အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်း (Respiratory Syncytial Virus)
- 20 Feb, 2020
- ကလေးကျန်းမာရေး
အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်း ဆိုတာကတော့ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကို လူကြီးလူငယ်မရွေး ခံစားရလေ့ ရှိကြပေမယ့် များသောအားဖြင့် နို့စို့အရွယ် ကလေးငယ်တွေ အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်း ဆိုတာကတော့
အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းမှာ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကြောင့် ခံစားရလေ့ရှိတဲ့
ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကို
လူကြီးလူငယ်မရွေး ခံစားရလေ့ ရှိကြပေမယ့် များသောအားဖြင့် နို့စို့အရွယ် ကလေးငယ်တွေ
အနေနဲ့ ခံစားရလေ့ ရှိကြပါတယ်။
အရွယ်ရောက်ပြီးသူတွေ၊ ကျန်းမာတဲ့ကလေးငယ်တွေ အနေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ
ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကို ခံစားရတဲ့ အခါမှာ များသောအားဖြင့် သာမာန် ဖျားနာရုံကဲ့သို့သာ
ရောဂါ ဝေဒနာတွေကို ခံစားရလေ့ ရှိကြပေမယ့် အသက် (၆) လအောက် ကလေးငယ်တွေ၊ သက်မှတ်ချိန်မတိုင်ခင်
မွေးဖွားလာတဲ့ ကလေးငယ်တွေ၊ မွေးရာပါ အဆုတ်ဝေဒနာ ခံစားနေရတဲ့ ကလေးငယ်တွေ အနေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ
ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကြောင့် ပြင်းထန်တဲ့ ရောဂါ ဝေဒနာတွေကို ခံစားရမှာ ဖြစ်ပါတယ်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကို ခံစားရတဲ့
အခါမှာ -
- နှာစေးခြင်း
- ဖျားနာခြင်း
- အစာစားချင်စိတ် မရှိခြင်း
- အိပ်မပျော်ခြင်း
- ပင်ပန်းနွမ်းနယ်ခြင်း
- ချောင်းဆိုးခြင်း
- အသက်ရှူရ ခက်ခဲခြင်း
- အသက်ရှူတိုင်း တရွှီရွှီ အသံမြည်ခြင်း
- အသက်ရှူမြန်မြင်း
- အသက်ရှူမရခြင်းစတဲ့ ဝေဒာနတွေကို ခံစားရနိုင်ပါတယ်။
ဒါ့အပြင် အသက် (၁) နှစ်အောက် ကလေးငယ်တွေ အနေနဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ
ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကြောင့် အဆုတ်လေပြွန်ငယ်များ ရောင်ရမ်းခြင်း (Bronchiolitis) ၊ နမိုးနီးယား (Pneumonia) စတဲ့ ရောဂါတွေကို ခံစားရနိုင်တာကြောင့်
အထက်မှာ ဖော်ပြထားတဲ့ ရောဂါဝေဒနာတွေကို ခံစားခဲ့ရမယ်ဆိုရင် အမြန်ဆုံး သက်ဆိုင်ရာ ဆရာဝန်နဲ့
ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရတဲ့ အခါမှာ
များသောအားဖြင့် ဆေးဝါးကုသမှုတွေ ခံယူဖို့ လိုအပ်မှာ မဟုတ်သလို (၁) ပတ်၊ (၂) ပတ်ခန့်
အကြာမှာ ခံစားနေရတဲ့ ရောဂါဝေဒနာတွေ သက်သာ ပျောက်ကင်းသွားလေ့ ရှိပါတယ်။ တကယ်လို့ ခံစားနေရတဲ့
ရောဂါဝေဒနာတွေ သက်သာ ပျောက်ကင်းခဲ့ခြင်း မရှိဘူး ဆိုရင်တော့ ရောဂါလက္ခဏာတွေ အပေါ် မူတည်ပြီး
ဆရာဝန် ညွှန်ကြားချက် အတိုင်း ဆေးဝါး ကုသမှုတွေ ခံယူဖို့ လိုအပ်ပါတယ်။
အသက်ရှူလမ်းကြောင်းဆိုင်ရာ ဗိုင်းရပ်စ်ပိုး ကူးစက်ခြင်းကို ကာကွယ်ချင်တယ်
ဆိုရင်တော့ အောက်ပါ နည်းလမ်းတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။
- ဖျားနာနေသူနဲ့ အနီးကပ် ဆက်ဆံမှုကို တတ်နိုင်သမျှ ရှောင်ကြဥ်ခြင်း
- တစ်ကိုယ်ရည်သုံး ပစ္စည်းများ မျှဝေသုံးစွဲမှုကို ရှောင်ကြဥ်ခြင်း
- မကြာခဏ လက်ဆေးခြင်း
- ညစ်ပတ်နေသောလက်ဖြင့် မျက်နှာ၊ မျက်လုံး၊ နှာခေါင်း၊ ပါးစပ်စတဲ့ နေရာတွေကို ပွတ်သပ်မှုအား ရှောင်ကြဥ်ခြင်း
REF: MedicalNewsToday
