ခြေချင်းဝတ်ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများ

  • 19 Feb, 2020
  • အဖြစ်များသောရောဂါများ

ခြေချင်းဝတ် ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများစွာ ရှိပေမယ့်လည်း များသောအားဖြင့် ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ ဖောယောင်ခြင်း (Edema) စတဲ့ အကြောင်းအရင်းများကြောင့် ခံစားရလေ့ ရှိကြပါတယ်။ ခြေချင်းဝတ် ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ ခြေချင်းဝတ် တစ်ဝိုက် နာကျင်ခြင်း၊ ခြေချင်းဝတ် အရွယ်အစား ကြီးလာခြင်း၊ ခြေချင်းဝတ် အညိုအမည်းစွဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ခြေချင်းဝတ် ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

ခြေချင်းဝတ် ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းများစွာ ရှိပေမယ့်လည်း များသောအားဖြင့် ထိခိုက်ဒဏ်ရာ ရရှိခြင်း၊ ဖောယောင်ခြင်း (Edema) စတဲ့ အကြောင်းအရင်းများကြောင့် ခံစားရလေ့ ရှိကြပါတယ်။ ခြေချင်းဝတ် ရောင်ရမ်းခြင်းကို ခံစားရတဲ့ အခါမှာ ခြေချင်းဝတ် တစ်ဝိုက် နာကျင်ခြင်း၊ ခြေချင်းဝတ် အရွယ်အစား ကြီးလာခြင်း၊ ခြေချင်းဝတ် အညိုအမည်းစွဲခြင်းစတဲ့ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ခြေချင်းဝတ် ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ အကြောင်းအရင်းတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • ခြေဖဝါး ဒါမှမဟုတ် ခြေချင်းဝတ်မှာ ထိခိုက်ဒဏ်ရာရရှိခြင်း

တကယ်လို့ ခြေဖဝါးမှာ ဒါမှမဟုတ် ခြေချင်းဝတ်မှာ ထိခိုက်ဒဏ်ရာ ရရှိတဲ့ အခါမျိုးတွေမှာ ခြေချင်းဝတ် ရောင်ရမ်းခြင်းကို ခံစားရနိုင်ပါတယ်။ ခြေချင်းဝတ် ရောင်ရမ်းခြင်းကို အဓိကအားဖြင့် ခြေချင်းဝတ်လည်ခြင်းကြောင့် (Ankle Sprain) ခံစားရနိုင်ပါတယ်။ ခြေချင်းဝတ်လည်ခြင်းကြောင့် ခြေချင်းဝတ် ရောင်ရမ်းခြင်းကို ခံစားနေရပြီး သက်သာ‌ ပျောက်ကင်းချင်တယ် ဆိုရင်တော့ အနားယူခြင်း၊ ခြေချင်းဝတ်အပတ် (Ankle Brace) ဝတ်ဆင်ခြင်း၊ ရောင်ရမ်းနေတဲ့ နေရာကို ရေခဲအိတ် ကပ်ပေးခြင်းစတဲ့ နည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

  • အရေပြားပိုးဝင်ခြင်း (Cellulitis)

အရေပြားကို ဘက်တီးရီးယားပိုး ဝင်ရောက်တဲ့ အခါမှာလည်း ခြေချင်းဝတ် ရောင်ရမ်းခြင်းကို ခံစားရနိုင်ပါတယ်။ ဒါ့အပြင် အရေပြား ပိုးဝင်ခြင်းကြောင့် အရေပြား နီရဲခြင်း၊ အရေပြား နာကျင်ခြင်း၊ အရေပြား ပူလောင်ခြင်းစတဲ့ ဝေဒနာတွေကိုလည်း ခံစားရနိုင်ပါတယ်။ အရေပြား ပိုးဝင်ခြင်းကို သက်သာ ပျောက်ကင်းအောင် ကုသခဲ့ခြင်း မရှိဘူးဆိုရင် အသက်အန္တရာယ်ကို ထိခိုက်စေနိုင်တာကြောင့် သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ရောဂါ ဝေဒနာတွေကို ခံစားနေရမယ်ဆိုရင် အမြန်ဆုံး သက်ဆိုင်ရာ ဆရာဝန်နဲ့ ဆေးဝါးကုသမှုတွေ ခံယူသင့်ပါတယ်။

