ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်စေဖို့ လုပ်ဆောင်သင့်တဲ့ အချက်များ
- 17 Feb, 2020
- ကျန်းမာသောနေထိုင်မှုပုံစံ
ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းဟာ နေ့စဥ် ပုံမှန် လေ့ကျင့်ခန်းတွေ လုပ်ဆောင်ခြင်း၊ ကျန်းမာအောင် နေထိုင်စားသောက်ခြင်းတို့ကဲ့သို့ ဂရုတစိုက် လုပ်ဆောင်သင့်တဲ့ ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက် အနားယူခွင့် ရရှိခဲ့ခြင်း မရှိဘူးဆိုရင် ဟော်မုန်းဆိုင်ရာ ပြဿနာတွေ၊ ဦးနှောက်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်ရသလို ကိုယ်အလေးချိန် မြင့်တက်ခြင်းကိုလည်း ခံစားရနိုင်ပါတယ်။
ကောင်းမွန်စွာ အိပ်စက်အနားယူခြင်းဟာ နေ့စဥ် ပုံမှန် လေ့ကျင့်ခန်းတွေ
လုပ်ဆောင်ခြင်း၊ ကျန်းမာအောင် နေထိုင်စားသောက်ခြင်းတို့ကဲ့သို့ ဂရုတစိုက် လုပ်ဆောင်သင့်တဲ့
ကိစ္စတစ်ခုပဲ ဖြစ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရ ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက် အနားယူခွင့်
ရရှိခဲ့ခြင်း မရှိဘူးဆိုရင် ဟော်မုန်းဆိုင်ရာ ပြဿနာတွေ၊ ဦးနှောက်ပိုင်းဆိုင်ရာ ပြဿနာတွေနဲ့
ရင်ဆိုင်ရသလို ကိုယ်အလေးချိန် မြင့်တက်ခြင်းကိုလည်း ခံစားရနိုင်ပါတယ်။
ဒါကြောင့် ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်စေဖို့ အလွယ်တကူ
လုပ်ဆောင်နိုင်တဲ့ အချက်တွေကို အခုလို ဖော်ပြပေးလိုက်ရတာပဲ ဖြစ်ပါတယ်။
- သဘာဝ နေရောင်ခြည်နဲ့ ထိတွေ့ပေးခြင်း
သဘာဝ နေရောင်ခြည် (အထူးသဖြင့် မနက်ခင်း နေရောင်ခြည်) နဲ့ ထိတွေ့ပေးခြင်းဖြင့်
ညအခါတွေမှာ ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်မှာ ဖြစ်သလို အိပ်ယာကနေ နိုးထလာတဲ့ အခါမှာလည်း
တစ်နေ့တာ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို စွမ်းအင် ပြည့်ဝစွာ လုပ်ဆောင်နိုင်မှာ
ဖြစ်ပါတယ်။
- ညနေခင်း နေရောင်ခြည်နဲ့ ထိတွေ့မှုကို ရှောင်ကြဥ်ခြင်း
သဘာဝ နေရောင်ခြည်နဲ့ ထိတွေ့ပေးခြင်းက ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေကို
ရရှိစေမှာ ဖြစ်ပေမယ့်လည်း ညနေခင်း နေရောင်ခြည် (ခရမ်းလွန်ရောင်ခြည်) နဲ့ အချိန်ကြာမြင့်စွာ
ထိတွေ့မိတဲ့ အခါမှာတော့ ခန္ဓာကိုယ်အတွက် ဆိုးကျိုးပေါင်း များစွာကို ခံစားရရှိစေမှာ
ဖြစ်ပါတယ်။
ညနေခင်း နေရောင်ခြည် (ခရမ်းလွန်ရောင်ခြည်) နဲ့ အချိန်ကြာမြင့်စွာ
