရည်ပြွန် ရောင်ရမ်းခြင်းနဲ့ တွဲဖက် ခံစားရလေ့ ရှိကြပါတယ်။

ဝှေးစေ့ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ -

  • ကပ္ပာယ်အိတ် တင်းမာခြင်း
  • ဆီးသွားစဥ် နာကျင်ခြင်း
  • သုက်လွှတ်ရာမှာ နာကျင်ခြင်း
  • ကပ္ပာယ်အိတ် ရောင်ရမ်းခြင်း
  • သုက်ရည်အတွင်း သွေးပါခြင်း
  • ဖိုအင်္ဂါမှ ပုံမှန် မဟုတ်သော အရည်များ ကျဆင်းခြင်း
  • ဆီးကျိတ်ကြီးလာခြင်း
  • မူးဝေခြင်း
  • အော့အန်ခြင်း
  • ပေါင်ခြံတစ်ဝိုက် ပြန်ရည်ကျိတ်များ ရောင်ရမ်းခြင်း
  • ဖျားနာခြင်း

သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ဝေဒနာတွေ အပြင် ကပ္ပာယ်အိတ် တစ်ဝိုက် အပြင်းအထန် နာကျင်ခြင်းကိုပါ တွဲဖက် ခံစားနေရမယ် ဆိုရင်တော့ သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက် ပြသပြီး ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။

အထက်မှာ ဖော်ပြထားတဲ့အတိုင်း ဝှေးစေ့ရောင်ရမ်းခြင်းကို အဓိက ဖြစ်ပွားစေတဲ့ အကြောင်းအရင်းကတော့ ဘက်တီးရီးယားပိုး ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကြောင့်ပဲ ဖြစ်ပါတယ်။ ဝှေးစေ့ရောင်ရမ်းခြင်းကို အဓိက ဖြစ်ပွားစေတဲ့ ဗိုင်းရပ်စ်ပိုးကတော့ (Mumps) ဗိုင်းရပ်စ်ပိုးပဲ ဖြစ်ပါတယ်။ ငယ်ရွယ်စဥ် ကလေးဘဝမှာ (Mumps) ဗိုင်းရပ်စ်ပိုးကြောင့် ပါးချိတ်ရောင်ရောဂါကို ခံစားခဲ့ရမယ်ဆိုရင် အရွယ်ရောက်လာတဲ့ အခါမှာ (Mumps) ဗိုင်းရပ်စ်ပိုးကြောင့် ဝှေးစေ့ရောင်ရမ်းခြင်းကို ပိုမို ခံစားရလေ့ ရှိပါတယ်။

ဒါ့အပြင် ဆီးလမ်းကြောင်း ပိုးဝင်ခြင်း၊ ဆီးပူညောင်းကျရောဂါ၊ ကလမိုင်ဒီးယ (Chlamydia) ရောဂါစတဲ့ ဘက်တီးရီးယားပိုး ကူးစက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ဝေဒနာတွေ ခံစားရတဲ့ အခါမှာလည်း ဝှေးစေ့ရောင်ရမ်းခြင်းကို သုက်ရည်ပြွန် ရောင်ရမ်းခြင်းနဲ့ တွဲဖက် ခံစားရလေ့ ရှိကြပါတယ်။

ဝှေးစေ့ ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။

  • အကာကအကွယ်မဲ့ လိင်ဆက်ဆံခြင်း
  • လိင်ဆက်ဆံရာကနေ တစ်ဆင့် ကူးဆက်လေ့ရှိတဲ့ ရောဂါများ ဖြစ်ပွားဖူးခြင်း
  • လိင်ဆက်ဆံဖော် တစ်ဦးထက်ပိုခြင်း
  • (Mump) ဗိုင်းရပ်စ်ပိုး ကာကွယ်ဆေး ထိုးထားမှု မရှိခြင်း
  • ဆီးလမ်းကြောင်း ခွဲစိတ်ကုသမှု ခံယူဖူးခြင်း
  • မွေးရာပါ ဆီးလမ်းကြောင်း မူမမှန်မှုကို ခံစားနေရခြင်း 

ဗိုင်းရပ်စ်ပိုးကြောင့် ဝှေးစေ့ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ ဆေးဝါးကုသမှုတွေ ခံယူရန် လိုအပ်မှာ မဟုတ်သလို အချိန်အနည်းငယ် ကြာမြင့်လာတဲ့ အခါမှာ ခံစားနေရတဲ့ ရောဂါဝေဒနာတွေ သက်သာ ပျောက်ကင်းသွားမှာ ဖြစ်ပါတယ်။ 

ဘက်တီးရီးယားပိုးကြောင့် ဝှေးစေ့ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာတော့ ဆေးဝါးကုသမှု ခံယူဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဆရာဝန် ညွှန်ကြားချက်အတိုင်း ပဋိဇီဝဆေးဝါးများ သောက်သုံးခြင်း၊ အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်း၊ ကပ္ပာယ်အိတ်တစ်ဝိုက် ရေခဲအိတ်ကပ်ပေးခြင်းစတဲ့ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်ပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ 

REF: HealthLineMayoclinic

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.