  • အချို့သော ဆေးဝါးများ သောက်သုံးခြင်း

အချို့သော ဆေးဝါးတွေဖြစ်တဲ့ စိတ်ကျဝေဒနာ‌ သက်သာပျောက်ကင်းဆေးတွေ၊ သန္ဓေတားဆေးတွေ၊ ကျားဟော်မုန်း အားဆေးတွေ၊ စတီးရွိုက်ဆေးတွေ သောက်သုံးရတဲ့ အခါမှာလည်း ခြေချင်းဝတ် ရောင်ရမ်းခြင်းကို ခံစားရနိုင်ပါတယ်။ သင့်အနေနဲ့ အထက်မှာ ဖော်ပြထားတဲ့ ဆေးဝါးတွေ သောက်သုံးခြင်းကြောင့် ခြေချင်းဝတ် ရောင်ရမ်းခြင်းကို ခံစားနေရမယ် ဆိုရင်တော့ ဆရာဝန်ကို အကျိုးအကြောင်း ပြောပြပြီး ဆေးဝါးများ ပြောင်းလဲ ပေးအပ်ဖို့ တောင်းဆိုသင့်ပါတယ်။

  • နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ (Chronic Venous Insufficiency)

နာတာရှည် ခြေထောက်သွေးပြန်ကြောရောဂါ ဆိုတာကတော့ ခြေထောက်သွေးကြော အဆို့ရှင်တွေ ကောင်းမွန်စွာ အလုပ်မလုပ်ခြင်းကြောင့် ခြေချင်းဝတ် တစ်ဝိုက် သွေးများ စုပုံပြီး ခြေချင်းဝတ် ရောင်ရမ်းခြင်းကို ဖြစ်ပွားစေတဲ့ ရောဂါ တစ်မျိုးပဲ ဖြစ်ပါတယ်။ နာတာရှည် ခြေထောက် သွေးပြန်ကြော ရောဂါကို ခံစားရတဲ့ အခါမှာ သွေးလည်ပတ် ကောင်းမွန်စေဖို့ အတွက် ခြေထောက်ကို မြှောက်ပေးထားခြင်း၊ ရောင်ရမ်းမှုကို သက်သာစေဖို့ အတွက် (Compression Stockings) များ ဝတ်ဆင်ပေးခြင်း၊ ဆရာဝန် ညွှန်ကြားချက် အတိုင်း အကိုက်အခဲပျောက်ဆေးများ သောက်သုံးခြင်းစတဲ့ နည်းလမ်းတွေကို လိုက်နာ ဆောင်ရွက်သင့်ပါတယ်။

  • ကိုယ်ဝန်ရှိခြင်း

ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ ခြေမျက်စိ၊ ခြေချောင်း၊ လက်ချောင်းနဲ့ မျက်နှာတွေမှာ ရောင်ရမ်းခြင်းကို ခံစားရလေ့ ရှိကြပါတယ်။ ကိုယ်ဝန်ဆောင်နေစဥ် ကာလမှာ ခန္ဓာကိုယ် အစိတ်အပိုင်းများ ရောင်ရမ်းခြင်းကို ကာကွယ်ချင်တယ် ဆိုရင်တော့ အောက်ပါနည်းလမ်းတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။

  • ပိုတက်ဆီယမ်ဓာတ် ကြွယ်ဝစွာ ပါဝင်သော အစားအစာများ စားသုံးပေးခြင်း
  • အငံစားသုံးမှု လျော့ချခြင်း
  • ကဖိန်းဓာတ် ပါဝင်သော အစားအစာများ စားသုံးမှုကို ရှောင်ကြဥ်ခြင်း
  • အချိန်ကြာမြင့်စွာ မတ်တပ်ရပ်ခြင်းကို ရှောင်ကြဥ်ခြင်း
  • ရေခဲအိတ် ကပ်ပေးခြင်း

REF: MedicalNewsToday

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.