ထိတွေ့မိတဲ့ အခါမှာ အနားယူချင်စိတ်၊ အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေတဲ့ (Melatonin) ဟော်မုန်း ပမာဏ နည်းပါးသွားမှာ ဖြစ်တာကြောင့် ညအခါတွေမှာ ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်မှာ
မဟုတ်တော့ပါဘူး။
- အိပ်ခါနီးအချိန်မှာ ကဖိန်းဓာတ် ပါဝင်သော အစားအစာများ စားသုံးမှုကို
ရှောင်ကြဥ်ခြင်း
ကဖိန်းဓာတ်ရဲ့ အဓိက စွမ်းဆောင်ရည်ကတော့ ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်ရည်ကို
မြှင့်တင်ပေးခြင်းနဲ့ လန်းဆန်းတက်ကြွနေစေခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ညဘက်တွေမှာ ကဖိန်းဓာတ်
ပါဝင်တဲ့ အစားအစာတွေကို စားသုံးခဲ့မယ်ဆိုရင် လန်းဆန်း တက်ကြွနေမှာဖြစ်ပြီး အိပ်စက်
အနားယူရာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
- နေ့လည်ပိုင်း အချိန်ကြာမြင့်စွာ အိပ်စက်ခြင်းကို ရှောင်ကြဥ်ခြင်း
နေ့လည်ဘက် ခဏတာ အိပ်စက်အနားယူခြင်းက ခန္ဓာကိုယ် အတွက် အကျိုးရှိစေမှာ
ဖြစ်ပေမယ့် အချိန်ကြာမြင့်စွာ အိပ်စက်ခဲ့မယ် ဆိုရင်တော့ ညဘက်တွေမှာ အိပ်မပျော်ခြင်းကို
ဖြစ်ပွားစေမှာ ဖြစ်ပါတယ်။
- (Melatonin) ဖြည့်စွက်အားဆေးများ သောက်သုံးခြင်း
(Melatonin) ဟော်မုန်း ဆိုတာကတော့ ဦးနှောက်ကို အိပ်စက် အနားယူစေဖို့
အတွက် လှုံ့ဆော်မှုတွေ ပြုလုပ်ပေးတဲ့ ဟော်မုန်းတစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါကြောင့်လည်း
(Melatonin) ဖြည့်စွက်အားဆေးတွေကို ညအိပ်မပျော်ခြင်းကို ခံစားနေရတဲ့
ရောဂါဝေဒနာသည်တွေကို ဆရာဝန်တွေ အနေနဲ့ သောက်သုံးဖို့ အတွက် အကြံပေးလေ့ ရှိကြပါတယ်။
- အရက်ဖြတ်ခြင်း
အရက်သောက်ခြင်းကြောင့် ညဘက်တွေမှာ အိပ်ပျော်စေမှာ မဟုတ်သလို
ဟော်မုန်းဆိုင်ရာ ပြဿနာတွေကိုလည်း ခံစားရနိုင်ပါတယ်။ ဒါ့အပြင် အရက်သောက်ခြင်းကြောင့်
အိပ်ပျော်နေစဥ် အသက်ရှူကြပ်ခြင်း၊ ဟောက်ခြင်း၊ အိပ်ချိန်မမှန်ခြင်းစတဲ့ ဝေဒနာတွေကိုလည်း
ခံစားရနိုင်ပါတယ်။
- ရေနွေးဖြင့်ရေချိုးခြင်း
လေ့လာတွေ့ရှိချက်တွေအရ မအိပ်ခင် (၂) နာရီခန့် အလိုမှာ ရေနွေးဖြင့်
ရေချိုးခဲ့မယ်ဆိုရင် ညဘက်တွေမှာ ကောင်းမွန်စွာ အိပ်စက်အနားယူနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
တကယ်လို့ ရေနွေးဖြင့် ရေချိုးဖို့ အချိန်ရရှိခဲ့ခြင်း မရှိဘူးဆိုရင်လည်း ခြေလက်များကို
ရေနွေးဖြင့် ဆေးကြောပေးခြင်းဖြင့် အိပ်ပျော်စေဖို့ အတွက် အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။
REF: HealthLine
