အရေပြားပေါ် အမည်းစက်များ ထွက်ပေါ်ခြင်းအကြောင်း သိကောင်းစရာများ
- 19 Feb, 2020
- ကျန်းမာသောနေထိုင်မှုပုံစံ
မယ်လနင်ဓာတ် (Melanin) ဆိုတာကတော့ ကျွန်တော်တို့ မျက်လုံးတွေ၊ ဆံကေသာတွေ၊ အသားအရေတွေ အညိုရောင် ဖြစ်စေဖို့ အတွက် အထောက်အကူပေးလျက်ရှိတဲ့ ဓာတ်တစ်မျိုးပဲ ဖြစ်ပါတယ်။ တကယ်လို့ ခန္ဓာကိုယ်တွင်း မယ်လနင်ဓာတ် ပုံမှန်ထက် ပိုမို များပြားလာတဲ့ အခါမှာတော့ အရေပြားပေါ် အမည်းစက်များ ထွက်ပေါ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
မယ်လနင်ဓာတ် (Melanin) ဆိုတာကတော့ ကျွန်တော်တို့ မျက်လုံးတွေ၊
ဆံကေသာတွေ၊ အသားအရေတွေ အညိုရောင် ဖြစ်စေဖို့ အတွက် အထောက်အကူပေးလျက်ရှိတဲ့ ဓာတ်တစ်မျိုးပဲ
ဖြစ်ပါတယ်။ တကယ်လို့ ခန္ဓာကိုယ်တွင်း မယ်လနင်ဓာတ် ပုံမှန်ထက် ပိုမို များပြားလာတဲ့
အခါမှာတော့ အရေပြားပေါ် အမည်းစက်များ ထွက်ပေါ်ခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
အရေပြားပေါ် အမည်းစက်များ ထွက်ခြင်းကြောင့် အခြားသော ဘေးထွက်ဆိုးကျိုးတွေကို
ခံစားရမှာ မဟုတ်ပေမယ့်လည်း အသားအရေ လှပမှုကို ပျက်ယွင်းစေတာကြောင့် လူအများစု အနေနဲ့
အရေပြားပေါ်မှ အမည်းစက်များကို ဖယ်ရှားပစ်ဖို့ ကြိုးစားလေ့ ရှိကြပါတယ်။ ဒါကြောင့် အရေပြားပေါ်
အမည်းစက်များ ထွက်ပေါ်ခြင်းနဲ့ ပတ်သတ်ပြီး သိထားသင့်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာ
ဖြစ်ပါတယ်။
အရေပြားပေါ် အမည်းစက်များ ထွက်ခြင်းကို ခံစားရတဲ့ အခါမှာ အသားအရေ
အရောင် အပေါ် မူတည်ပြီး အညိုရောင် ဒါမှမဟုတ် အမည်းရောင် အစက်အပြောက်များ အရေပြားပေါ်မှာ
ထွက်ပေါ်လာခြင်းကို ခံစားရမှာ ဖြစ်ပါတယ်။
အရေပြားပေါ် အမည်းစက်များ ထွက်ခြင်းကို များသောအားဖြင့် နေရောင်ခြည်နဲ့
တိုက်ရိုက်ထိတွေ့ရလေ့ ရှိတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေဖြစ်တဲ့ လက်ဖမိုး၊ မျက်နှာ၊
ကျော၊ ပုခုံးစတဲ့ နေရာတွေမှာ ခံစားရလေ့ ရှိကြပါတယ်။ အရေပြားပေါ် အမည်းစက်များ ထွက်ပေါ်ခြင်းကို
ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်။
- နေလောင်ခြင်း
နေရောင်ခြည်နဲ့ အလွန်အကျွံ ထိတွေ့မိခြင်း ဆိုတာကတော့ အရေပြားပေါ်
အမည်းစက်များ ထွက်ပေါ်ခြင်းကို ဖြစ်ပွားစေတဲ့ အဓိက အကြောင်းအရင်း တစ်ခုပဲ ဖြစ်ပါတယ်။
နေလောင်ခြင်းကြောင့် အရေပြားပေါ် အမည်းစက်များ ထွက်ပေါ်ခြင်းကို များသောအားဖြင့် မျက်နှာ၊
လက်ဖမိုး၊ လက်မောင်းစတဲ့ နေရာတွေမှာ ပိုမို ခံစားရလေ့ ရှိကြပါတယ်။
- ဟော်မုန်း ပြောင်းလဲခြင်း
ခန္ဓာကိုယ်တွင်း ဟော်မုန်း ပြောင်းလဲမှုတွေ ရှိလာတဲ့ အခါမှာလည်း
အရေပြားပေါ်မှာ အမည်းရောင် အကွက်များ ထွက်ပေါ်လာခြင်းကို ခံစားရနိုင်ပါတယ်။ ဟော်မုန်းပြောင်းလဲခြင်းကြောင့်
အရေပြားပေါ် အမည်းရောင် အကွက်များ ထွက်ပေါ်ခြင်းကို ကိုယ်ဝန်ဆောင် မိခင်တွေ အနေနဲ့
ပိုမို ခံစားရလေ့ ရှိကြပါတယ်။
- အချို့သော ဆေးဝါးများ သောက်သုံးခြင်း
အချို့သော ဆေးဝါးများကို သောက်သုံးတဲ့ အခါမှာလည်း အရေပြားပေါ်
အမည်းစက်များ ထွက်ပေါ်ခြင်း၊ အသားအရောင် ရင့်လာခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။
- အနာကျက်ခြင်း
အရေပြား တစ်ဝိုက် အကြောင်းအမျိုးမျိုးကြောင့် ထိခိုက်ဒဏ်ရာ ရရှိပြီး
ပြန်လည် သက်သာလာခဲ့ပေမယ့်လည်း အဆိုပါ နေရာ တစ်ဝိုက်ဟာ မူလ အသားအရေ ပုံစံအတိုင်း ဆက်လက်
တည်ရှိနေမှာ မဟုတ်ဘဲ အမည်းကွက် အဖြစ် ပြောင်းလဲသွားခြင်းကို ခံစားရနိုင်ပါတယ်။
ဒါ့အပြင် ဆီးချိုရောဂါ ဖြစ်ပွားခြင်း၊ အချို့သော အလှကုန် ပစ္စည်းများနဲ့
ဓာတ်မတည့်ခြင်းစတဲ့ အကြောင်းအရင်းများကြောင့်လည်း အရေပြားပေါ်မှာ အမည်းစက်များ ဖြစ်ပွားခြင်းကို
ခံစားရနိုင်ပါတယ်။
REF: MedicalNewsToday