ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအားတွေ ပေးစွမ်းနိုင်တဲ့ အစားအစာများ

  • 17 Feb, 2020
  • သဘာဝအစားအစာနှင့်ကျန်းမာရေး

လူသားတွေ အနေနဲ့ တစ်နေ့တာ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်နေရင်း တစ်ခါတရံမှာ ဘာမှလုပ်ချင် ကိုင်ချင်စိတ် မရှိလောက်အောင် လုံးဝ အားအင်တွေ ကုန်ခမ်းသွားတဲ့ ခံစားချက်များကို ခံစားရလေ့ ရှိကြပါတယ်။ ခန္ဓာကိုယ်အတွင်း လုံလောက်တဲ့ စွမ်းအင်ပမာဏ တည်ရှိနေခြင်း မရှိတဲ့ အခါမှာ တစ်နေ့တာ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။

လူသားတွေ အနေနဲ့ တစ်နေ့တာ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာတွေကို လုပ်ကိုင်နေရင်း တစ်ခါတရံမှာ ဘာမှလုပ်ချင် ကိုင်ချင်စိတ် မရှိလောက်အောင် လုံးဝ အားအင်တွေ ကုန်ခမ်းသွားတဲ့ ခံစားချက်များကို ခံစားရလေ့ ရှိကြပါတယ်။ ခန္ဓာကိုယ်အတွင်း လုံလောက်တဲ့ စွမ်းအင်ပမာဏ တည်ရှိနေခြင်း မရှိတဲ့ အခါမှာ တစ်နေ့တာ လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။

ခန္ဓာကိုယ်အတွင်း လုံလောက်တဲ့ စွမ်းအင်ပမာဏ တည်ရှိနေစေဖို့ အတွက် နေ့စဥ်စားသုံးတဲ့ အစားအစာတွေရဲ့ အခန်းကဏ္ဍက တကယ်ကို အရေးပါပါတယ်။ ဘယ်လို အစားအစာမျိုးပဲဖြစ်ဖြစ် ခန္ဓာကိုယ်အတွက် စွမ်းအင်တွေကို ပေးစွမ်းနိုင်ပေမယ့် အချို့သော အစားအစာတွေကတော့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ စွမ်းအင်ပမာဏကို ပေးစွမ်းနိုင်သလို တစ်နေ့တာလုံး လုပ်စရာရှိတဲ့ လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စွာ အာရုံစူးစိုက် လုပ်ဆောင်နိုင်စေဖို့ အတွက် အထောက်အကူ ပေးစွမ်းနိုင်ပါတယ်။

ဒါကြောင့် ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ စွမ်းအားတွေ ပေးစွမ်းနိုင်တဲ့ အစားအစာတွေကို အခုလို ဖော်ပြပေးလိုက်ရတာ ဖြစ်ပါတယ်။

  • ငှက်ပျောသီး

ငှက်ပျောသီးဆိုတာကတော့ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ စွမ်းအားတွေ အပေးစွမ်းနိုင်ဆုံး အစားအစာတွေ အထဲမှာ တစ်ခု အပါအဝင် ဖြစ်ပါတယ်။ ငှက်ပျောသီးမှာ ကာဘိုဟိုက်ဒရိတ် (Carbohydrates) ၊ ပိုတက်ဆီယမ်၊ ဗီတာမင် (B6) စတဲ့ ခန္ဓာကိုယ်ရဲ့ စွမ်းအင် ပမာဏကို မြှင့်တင်ပေးနိုင်တဲ့ အစွမ်းသတ္တိတွေ ပါဝင်ပါတယ်။

