သန်လုံးကောင်ထိုးခြင်း (Ascariasis) အကြောင်း သိကောင်းစရာများ
- 25 Feb, 2020
- အဖြစ်များသောရောဂါများ
သန်လုံးကောင်ထိုးခြင်း ဆိုတာကတော့ (Ascaris Lumbricoides) လို့ အမည်ရတဲ့ သန်လုံးကောင်တွေ အူသိမ်အတွင်း ကူးစက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ သန်လုံးကောင်ထိုးခြင်းကို များသောအားဖြင့် မသန့်ရှင်းတဲ့ရေတွေ၊ စားစရာတွေ စားသုံးခြင်းကနေ တစ်ဆင့်သာ ကူးစက်နိုင်မှာဖြစ်ပြီး လူတစ်ဦးကနေ တစ်ဦးကို ကူးစက်နိုင်မှာ မဟုတ်ပါဘူး။
သန်လုံးကောင်ထိုးခြင်း ဆိုတာကတော့ (Ascaris
Lumbricoides) လို့ အမည်ရတဲ့ သန်လုံးကောင်တွေ အူသိမ်အတွင်း
ကူးစက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။
သန်လုံးကောင်ထိုးခြင်းကို များသောအားဖြင့် မသန့်ရှင်းတဲ့ရေတွေ၊ စားစရာတွေ
စားသုံးခြင်းကနေ တစ်ဆင့်သာ ကူးစက်နိုင်မှာဖြစ်ပြီး လူတစ်ဦးကနေ တစ်ဦးကို ကူးစက်နိုင်မှာ
မဟုတ်ပါဘူး။
ဒါ့အပြင် သန်လုံးကောင်ထိုးခြင်းကို အပူပိုင်းဇုန်၊
သမပိုင်းဇုန်မှာ နေထိုင်သူတွေ အနေနဲ့ ပိုမို ခံစားရလေ့ရှိပြီး
လေ့လာတွေ့ရှိချက်များအရ သန်လုံးကောင်ထိုးခြင်းကို ကမ္ဘာအနှံ့ ခံစားနေရသူဦးရေ ၁
ဘီလီယံခန့် ရှိနေခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။
သန်လုံးကောင်ထိုးခြင်းကို စတင် ခံစားရစဥ် အချိန်မှာ
ရောဂါဝေဒနာတွေကို ခံစားရမှာ မဟုတ်ပေမယ့် အချိန်ကြာလာတာနဲ့အမျှ အောက်ပါရောဂါ
ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
- ဗိုက်အောင့်ခြင်း
- အစာစားချင်စိတ်မရှိခြင်း
- ဝမ်းသွားရာမှာ သန်ကောင်များ ပါလာခြင်း
- အော့အန်ခြင်း
- ခန္ဓာကိုယ် ကြီးထွားမှု မူမမှန်ခြင်း
- ကိုယ်အလေးချိန် ကျဆင်းခြင်း
- မူးဝေခြင်း
- မောပန်းနွမ်းနယ်ခြင်း
- ဖျားနာခြင်း
- ဝမ်းပျက်ခြင်း
- အူသိမ်အူမ လှုပ်ရှားမှု မူမမှန်ခြင်း
တကယ်လို့ အူသိမ်အတွင်းမှာ တည်ရှိနေတဲ့ သန်လုံးကောင်တွေ
အဆုတ်အတွင်းကို ရောက်ရှိသွားတဲ့ အခါမှာ - ဖျားနာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊
ချွဲအတွင်း သွေးပါခြင်း၊ အသက်ရှူမဝခြင်း၊ အသက်ရှူတိုင်း တရွှီရွှီ အသံမြည်ခြင်း၊ မကြာခဏ
ချောင်းဆိုးခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်သလို တစ်ခါတရံမှာ အဆုတ်ရောင် နမိုးနီးယား
ရောဂါကိုပါ ခံစားရနိုင်တာကြောင့် သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို
ခံစားနေရမယ်ဆိုရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ အမြန်ဆုံး ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။
သန်လုံးကောင်ထိုးခြင်းကို များသောအားဖြင့် သန်ဥပါတဲ့
မစင်နဲ့ ရောနေတဲ့ မြေကြီးကို ကိုင်တွယ်မိရင် ဒါမှမဟုတ် သန်ဥတွေ ကပ်တွယ်နေတဲ့
မသန့်ရှင်းတဲ့ရေတွေ၊ မသန့်ရှင်းတဲ့ အစားအစာတွေကို စားသုံးမိရင် ခံစားရနိုင်ပါတယ်။
ဒါ့အပြင် ကလေးငယ်တွေ အနေနဲ့လည်း မသန့်ရှင်းတဲ့ မြေကြီးတွေနဲ့ ဆော့ကစားခြင်းကြောင့်
သန်လုံးကောင်ထိုးခြင်းကို ခံစားရနိုင်ပါတယ်။
သန်လုံးကောင်ထိုးခြင်းကို ဖြစ်ပွားစေတဲ့ အခြားသော
အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- အပူပိုင်းဇုန်၊ သမပိုင်းဇုန်မှာ နေထိုင်ခြင်း
- တစ်ကိုယ်ရည် သန့်ရှင်းမှု မရှိခြင်း
- စည်းကမ်းမဲ့ မစင်စွန့်ခြင်း
- မစင်များကို မြေသြဇာအဖြစ် အသုံးပြုခြင်း
- ခေတ်မီ မိလ္လာ၊ ရေဆိုးနုတ်စနစ်များ အသုံးပြုမှု မရှိခြင်း
သင့်အနေနဲ့ သန်လုံးကောင်ထိုးခြင်းကို ကာကွယ်ချင်တယ်
ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။
- အစာမစားမီ နဲ့ အစားအသောက်များကို မကိုင်တွယ်မီ
လက်ကိုစင်ကြယ်အောင် ဆေးကြောခြင်း
- ရေကိုကျိုချက်ပြီးမှ သောက်သုံးခြင်း
- လမ်းဘေးစာများ စားသုံးမှုကို တတ်နိုင်သမျှ ရှောင်ကြဥ်ခြင်း
- မြစ်၊ ချောင်း၊ အင်းအိုင်များမှာ ရေချိုးမှုကို
ရှောင်ကြဥ်ခြင်း
- အသီးအနှံများကို ဆေးကြောသန့်စင်ပြီးမှသာ စားသုံးခြင်း
REF: HealthLine, MedicalNewsToday