  • အဆီများသောငါးများ

အဆီများတဲ့ ငါးတွေဖြစ်တဲ့ ဆဲလ်မွန်တွေ၊ တူနာငါးတွေမှာ ပရိုတန်းဓာတ် ကြွယ်ဝစွာ ပါဝင်သလို ဖက်တီးအက်စစ်၊ ဗီတာမင် (B) စတဲ့ ခန္ဓာကိုယ် အတွက် အကျိုးပြုစေတဲ့ ဓာတ်ပေါင်းများစွာ ပါဝင်တာကြောင့် တစ်ပတ်ကို နှစ်ကြိမ်ခန့် စားသုံးပေးသင့်ပါတယ်။ ဒါ့အပြင် အဆီများတဲ့ ငါးတွေမှာ ပါဝင်တဲ့ အိုမီဂါ (၃) ဖက်တီးအက်စစ်ဟာဆိုရင် ခန္ဓာကိုယ် အစိတ်အပိုင်းများ ရောင်ရမ်းခြင်းကို လျှော့ချပေးနိုင်သလို၊ မောပန်းနွမ်းနယ်ခြင်း ကာကွယ်ပေးနိုင်ပါတယ်။

  • ဆန်လုံးညို

ဆန်လုံးညိုဟာ ဆိုရင်လည်း အာဟာရဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာ တစ်မျိုးပဲ ဖြစ်ပါတယ်။ ပြုပြင် သန့်စင်ထားတဲ့ ဆန်ဖြူတွေမှာ အမျှင်ဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်တွေ အနည်းငယ်သာ ပါဝင်ပေမယ့် ဆန်လုံးညိုမှာတော့ ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ အာဟာရဓာတ်၊ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။

ဒါ့အပြင် ဆန်လုံးညိုမှာ အမျှင်ဓာတ် ကြွယ်ဝစွာ ပါဝင်ခြင်းကြောင့် သွေးတွင်းသကြားဓာတ် မြင့်တက်မှုကို ထိန်းညှိနိုင်မှာ ဖြစ်သလို ခန္ဓာကိုယ်အတွင်း စွမ်းအင် ကုန်ခမ်းသွားခြင်း မရှိအောင် ထိန်းညှိပေးနိုင်မှာ ဖြစ်ပါတယ်။

  • ကန်စွန်းဥ

ကန်စွန်းဥကို စားသုံးရတာ တကယ်ကို အရသာရှိတဲ့အပြင် ခန္ဓာကိုယ်တွင်း စွမ်းအင်ပမာဏကို မြှင့်တင်ပေးနိုင်တဲ့ အာဟာရဓာတ်၊ သတ္တုဓာတ်ပေါင်း များစွာလည်း ပါဝင်ပါတယ်။ အလယ်အလတ် အရွယ်အစား ကန်စွန်းဥ တစ်လုံးမှာ ကာဘိုဟိုက်ဒရိုတ် (၂၃) ဂရမ်၊ အမျှင်ဓာတ် (၃.၈) ဂရမ် ပါဝင်ပါတယ်။ ဒါ့အပြင် ကန်စွန်းဥမှာ (Manganese) သတ္တုဓာတ် ပါဝင်နှုန်း မြင့်မားတာကြောင့် ခန္ဓာကိုယ်တွင်း စွမ်းအင် ထုတ်လွှတ်ရာမှာလည်း များစွာသော အထောက်အကူကို ရရှိစေမှာ ဖြစ်ပါတယ်။

  • ကြက်ဥ၊ ဘဲဥ

မနက် အိပ်ယာက‌နေ နိုးထလာတဲ့ အချိန်မှာ ကြက်ဥ ဒါမှမဟုတ် ဘဲဥ တစ်လုံး၊ နှစ်လုံးခန့် စားသုံးခြင်းဖြင့် တစ်နေ့တာ ရုန်းကန်လှုပ်ရှားဖို့ အတွက် လိုအပ်တဲ့ စွမ်းအင်ပမာဏကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ ကြက်ဥ၊ ဘဲဥတွေမှာ ပရိုတိန်းဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့အပြင် (Leucine) အမီနိုအက်စစ်လည်း ပါဝင်တာကြောင့် ခန္ဓာကိုယ်တွင်း စွမ်းအင် ထုတ်လွှတ်ရာမှာ များစွာသော အထောက်အကူကို ရရှိစေမှာ ဖြစ်ပါတယ်။

REF: HealthLine

Share the post

Download the app

Careme Patient App is designed for super userfriendly and easy access for making booking and appointments. You can find it in Google and App store for download.